Top Esports LoL အသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် LoL ကစားသမား JackeyLove

Invictus Gaming LoL အသင်းနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော် Bot Lane ကစားသမား Yu “JackeyLove” Wen Bo အနေနဲ့ 2019 LoL World Championship ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

JackeyLove လို နာမည်ကျော် ကစားသမား တစ်ဦး ဈေးကွက် အတွင်းမှာ တည်ရှိနေတာကြောင့် 2020 LoL ရာသီ မစတင်ခင် အချိန်မှာ ဘယ်အသင်းကများ လက်ဦးမှု ရယူသွဦးမလည်း ဆိုတာကို ပရိသတ် အများစု အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း 2020 LoL ရာသီ စတင်ပြီး ပွဲစဉ် တစ်ဝက်ခန့် ရောက်ရှိတဲ့ အချိန်ထိ JackeyLove အနေနဲ့ ဘယ်အသင်းနဲ့မှ ပူးပေါင်းခြင်း မရှိခဲ့တာကြောင့် Invictus Gaming နဲ့သာ စာချုပ်သက်တမ်း ပြန်လည် တိုးသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထပ်မံ ထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါမှာတော့ JacekyLove နဲ့ ပတ်သတ်ပြီး ထွက်ပေါ်လျက်ရှိတဲ့ ကောလာဟလတွေ အားလုံး ချုပ်ငြိမ်းသွားစေမယ့် သတင်း တစ်ပုဒ် ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ JackeyLove တစ်ယောက် LPL ပြိုင်ပွဲဝင် Top Esports LoL အသင်းကို ပြောင်းရွေ့သွားခြင်းပဲ ဖြစ်ပါတယ်။
After rounds of kind negotiations, we now welcome Yu ‘JackeyLove’ Wenbo to join the TES family as our ADCarry using the ID: TESJackeyLove. pic.twitter.com/pE7TZyZb1M
— TOPESPORTS (@TOP_Esports_) April 3, 2020
“အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာတော့ Yu “JackeyLove” Wenbo ကို Top Esports LoL အသင်း ကိုယ်စားပြု ယှဉ်ပြိုင်စေရန် အတွက် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ JackeyLove အနေနဲ့ TES LoL အသင်းမှာ ADCarry အဖြစ် ကစားသွားမှာဖြစ်ပြီး InGame Name အနေနဲ့ TESJackeyLove ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။”

JackeyLove ရဲ့ အသင်းသစ်ဖြစ်တဲ့ Top Esports အနေနဲ့ လက်ရှိအချိန်မှာ LPL Spring 2020 ပြိုင်ပွဲ ဇယားရဲ့ ပဉ္စမမြောက် နေရာမှာ ရပ်တည်လျက်ရှိပြီး ၇ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဧပြီလ (၆) ရက်နေ့မှာ အဆင့် (၁၂) နေရာမှာ တည်ရှိလျက်ရှိတဲ့ Rogue Warriors နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် JackeyLove ကို TES LoL အသင်း ကိုယ်စားပြု ကစားသမား အဖြစ် အဆိုပါ ပွဲစဉ်မှာ စတင် မြင်တွေ့သွားရဖွယ် ရှိပါတယ်။
REF: OneEsports, VpEsports