လူတွေမသိသေးတဲ့ ပိန္နဲသီးအကျိုးကျေးဇူး

လူတွေမသိသေးတဲ့ ပိန္နဲသီးအကျိုးကျေးဇူး

ပိန္နဲသီးကိုတော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ပိန္နဲသီးက စားလို့လည်းကောင်းသလို သူမှာပါတဲ့အစေးတွေကိုလည်း ဖယ်ရှားရတာတော်တော်လေးခက်ပါတယ်နော်။ သူ့မှာပါတဲ့ ကောင်းကျိုးတွေကလည်းတော်တော်လေးများပါတယ်။ကိုယ့်ကြိုက်တဲ့ ပိန္နဲသီးမှာပါဝင်တဲ့အကျိုးကျေးဇူးတွေကိုလည်း သိအောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
ဆံပင်အားကောင်းစေတယ်
ပိန္နဲသီးမှာပါဝင်တဲ့ ဗီတာမင်အေက ဆံပင်အားကောင်းအောင်ပြုလုပ်ပေးနိုင်ပြီးတော့  ဦးရေပြားအတွက် သွေးလည်းပတ်မှုပါအားကောင်းစေပါတယ်။သွေးလည်ပတ်မှုကောင်းတဲ့အတွက် ဆံသားကိုပိုမိုအားကောင်းစေပြီတော့ ဆံပင်ကျွတ်တာကိုလျော့နည်းစေပါတယ်။ဆံပင်ပါးတဲ့သူတွေ၊ဆံပင်ပေါက်တာအားနည်းတဲ့သူတွေဆိုရင်တော့ ပိန္နဲသီးကတော့ စားပေးအသင့်ဆုံးပါ။


အနာရောဂါတွေ တိုက်ထုတ်နိုင်စွမ်းရှိတယ်
ပိန္နဲသီးက ဖျားနာတာတွေ၊ ချောင်းဆိုးတာတွေ၊ စသည်ဖြင့် လူတိုင်းမကြာခဏဖြစ်လေ့ရှိတဲ့ရောဂါမျိုးဖြစ်တွေကိုတိုက်ထုပ်ပေးနိုင်ပါတယ်။ဗီတာမင် စီကကိုယ်ခံအားစကိုမြှင့်တင်ပေးနိုင်တဲ့အတွက် တကယ်လို့ဒီလိုမျိုးရေဂါတွေကိုကင်းဝေစေနိုင်ပါတယ်။


အသားအရည်ကောင်းမွန်းစေတယ်
အသားအရေကိုကောင်းမွန်စေချင်တယ်ဆိုရင် ပျားရည်ဒါမှမဟုတ် နွားနို့ တွေနဲ့တွဲစားပေးသင့်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ဓာတ်နဲ့ ပိန္နဲသီးမှာရှိတဲ့အာနိသင်တွေက အသားအရေအတွက်တကယ်ကိုကောင်းစေတဲ့အတွက်တွဲပြီးစားပေးသင့်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit - Naurally