Victory Five Esports အဖွဲ့အစည်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တဲ့ နာမည်ကျော် K-Pop စတား Jackson Wang

Victory Five Esports အဖွဲ့အစည်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တဲ့ နာမည်ကျော် K-Pop စတား Jackson Wang

နာမည်ကျော် K-Pop Band GOT7 ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Jackson Wang ကတော့ တရုတ်အခြေစိုက် Esports အဖွဲ့အစည်း Victory Five ရဲ့ အစုရှယ်ယာဝင် တစ်ဦး ဖြစ်လာခဲ့ပါပြီ။ Jackson Wang တစ်ယောက် Victory Five Esports အဖွဲ့အစည်းရဲ့ အစုရှယ်ယာဝင် တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်းကို စက်တင်ဘာလ (၇) ရက်နေ့၊ Victory Five အဖွဲ့အစည်းရဲ့ Shenzhen မြို့တော်ရှိ အိမ်ကွင်း အသစ် ဖွင့်လှစ်ပွဲမှာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

Victory Five Esports အဖွဲ့အစည်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း Shenzhen Weiwu Esports Technology အဖွဲ့အစည်းနဲ့ အကျိုးတူ ပူးပေါင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၁၄ သန်းခန့် ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် Victory Five Esports အဖွဲ့အစည်း အနေနဲ့ Shenzhen Media Group နဲ့ အကျိုးတူ ပူးပေါင်းခဲ့ကာ Guangdong-Hong Kong-Macao Greater Bay Area မှာ အိမ်ကွင်းသစ် ဆောက်လုပ်ဖို့ အတွက်ကိုလည်း သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

Jackson Wang

Victory Five Esports အဖွဲ့အစည်း အနေနဲ့ လက်ရှိအချိန်မှာ League of Legends, PUBG, Peacekeeper Elite စတဲ့ Esports ကဏ္ဍတွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိကြသလို အတော်အသင့် အောင်မြင်တဲ့ အနေအထား တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: EsportsObserver

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle