လျော်ကြေးအများဆုံးကွာရှင်းမှုအဖြစ် သမိုင်းဝင်ခဲ့တဲ့ Jeff Bezos နဲ့ MacKenzie

လျော်ကြေးအများဆုံးကွာရှင်းမှုအဖြစ် သမိုင်းဝင်ခဲ့တဲ့ Jeff Bezos နဲ့ MacKenzie

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ဟာ ဇနီး MacKenzie နဲ့ ကွာရှင်းတော့မယ်လို့ သူရဲ့ လူမှုကွန်ရက်မှာ ၂ဝ၁၉ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့တုန်းက ကြေညာခဲ့တာ အားလုံးသိကြမယ်ထင်ပါတယ်။ တကယ်တော့ Jeff Bezos ဟာ ရုပ်သံတင်ဆက်သူ Lauren Sanchez နဲ့ ချစ်သူတွေဖြစ်နေတာ အနည်းဆုံး (၈) လနီးပါးရှိပြီလို့ နာမည်ကျော်တွေရဲ့ အတင်းအဖျင်းတွေကို ဖော်ပြတဲ့ National Enquirer သတင်းဌာနက ဆိုထားပါတယ်။ ဒေါ်လာ (၆၅) သန်းတန် ဂျက်လေယာဉ်နဲ့ ခရီးတွေ ထွက်နေတယ်၊ ညစာတွေ အတူစားကြတယ်။ ပြည်နယ် (၅) ခုမှာ ခြေဆန့်ပြီး မိုးမမြင်လေမမြင်ဖြစ်နေကြတာပါ။ နောက်ဆုံးမှာ ဇနီးသည် MacKenzie နဲ့ ကွာရှင်းတဲ့အထိကို ဖြစ်သွားခဲ့တာပါ။

Jeff Bezos နဲ့ MacKenzie တို့နေထိုင်တဲ့ ဝါရှင်တန်ပြည်နယ်ဟာ လင်မယားတွေ ကွာရှင်းပြတ်စဲတဲ့အခါ သူတို့လက်ထပ်ထားပြီးတဲ့နောက် စုဆောင်းထားတဲ့ ပိုင်ဆိုင်မှု (ဒါမှမဟုတ်) တင်နေတဲ့ အကြွေးတွေကို အညီအမျှခွဲယူရမယ် (ဒါမှမဟုတ်) အညီအမျှဆပ်ပေးရမယ်ဆိုတဲ့ Community Property ဥပဒေကို ပြဌာန်းထားပေမယ့် ၂ဝ၁၉ ခုနှစ် ဧပြီလ (၄) ရက်မှာတော့ ဒေါ်လာ ၃၅.၆ ဘီလီယံတန်ကြေးရှိတဲ့ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ကို MacKenzie ကို ခွဲပေးခဲ့ပါတယ်။ MacKenzie ဟာ Francoise Bettencourt Meyers (ဒေါ်လာ ၅၂.၉ ဘီလီယံ) နဲ့ Alice Walton (ဒေါ်လာ ၄၅ ဘီလီယံ) နဲ့ Jacqueline Badger Mars (ဒေါ်လာ ၃၇ ဘီလီယံ) ပြီးရင် ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။

တကယ်တော့ သူတို့လင်မယားနှစ်ယောက်ဟာ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၆) ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်တာပါ။ ကွာရှင်းတဲ့အခါမှာ Jeff Bezos က သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာထဲက (၇၅) ရာခိုင်နှုန်း [တနည်းအားဖြင့် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း] ကို ပိုင်ဆိုင်သွားပြီး MacKenzie က သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာထဲက (၂၅) ရာခိုင်နှုန်း [တနည်းအားဖြင့် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းကျော်] ကို ရရှိသွားပါတယ်။

Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၂) ရာခိုင်နှုန်းကို Jeff Bezos က ရရှိမှာဖြစ်တဲ့အပြင် The Washington Post သတင်းစာတိုက်နဲ့ Blue Origin ကုမ္ပဏီကို ပိုင်ဆိုင်သွားမှာပါ။ Jeff Bezos ဟာ Amazon ရဲ့ CEO နဲ့ President ဖြစ်တဲ့အတွက် ကွာရှင်းပြီးတဲ့နောက်မှာ MacKenzie ရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ကို စီမံခန့်ခွဲနိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။ Jeff Bezos ပိုင်ဆိုင်တဲ့ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၂) ရာခိုင်နှုန်းဟာ ယူနစ်ပေါင်း (၅၉.၁) သန်းရှိပြီး ဒေါ်လာ ၁ဝ၇.၄ ဘီလီယံအထိ ပေါက်ဈေးရှိပါတယ်။ တခြားပိုင်ဆိုင်မှုတွေပါ ပေါင်းလိုက်ရင် သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၁၁၃ ဘီလီယံအထိရှိသေးပြီး ဒေါ်လာ ၉၅.၅ ဘီလီယံအထိ ကြွယ်ဝတဲ့ Bill Gates ကို ကျော်ဖြတ်လို့ ကမ္ဘာ့အချမ်းသာဆုံးဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Reference and Photo Credit – Forbes ၊ Business Insider

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle