ဇနီးသည်ကို ၃၅.၆ ဘီလီယံတန်တဲ့ Amazon ရှယ်ယာတွေ ခွဲပေးလိုက်ရတဲ့ Jeff Bezos

ဇနီးသည်ကို ၃၅.၆ ဘီလီယံတန်တဲ့ Amazon ရှယ်ယာတွေ ခွဲပေးလိုက်ရတဲ့ Jeff Bezos

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ဟာ ဇနီးသည် MacKenzie ကို ဒေါ်လာ ၃၅.၆ ဘီလီယံတန်ကြေးရှိတဲ့ Amazon ရှယ်ယာတွေကို ခွဲပေးရမှာဖြစ်ပြီး ကွာရှင်းမှုဟာ ၂ဝ၁၉ခုနှစ် ဇူလိုင်လ အစောပိုင်းမှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၆) ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တဲ့ Jeff Bezos ဟာ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ကို ကွာရှင်းတဲ့အခါမှာ MacKenzie ကို ပေးလိုက်ရတဲ့သဘောပါပဲ။ ၂ဝ၁၉ ခုနှစ် ဧပြီလ (၄) ရက် (ကြာသပတေးနေ့) Eastern Time Zone နေ့လယ် ၁နာရီခွဲအရ  MacKenzie ရရှိသွားတဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ဟာ ဒေါ်လာ ၃၅.၆ ဘီလီယံတန်ကြေးရှိတယ်လို့ သိရပါတယ်။

Amazon ကုမ္ပဏီရဲ့ ရှယ်ယာ (၁၂) ရာခိုင်နှုန်းကို Jeff Bezos က ရရှိမှာဖြစ်တဲ့အပြင် The Washington Post သတင်းစာတိုက်နဲ့ Blue Origin ကုမ္ပဏီကို ပိုင်ဆိုင်သွားမှာပါ။ Jeff Bezos ဟာ Amazon ရဲ့ CEO ဖြစ်တဲ့အတွက် ကွာရှင်းပြီးတဲ့နောက်မှာလည်း MacKenzie ရဲ့ ရှယ်ယာ (၄) ရာခိုင်နှုန်းကျော်ကို စီမံခန့်ခွဲနိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဇနီးသည် MacKenzie ကို ဒေါ်လာ ၃၅.၆ ဘီလီယံအထိ ခွဲပေးလိုက်ရပေမယ့် Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၁၁၄ ဘီလီယံအထိရှိသေးပြီး ဒေါ်လာ ၉၉.၅ ဘီလီယံအထိ ကြွယ်ဝတဲ့ Bill Gates ကို ကျော်ဖြတ်လို့ ကမ္ဘာ့အချမ်းသာဆုံးဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒေါ်လာ ၃၅.၆ ဘီလီယံအထိ ပိုင်ဆိုင်သွားတဲ့ MacKenzie ဟာ Francoise Bettencourt Meyers (ဒေါ်လာ ၅၂.၉ ဘီလီယံ) နဲ့ Alice Walton (ဒေါ်လာ ၄၅ ဘီလီယံ) ပြီးရင် ကမ္ဘာ့တတိယအချမ်းသာဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။

Reference and Photo Credit – Forbes ၊ CNBC

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle