Dota2 ကစားသမား ဘဝကနေ အနားယူခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ JerAx

Dota2 ကစားသမား ဘဝကနေ အနားယူခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ JerAx

OG Dota 2 အသင်းနဲ့အတူ The International 2018, The International 2019 စတဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲကြီး နှစ်ခုမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Jesse “JerAx” Vainikka အနေနဲ့ 2019-2020 DPC ရာသီ စတင်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Dota2 ကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ OG Esports အဖွဲ့အစည်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး ဗွီဒီယိုမှာ JerAx တစ်ယောက် ကစားသမား ဘဝကနေ အနားယူခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားသွားခဲ့ပြီ ဖြစ်ပါတယ်။

“OG Dota2 အသင်းမှာ ဝင်ရောက် ကစားပြီး အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ဖို့ ဆာလောင်နေတဲ့ ပရိုဖက်ရှင်နယ် Dota2 ကစားသမားတွေ အများကြီး တည်ရှိနေပါတယ်။ ကျွန်တော့်ဆီမှာ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ချင်စိတ်တွေ၊ အနိုင်ရလိုစိတ်တွေ ကုန်ခမ်းသွားပြီ ဖြစ်တာကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကျွန်တော့်ကြောင့် အသင်းဖော်တွေ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ၊ ပြိုင်ပွဲတွေမှာ ကျွန်တော့်ကြောင့် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရမှာမျိုးကို မလိုလားတော့ကြောင့် အနားယူခဲ့တာ ဖြစ်ပါတယ်။ အခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့မိတဲ့ အတွက်လည်း လုံးဝကို နောင်တမရခဲ့ပါဘူး။

ကျွန်တော် Esports လောကထဲကို ပြန်လည် ဝင်ရောက် လာဖို့တော့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့်လည်း Dota2 ကစားသမား အဖြစ်တော့ ပြန်လည် ဝင်ရောက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် ဂိမ်းကစားရတာကို ချစ်မြတ်နိုးတယ်။ အခုဆိုရင် ကျွန်တော့်ဆီမှာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေလည်း ရှိနေပြီလို့ ယုံကြည်မိတယ်။

ဒါကြောင့် ကျွန်တော် အမှန်တကယ် စိတ်ပါဝင်စားတဲ့ Esports အမျိုးအစား ဂိမ်းတစ်ခုခုကို ရှာဖွေ တွေ့ရှိခဲ့မယ်ဆိုရင် ပရိုဖက်ရှင်နယ် ကစားသမား ဘဝကို ပြန်လည် ခံယူသွားမှာပါ။ ဒါကလည်း သိပ်တော့ မသေချာသေးပါဘူးလေ။ ဘာတွေဖြစ်လာမယ် ဆိုတာကို ဘယ်သူမှ ကြိုသိနိုင်တာ မဟုတ်ဘူးလေ။”

JerAx အနေနဲ့ ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ အနားယူသွားခဲ့ပေမယ့်လည်း OG Dota2 အသင်းနဲ့အတူ JerAx တစ်ယောက် ရယူခဲ့တဲ့ ‌အောင်မြင်မှုတွေ၊ JerAx ရဲ့ ပေးစပ်မှု၊ အနစ်နာခံမှု၊ စွမ်းဆောင်ရည်တွေကတော့ Dota2 ချစ်ပရိသတ်တွေရဲ့ နှလုံးသား အတွင်းမှာ အမြဲတမ်း စွဲထင်ကျန်ရစ်နေတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle