MLBB အသင်း တစ်သင်းကို တည်ထောင်လိုက်ပြီဖြစ်တဲ့ စင်ကာပူနိုင်ငံသား နာမည်ကျော် အဆိုတော် JJ Lin

MLBB အသင်း တစ်သင်းကို တည်ထောင်လိုက်ပြီဖြစ်တဲ့ စင်ကာပူနိုင်ငံသား နာမည်ကျော် အဆိုတော် JJ Lin

JJ Lin ဆိုတာကတော့ စင်ကာပူနိုင်ငံသား နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်၊ သီချင်းရေးဆရာ တစ်ဦးပဲ ဖြစ်ပါတယ်။ JJ Lin အနေနဲ့ ယခင် အချိန်တွေကတည်းက MOBA အမျိုးစား ဂိမ်းတွေကို ကစားရတာ နှစ်သက်ကြောင်း မကြာခဏ ထုတ်ဖော် ပြောကြားလေ့ ရှိသလို နာမည်ကျော် MOBA အမျိုးအစား ဗွီဒီယိုဂိမ်း တစ်ခုဖြစ်တဲ့ Dota 2 အတွက်လည်း Timekeeper’s Music Pack ကို ဖန်တီးပေးခဲ့ဖူးပါတယ်။

JJ Lin

ယခုအခါမှာတော့ နာမည်ကျော် အဆိုတော် JJ Lin တစ်ယောက် အရှေ့တောင်အာရှ Mobile MOBA လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လျက်ရှိတဲ့ MLBB လောကထဲကိုပါ ထပ်မံ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ JJ Lin တည်ထောင်လိုက်တဲ့ MLBB အသင်းရဲ့ နာမည်ကတော့ Still Moving Under Fire (SMG) ပဲ ဖြစ်ပါတယ်။

SMG MLBB အသင်းကို တည်ထောင်လိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး JJ Lin ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် MOBA အမျိုးအစား ဗွီဒီယိုဂိမ်းတွေ ကစားရတာကို Dota1 ခေတ်ကတည်းက စတင် ကြိုက်နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Esports အသင်း တစ်သင်းကို တည်ထောင်ချင်တဲ့ စိတ်ကူး ဆန္ဒကို အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ SMG အနေနဲ့ လက်ရှိအချိန်မှာ အရှေ့တောင်အာရှ အခြေစိုက် Esports အဖွဲ့အစည်း အနေနဲ့သာ ရပ်တည်နိုင်အုံးမှာ ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားတဲ့ Esports အဖွဲ့အစည်း တစ်ခု ဖြစ်လာအောင်လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”

JJ Lin

JJ Lin အနေနဲ့ SMG MLBB အသင်းမှာ ကစားပေးဖို့ အတွက် Makan Cendol MLBB အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး MPL – Malaysia/ Singapore Season 5 မှာ ဝင်ရောက် ယှဥ်ပြိုင်သွားနိုင်ရန် အတွက် ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

MPL – Malaysia/ Singapore ဆိုတာကတော့ MPL – Indonesia, MPL – Philippines တို့လောက် နာမည်ကြီးခြင်း မရှိသေးပေမယ့် အရှေ့တောင်အာရှရဲ့ နာမည်ကျော် MLBB ပြိုင်ပွဲတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်သလို စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံမှ နာမည်ကျော် MLBB အသင်း အများစု ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

SMG MLBB

SMG MLBB အသင်း အနေနဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် MPL – Malaysia/ Singapore Season 5 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

SMG MLBB အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Mohammad “Ax” Aiqal Bin Amran
  • Mohammad “Artha” Al Hatta
  • Mohammad “Raisyaa” Ziam Bin Amir Izat
  • Aeliff “Smooth” Adam
  • Muhammad “Tacuz” Fairuz Bin Mohamad
  • Muhammad “Kuku Siddiq Fadhil Bin Mohd Noor (Sub)
  • Ahmad “Bonezzyy Syazwan Bin Anuar (Coach)
  • Muhamad “Padel” Fadil Bin Hishamuddin (Manager)

REF: AfkGaming, OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ