ဒီအချက်တွေ ထည့်စဉ်းစားပြီးမှ အလုပ်လျှောက်လွှာပို့ဖို့ ပြင်ဆင်ပါ

ဒီအချက်တွေ ထည့်စဉ်းစားပြီးမှ အလုပ်လျှောက်လွှာပို့ဖို့ ပြင်ဆင်ပါ

အလုပ်တစ်ခုကို ရွေးချယ်တဲ့အခါ အများစုက

— ဝါသနာပါတာဖြစ်ရမယ်

— ကိုယ်သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့အလုပ်ဖြစ်ရမယ်

— လစာကိုကြည့်မယ် ဆိုပြီး ဒီအချက် (၃) ချက်ကို ယေဘုယျအနေနဲ့ ရွေးချယ်ကြမယ်ထင်ပါတယ်။

ဒါကတော့ အလုပ်မလျှောက်ခင်မှာ ထည့်စဉ်းစားကြမယ့်အချက်တွေပေါ့။ ဟော အလုပ်ခေါ်စာတွေကြည့်နေရင်းနဲ့ပဲ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့အလုပ်ကို တွေ့ပြီဆိုပါစို့။ CV ပို့ဖို့ ချက်ချင်းကြီး မလုပ်လိုက်ပါနဲ့ဦး။ CV မပို့ခင်အချိန်မှာ မဖြစ်မနေ စဉ်းစားရမှာတွေ ရှိပါတယ်။


(၁) စိတ်မပါလည်း အလုပ်လုပ်ရမယ်

ဥပမာ – စာရေးတာ ဝါသနာပါတယ်၊ ကျောင်းတုန်းကလည်း ဟိုစပ်စပ် ဒီစပ်စပ် စာရေးဖူးလို့ဆိုပြီး ဒီအတွေ့အကြုံလေးကိုအခြေခံလို့ ကိုယ်က စာရေးတဲ့အလုပ်လျှောက်တယ်ပဲထား။ အလုပ်ဆိုတာ ကိုယ်ဝါသနာပါရာပဲ ရွေးလို့ရမယ်။ အလုပ်ခွင်မှာ သင့်ကိုပေးလာမယ့် အလုပ်တွေကိုတော့ ရွေးလို့ရမှာ မဟုတ်ပါဘူး။ သင့်စိတ်ကြိုက်ခေါင်းစဉ်တွေပဲ မဟုတ်၊ အလုပ်က တာဝန်အရပေးလို့ ရေးရမှာတွေပါ သေချာပေါက်ရှိလာမှာပါ။ ဒါတွေက တစ်ခါ၊ နှစ်ခါလောက်ပဲ ကြုံရမယ့် ကိစ္စမဟုတ်ပါဘူး။ အလုပ်လုပ်နေသမျှကာလပတ်လုံး မလုပ်ချင်လည်း လုပ်နေရမှာဖြစ်ပါတယ်။ ပြောချင်တာက စိတ်မပါလည်း လုပ်နိုင်ရပါမယ်။ ဒီစိတ်မွေးနိုင်ပြီဆိုမှသာ သင်ဟာအလုပ်ခွင်မှာ အံဝင်ခွင်ကျဖြစ်မှာပါ။

(၂) စုံစမ်းထောက်လှမ်းဖို့လည်း မမေ့နဲ့

ဒီအချက်က တစ်မျိုးကြီးတော့ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် အရေးကြီးတယ်။ ကိုယ်အလုပ်ဝင်ချင်ပါတယ်ဆိုတဲ့ ကုမ္ပဏီရဲ့ နောက်ခံနဲ့ လက်ရှိအနေအထားကို နီးစပ်ရာတွေဆီ လိုက်မေးမြန်းရမယ်။ သင်ဟာ ဘုမသိဘမသိဘဲ အလုပ်ဝင်သွားရင် အလုပ်ခွင်ကအခြေအနေတွေက ဘာဖြစ်နေမှန်း မသိနိုင်တဲ့အတွက်ကြောင့် ဒီအချက်ကို လုပ်ခိုင်းရခြင်းဖြစ်ပါတယ်။ မဟုတ်ရင် ကိုယ်ရင်ဆိုင်ရမယ့် တချို့အခြေအနေတွေက သင့်ကို ညှင်းဆဲနိုင်တဲ့အထိ ဖြစ်လာနိုင်လို့ပါပဲ။

(၃) မေးခွန်းထုတ်ပါ

လူတစ်ယောက်နဲ့ တစ်ယောက် Target ထားတာချင်း မတူပါဘူး။ ဒီအတွက်လည်း အခုပြောမယ့်အချက်က ယေဘုယျဆန်ပါလိမ့်မယ်။ တချို့တွေက ကုမ္ပဏီရဲ့ အရှိန်အဝါကို ကြည့်ပြီး အလုပ်ရွေးချယ်တယ်။ တချို့တွေကျတော့ ကိုယ်လုပ်ရမယ့်အပိုင်းနဲ့ ရာထူးကိုပဲ ကြည့်တယ်။ အစထဲက ကိုယ်ကဘယ်အချက်ကို ဦးတည်ချင်လဲဆိုတာ သေချာသိဖို့လိုပါတယ်။ စနစ်မကျသေးတဲ့နေရာမှာ စနစ်ကျသွားအောင် ပြင်ဆင်ပေးပြီး ကိုယ့်လက်ကိုယ့်ခြေနဲ့ အလုပ်များများလုပ်ချင်တာလား။ ဒါမှမဟုတ် စနစ်ကျပြီးသားနေရာမှာ ရှိနေပြီးသား အရှိန်အဝါယူပြီး အလုပ်များများလုပ်ချင်တာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးပါ။

(၄) ပွင့်ပွင့်လင်းလင်း ရှိပြီလား

ကိုယ့်ဆီမှာရှိသလောက်ကို ရနိုင်တဲ့နည်းတွေသုံးပြီး အလကားလိုချင်ကြတာ လူ့သဘာဝပါပဲ။ ဒီတော့ ကိုယ့်ဘက်ချည်းပဲ ပေးဆပ်ရတာမျိုး ဖြစ်မနေအောင် တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းပြောတတ်ဖို့ လိုကိုလိုပါတယ်။ ဒီလိုပြောတတ်ဖို့ ဘယ်လိုစိတ်ထားရမလဲဆိုရင် – သူလည်း လူ၊ ကိုယ်လည်း လူပါ။ လစာဆိုတာကလည်း တစ်နေ့တစ်နေ့ ရုံးသွားရုံးပြန် ဘတ်စ်ကားတိုးစီး၊ တစ်နေ့ကို ၈ နာရီထက်ပိုတဲ့အချိန်တွေပေးပြီး စိတ်ရောကိုယ်ပါနှစ်လို့ အလုပ်လုပ်ပေးထားတာ အလကားနေရင်း ထိုင်ရင်းလစာရတာမဟုတ်တဲ့အတွက် ကိုယ့်မှာ ပွင့်ပွင့်လင်းလင်းပြောပိုင်ခွင့် အပြည့်ရှိတယ်လို့ တွေးလိုက်ပါ။

ဒီအချက်တွေကို သိပြီး၊ လုပ်ထားနိုင်ပြီဆိုရင်တော့ CV ပို့ဖို့ အဆင်သင့်ဖြစ်ပါပြီ။

Photos Credit

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle