“Jogging ပုံမှန်လုပ်ခြင်းကနေ ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်လဲ?”

“Jogging ပုံမှန်လုပ်ခြင်းကနေ ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်လဲ?”

ဒီနေ့မှာတော့ Jogging လုပ်ခြင်းက ဘယ်လိုမျိုး ကျန်းမာရေးကို  အထောက်အကူပြုလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။Jogging လုပ်တာက လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုအပြင် တစ်ကယ်လည်း ကောင်းကျိုးတွေများတာကြောင့် နာမည်ကြီးတဲ့ Physical exerciseတစ်ခုပဲ ဖြစ်ပါတယ်။🏃‍♂️

ဒါဆို Jogging လုပ်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ

-အရိုးအဆစ်တွေ သန်မာလာအောင် အထောက်အကူပြုတယ်

-ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းပေးတယ်

-အဆီပိုတွေ လျှော့ချတဲ့နေရာမှာ အကူအညီပေးတယ်

-ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်

ဒီလို လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းက ကိုယ့်ရဲ့ စိတ်ကျန်းမာရေး,ယုံကြည်မှု, ကျန်းမာရွှင်လန်းတဲ့ ဘဝတွေ အပေါ်မှာလည်း တိုးတက်မှုဖြစ်စေပါတယ်။ဆောင်ရန်ရှောင်ရန်အချက်တွေကရော ဘာတွေဖြစ်မလဲ

-အစားပုံမှန်စားပေးပါ

-အစာစားပြီး ချက်ချင်း မပြေးပါနဲ့

-နွေရာသီလို အရမ်းပူတဲ့ နေ့တွေမှာ ပြေးခြင်းကို ရှောင်ပါ

-ရေများများသောက်ပါ

ကဲ ဒါဆိုရင်တော့ Jogging လုပ်ခြင်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေအပြင် ဆောင်ရန်ရှောင်ရန်တွေအထိပြောပြပေးလိုက်ပြီမလို့ ကျန်းမာရွှင်လန်းတဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်ဖို့ ဒီလိုမျိုး လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။