John Wick 3 က Avengers: Endgame ရဲ့သရဖူကို လုယူခဲ့ပြီပေါ့

John Wick 3 က Avengers: Endgame ရဲ့သရဖူကို လုယူခဲ့ပြီပေါ့

ကမ္ဘာပေါ်က ကြီးကျယ်လှပါပေ့ဆိုတဲ့ သူရဲကောင်းကြီးတွေက ရန်သူတော် Thanos ကြီးကို တိုက်ခိုက်ပြီး ပွဲကြီးပွဲကောင်းနွဲခဲ့ပေမယ့် တစ်ယောက်တည်းသော Hitman John Wick ကြီးကိုတော့ မယှဉ်နိုင်သေးဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ John Wick ရုံတင်တာတောင်တစ်ပတ်လောက်ပဲရှိသေးတယ် မြောက်အမေရိကားမှာ ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ ၅၇ သန်းရထားလို့ပါ။ Avengers: Endgame ကတော့ စတုတ္ထပတ်မှာ မြောက်အမေရိကတိုက်ရုံဝင်ငွေ ဒေါ်လာ ၂၉.၄ သန်းပဲ ရှာနိုင်ပါတော့တယ်။ ဒီတော့ Endgame ရဲ့ ဝင်ငွေကိုတော့ အသာလေးကျော်သွားတာပေါ့။

Lionsgate ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ John Wick: Chapter 3 – Parabellum က သူ့ရဲ့ရှေ့နှစ်ကားဖြစ်တဲ့ John Wick (2014) [ဒေါ်လာ ၁၄.၄ သန်း] နဲ့ John WIck: Chapter 2 (2017) [ဒေါ်လာ ၃ဝ.၄ သန်း] တို့ရဲ့ ပထမပတ်ဝင်ငွေတွေထက်လည်း ပိုကောင်းခဲ့ပါတယ်နော်။ John Wick: Chapter 3 က R-rated Series တွေထဲ ပြည်တွင်းရုံဝင်ငွေစာရင်းမှာ နံပါတ် ၁ နေရာချိတ်တဲ့ ပထမဆုံးကားလည်း ဖြစ်ပါတယ်။

Parabellum မှာ Keanu Reeves က Ex-Hitman တစ်ယောက်အနေနဲ့ ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။ ပထမပတ်မှာ ပြည်တွင်းရုံဝင်ငွေ ထိပ်ဆုံးမှာရပ်တည်နေတဲ့ John Wick 3 က Avengers: Endgame တို့ ၊ Avatar တို့ကို နိုင်ငံတကာရုံဝင်ငွေစာရင်းမှာရော ကျော်သွားနိုင်မယ်ထင်လား။ ပရိသတ်ကြီးတို့ ဘယ်လိုမေ ျှာ်မှန်းထားလဲ။

Ref: www.variety.com

www.bloomberg.com

Piki (Akhayar)