အသရေဖျက်မှုနဲ့ ဇနီးဟောင်း Amber Heard ကို ပြန်တရားစွဲလိုက်တဲ့ Johnny Depp

အသရေဖျက်မှုနဲ့ ဇနီးဟောင်း Amber Heard ကို ပြန်တရားစွဲလိုက်တဲ့ Johnny Depp

မင်းသားကြီး Johnny Depp ကတော့ ဇနီးဟောင်းဖြစ်တဲ့ Amber Heard ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်မှုတွေနဲ့ တရားဥပဒေအရ ပြန်ပြီးရင်ဆိုင်လိုက်ပါတယ်။ ဒီအမှုရဲ့ မြစ်ဖျားခံရာကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက Amber Heard တစ်ယောက် Washington Post မှာ ရေးခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုဆောင်းပါးကြောင့် ဖြစ်ပါတယ်။

Depp ရဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားတာကတော့ သူဟာ Ms Heard ကို တစ်ခါမှ နှိပ်စက်ညှင်းပန်းတာ မလုပ်ဖူးဘူးဆိုတဲ့အကြောင်းနဲ့ Amber Heard စွပ်စွဲတာတွေဟာ Amber Heard အောင်မြင်ဖို့ လုပ်ခဲ့တဲ့ လှိမ့်လုံးထွင်လုံးတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒီလို သူ့ရဲ့ ဂုဏ်သိက္ခာကျဆင်းရမှုအတွက် ဒေါ်လာ သန်း ၅၀ တောင်းဆိုထားပါတယ်။

Amber Heard ဟာ ၂၀၁၆ ခုနှစ် မေလတည်းက ပထမဆုံးအနေနဲ့ Johnny Depp ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့်ပဲ Johnny Depp ကို Amber Heard နဲ့ ဝေးဝေးမှာ နေဖို့ အမိန့်ချမှတ်ခံခဲ့ရပြီး သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

Amber Heard ထိခိုက်ဒဏ်ရာရစဉ်က

Amber Heard ရဲ့ Washington Post က ဆောင်းပါးမှာတော့ Johnny Depp ရဲ့ နာမည်ကို မဖော်ပြခဲ့ပေမယ့် သူကြုံခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုအတွေ့အကြုံကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး Johnny Depp နှိပ်စက်တာ ခံရပါတယ်လို့ ထုတ်ဖော်ပြောခဲ့မိတဲ့အတွက် Amber Heard အနေနဲ့ ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်ခွင့်ဆုံးရှုံးလိုက်ရတယ်၊ Major Fashion Brand တစ်ခုကနေ ဖြုတ်ချခံလိုက်ရတယ်လို့ သူ့ရဲ့ နစ်နာမှုတွေကို ပြောဆိုခဲ့ပြီး “အနိုင်ကျင့်နှိပ်စက်တတ်တဲ့ လူတစ်ယောက်ကို အဖွဲ့အစည်းတွေက အဲဒီလို လိုက်ကာကွယ်ပေးခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

Johnny Depp ရဲ့ တရားစွဲမှုမှာတော့ Amber Heard ရဲ့ စွပ်စွဲချက်တွေကြောင့် Pirates of the Caribbean ထဲက အဓိကဇာတ်ကောင် Jack Sparrow နေရာကို လက်လွှတ်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စအတွက် Amber Heard ရဲ့ ရှေ့နေ Eric George ကတော့ Mr Depp ရဲ့ တရားစွဲဆိုမှုဟာ Amber Heard ကို ပါးစပ်ပိတ်သွားစေဖို့ လုပ်တာ ဖြစ်ပေမယ့် Amber Heard ကတော့ နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Eric George ဟာ “Johnny Depp ဟာ သူ့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို လက်မခံနိုင်တာ ဖြစ်ပြီး Amber Heard ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ဟာ Johnny Depp ရဲ့ အခြေအမြစ်မရှိတဲ့ စွဲဆိုမှုကို နိုင်သွားမှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီတော့ အရင်က ဘယ်လိုပဲ ချစ်ခဲ့ကြ ချစ်ခဲ့ကြ အကျိုးစီးပွားတွေ ထိခိုက်လာမယ်ဆိုရင်တော့ တရားခွင်မှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲဖို့ မတွန့်ဘူးဆိုတာ ပြနေပါတယ်။

Yoe Lu (Akhayar)

 
Source : bbc.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle