JOOX မန်ဘာများမှ ပထမနှစ်ဝက်ဆုပေးပွဲတွင် ၎င်းတို့ ကြိုက်နှစ်သက်သော အဆိုတော်များကို JOOX အက်ပလီကေးရှင်းမှတစ်ဆင့် မဲပေးရွေးချယ်နိုင်မည်

JOOX မန်ဘာများမှ ပထမနှစ်ဝက်ဆုပေးပွဲတွင် ၎င်းတို့ ကြိုက်နှစ်သက်သော အဆိုတော်များကို  
JOOX အက်ပလီကေးရှင်းမှတစ်ဆင့် မဲပေးရွေးချယ်နိုင်မည်

မြန်မာနိုင်ငံတွင် ရေပန်းစား လူကြိုက်များလျက်ရှိသော အင်တာနက်မှ သီချင်း နားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ဆုပေးပွဲအား ပထမဆုံးအကြိမ်အဖြစ် JOOX အက်ပလီကေးရှင်းတွင် သြဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အွန်လိုင်းမှ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ  ၁၂ ရက် အတွင်းတွင် JOOX အသုံးပြုသူများသည် ၂၀၂ဝ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ရေပန်းစားလျက်ရှိသော တေးသီချင်း အပုဒ် ၁၀၀ နှင့် တေးသံရှင် ၁၀၀ ထဲမှ မိမိသဘောကျနှစ်သက်သူများကို မဲပေးရွေးချယ်နိုင်မည်ဖြစ်ပြီး မဲပေးကာလအဆုံးတွင် JOOX မှ မဲအများဆုံး ရရှိသည့် တေးသီချင်း ၅ ပုဒ်နှင့် တေးသံရှင် ၅ ဦးတို့အား ရွှေတံဆိပ်ဆုကို ချီးမြှင့်သွားမည်ဖြစ်သည်။

JOOX မှ ၂၀၂ဝ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ရေပန်းစားလျက်ရှိသော တေးသီချင်းအပုဒ် ၁၀၀ နှင့် တေးသံရှင် ၁၀၀ တို့ကို JOOX အက်ပလီကေးရှင်းတွင် သြဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကြေညာပေးမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းကို အခမဲ့ သုံးစွဲသူများမှာ တစ်နေ့လျှင် အကြိမ် ၁၀၀ အထိ မဲပေးနိုင်မည်ဖြစ်ကာ VIP သုံးစွဲသူများမှာမူ တစ်နေ့လျှင် အကြိမ် ၁၅၀ အထိ မဲပေးနိုင်မည်ဖြစ်သည်။ အဆိုပါ မဲပေးသူများအနက် တေးသံရှင် ၅ ဦးနှင့် တေးသီချင်း ၅ ပုဒ် တို့အား မဲပေးသည့် ပရိသတ် ၁၀ ယောက်အား အထူးဆုများပေးအပ်သွားမည့်အပြင် JOOX VIP package အသုံးပြုခွင့် တစ်နှစ်စာ ပေးအပ်သွားမည့် Top Fan ကျပန်းရွေးချယ်မှုအစီအစဉ်များလည်း စီစဉ်ထားပါတယ်။

“JOOX အနေနဲ့ အခုလို အကြပ်အတည်း ကာလမှာတောင် ဝန်ဆောင်မှုအသစ်တွေနဲ့ ကမ်ပိန်းအသစ်တွေ ပြုလုပ်နိုင်တဲ့အတွက် ဂုဏ်ယူသလို အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ်” ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က ပြောကြားခဲ့သည်။ “ဂီတက  စိတ်အပန်းပြေစေပြီး အချိန်ကုန်တာတွေ မြန်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ယုံကြည် ပါတယ်။ နောက်ပြီး ဒီအချိန်မှာ လူတွေဟာ ဂီတနဲ့ ပတ်သက်တဲ့ ပွဲတော်တွေကို တောင့်တ နေကြလိမ့်မယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒါ့ကြောင့်လည်း ဒီနှစ်ဝက်ဆုပေးပွဲဟာ JOOX အသုံးပြုသူတွေအတွက် တကယ်ကိုပြောင်မြောက်တဲ့ တေးသံရှင်တွေနဲ့ တေးသီချင်းတွေကို ဆုပေးခြင်းအားဖြင့်လည်း ချစ်ခြင်းမေတ္တာကိုပြသရာရောက်သလို အားလုံးအတွက် ပျော်ရွှင် စေပြီး ဂီတဖန်တီးသူ အနုပညာရှင်တွေကိုလည်း ဒီထက်ပိုပြီး ဖန်တီးနိုင်ဖို့ အားပေးရာရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Mr.Zhang က “ဒီလိုပွဲမျိုးကို အွန်လိုင်းကနေတစ်ဆင့် စီစဉ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီပွဲက တော်တော်လေးကို ကွဲပြားခြားနားနေမှာ ဖြစ်ပေမယ့် လူတိုင်း ဒီကမ်ပိန်းရဲ့ မဲပေးတဲ့စနစ်မှာ ပါဝင်ပြီး ပျော်ရွှင်ခံစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါဟာ အဆိုတော်တွေကိုပဲ ဆုပေးတဲ့ပွဲ မဟုတ်ပါဘူး။ လူတိုင်း ဂီတကို အတူတကွ အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် တကယ့် အမာခံ ဂီတပရိသတ်တွေကိုလည်း ဆုတွေချီးမြှင့်သွားဦးမှာပါ။  ပရိသတ်တိုင်း ပါဝင်ပြီး မိမိ အားပေးမှုတွေကို အားလုံး သိရှိအောင် ပြသလိုက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သည်။ မဲအရေအတွက် အများဆုံးရရှိပြီး အနိုင်ရရှိသူ တေးသံရှင် ၅ ဦးနှင့် တေးသီချင်း ၅ ပုဒ်တို့သည် JOOX မှ နောက်ထပ် ကြီးမှူးကျင်းပမည့် JOOX Myanmar Music Award (JMMA) ဆုပေးပွဲ၏ ဆန်ခါတင်စာရင်း (Nominee) အဖြစ် ထည့်သွင်းမှတ်တမ်းတင်ထားမည်ဖြစ်သည်။

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။  JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်မှုများ ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်ပါတယ်။  

ဤ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် ဆုပေးပွဲသည်  JOOX မှ Covid-19 အကြပ်အတည်းကာလအစမှ စ၍ တင်ဆက်ခဲ့သော အွန်လိုင်းဖျော်ဖြေရေးပွဲ အစီအစဉ်များဖြစ်သည့် ပြည်တွင်း ပြည်ပ အဆိုတော်များ၏ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ ပါဝင်သော JOOX ၏ ကမ္ဘာ့ဂီတနေ့ပွဲတော်  “Sounds of Happiness” ပွဲတော်နှင့် အိမ်တွင်နေစဉ်ကာလ  အပြင်မထွက်ရသူ အားလုံး၏ စိတ်အခြေအနေကို တက်ကြွပျော်ရွှင်စေရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို ပိုမို သိရှိပျံ့ပွားစေရန် ရည်ရွယ် စီစဉ်ထားသည့် စိတ်အား မြှင့်တင်ပေးသော သီချင်း Playlist များ စသည်တို့၏ နောက်ဆက်တွဲ အစီအစဉ်တစ်ခုပင် ဖြစ်တယ်။

Kelly -Akhayar  Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle