မြန်မာနိုင်ငံတွင် JOOX မှကျင်းပသည့် တေးဂီတချစ်သူများတွက် ပထမဦးဆုံး နှင့် အကြီးကျယ်ဆုံး ဂီတပွဲတော်ကြီး

မြန်မာနိုင်ငံတွင် JOOX မှကျင်းပသည့် တေးဂီတချစ်သူများတွက် ပထမဦးဆုံး နှင့် အကြီးကျယ်ဆုံး ဂီတပွဲတော်ကြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ် Music Streaming Application ဖြစ် တဲ့ JOOX Applicatioun မှ ၂၀၂၀ ခုနှစ် “Myanmar Top 100 by JOOX” တေးဂီတ ပွဲတော်ကြီးအား ဂီတကို ချစ်မြတ်နိုးသောပရိသတ်များစီသို့ အရောက်ယူဆောင်လာပြီး ကျင်းပပေးသွားမှာဖြစ်ပါတယ်။  WE Events Group မှတာဝန်ယူ စီစဉ်တင်ဆက်ပြီး ၂၀၁၉ ခုနှစ်အတွင်း JOOX Application ထဲတွင် ပရိသတ် အားပေးမှု့ နှင့် နားဆင်မှုအများဆုံးရရှိခဲ့ကြသည့် အနုပညာရှင်များ မှဖျော်ဖြေတင်ဆက် သွားကြမည် ဖြစ်ပါသည်။ “Myanmar Top 100 by JOOX” ဂီတပွဲတော်ကြီးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့ သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပသွားမည်ဖြစ်ပြီး  JOOX မှ အကောင်းဆုံး သီချင်းများအား စင်မြင့်ထက်တွင် ဖျော်ဖြေပေးသွားမည် ဖြစ်ပါသည်။

Early Bird လက်မှတ်များအား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစတင်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ Online Ticket Purchase Website ဖြစ်သည့် MyanPwel တွင် VVIP Ticket အား ၂၅,၀၀၀ ကျပ်၊ GA Ticket အား ၅,၀၀၀ ကျပ်တို့ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။
၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ VVIP လက်မှတ်များကို ဈေးနှုန်းအားဖြင့် ၃၀,၀၀၀ ကျပ်၊ GA လက်မှတ်များအား ၁၀,၀၀၀ကျပ်တို့ဖြင့် G&G Convenience Store, ABC Convenience Store, Harry’s Bar, Old Skool, Terminal – 5, The Lord နှင့် Yangon Fitness Centre စသည့်နေရာများတွင် ဝယ်ယူနိုင်သည့်အပြင် online မှလည်း လက်မှတ်များကို MMTIX နှင့် Latmat (Blue Ocean) များတွင် ဝယ်ယူရရှိနိုင်ပါသည်။

JOOX ၏ Head of Branding and Communication, Patcharaporn Kwancharoensub မှ

“JOOX အတွက်ကိုတော့ ဒီ၂နှစ်တာကာလမှာ အသုံးပြုတွေကော အနုပညာရှင်တွေအများအပြားရဲ့ အားပေးမှုတွေကို ရရှိထားတဲ့အတွက် တကယ်ကိုဝမ်းမြောက်ရပါတယ်။ ဒီလိုကာလတစ်လျှောက်မှာ JOOX အနေနဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ပေးလာပြီးနောက်မှာ အခုဆိုရင် JOOX ရဲ့ ပထမဦးဆုံးဂီတပွဲတော်ကြီးဖြစ်တဲ့ Myanmar Top 100 by JOOX ဂီတပွဲတော်ကြီးကို ပရိသတ်တွေစီအရောက်ခေါ်ဆောင်လာပြီးတော့ ပရိသတ်ကြီးချစ်တဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ၂၀၁၉ ခုနှစ်မှာထွက်ရှိထားတဲ့ အကောင်းဆုံး သီချင်းတွေကို အတူတူ ပျော်ပျော်ရွှင်ရွှင် နားဆင်ခံစားသွားရမှာဖြစ်ပါတယ်။ကျွန်မတို့ JOOX အနေနဲ့လည်း WE Events လို ယုံကြည်စိတ်ချရတဲ့ partner နဲ့ အတူလက်တွဲပြီးတော့ ဒီလို အမှတ်ရစရာ ဂီတပွဲတော်ကြီးကို အတူတူလုပ်ကိုင်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့နဲ့အတူ ဖေဖော်ဝါရီလ ၂၂ရက်နေ့ကျရင် သုဝဏ္ဏဘူမိ Event Park မှာ အတူတူ ပျော်ပျော်ပါးပါးဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ပရိသတ်ကြီးမရှိရင် JOOX ဆိုတာလည်း ဖြစ်တည်နေမှာမဟုတ်ပါဘူး!” ဟု ပြောကြားခဲ့သည်။
WE Events Group ၏ Managing Director, ကိုအိမ်စည် မှ “JOOX နဲ့ ပထမဆုံးပွဲမှာ အခုလို WE Events အနေနဲ့ လက်တွဲခွင့်ရတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဒီပွဲလေးကိုလည်း အောင်မြင်စွာကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

JOOX ၏ Brand Ambassador ဖြစ်သူ ရွှေထူး မှလည်း “ဒီလို JOOX ကနေ ကျင်းပတဲ့ music festival မှာ ပါဝင်ဖျော်ဖြေရတဲ့အတွက်လည်း ဂုဏ်လည်းယူမိတယ် ဝမ်းလည်းသာပါတယ်။ ဒီလို music festival မျိုးက မြန်မာနိုင်ငံမှာ ပထမဦးဆုံးလည်း ဖြစ်တာဆိုတော့ စိတ်လှုပ်ရှားမိတယ်။ Myanmar Top 100 by JOOX music festival ကြီးမှာလည်း ကျွန်တော်ချစ်တဲ့ ပရိသတ်ကြီးနဲ့အတူ အားရပါးရ ဖျော်ဖြေတင်ဆက်သွားပါမယ်ခင်ဗျာ။” ဟု ပြောကြားခဲ့သည်။
JOOX ၏ ဂီတပွဲတော်ကြီးတွင် ပျော်ရွှင်စရာ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များအပြင် အထူးအစီအစဉ်အနေဖြင့် JOOX application ပေါ်တွင် ပရိသတ်၏အားပေးမှုဖြင့် Top Ten နေရာများကို အသီးသီး ရရှိထားသည့် အနုပညာရှင် ၁၀ ဦးကိုလည်း ဆုချီးမြှင့်မည့်အစီအစဉ်များလည်းပါရှိပါသည်။


Myanmar Top 100 by JOOX ဂီတပွဲတော်ကြီးကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေ ၄ နာရီခွဲမှ စတင်ပြီး ည ၁၁ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး JOOX ၏ ဂီတပွဲတော်ကြီးနှင့်အတူ Royal D မှ hydration partner အနေဖြင့် အတူရှိနေမှာဖြစ်ပြီး Foodpanda ၏ စားစရာ ဈေးဆိုင်ခန်းပေါင်း ၂၀ ခန်း နှင့် PUBG Mobile မှလည်း စိတ်ဝင်စားစရာ activities များပါဝင်မည်ဖြစ်သည်။ပျော်ရွှင်စရာအစီအစဉ်များအား မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲရင်း သီချင်းကောင်းများ နားဆင်ခံစားနိုင်ရန် “Myanmar Top 100 by JOOX” ဂီတပွဲတော်ကြီးအား ညနေ ၄ နာရီခွဲ မှာစည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။