JOOX အသုံးပြုသူများအတွက် JOOX အက်ပလီကေးရှင်းတွင် Check In ပြုလုပ်ရုံဖြင့် ဆုလက်ဆောင်များရရှိမည့် အစီအစဉ် စတင်

JOOX အသုံးပြုသူများအတွက် JOOX အက်ပလီကေးရှင်းတွင် Check In ပြုလုပ်ရုံဖြင့် ဆုလက်ဆောင်များရရှိမည့် အစီအစဉ် စတင်

မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များလျက်ရှိသော အင်တာနက်မှ သီချင်းနားထောင် နိုင်သည့် JOOX အက်ပလီကေးရှင်းမှ လက်ရှိတွင် စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များ ကံစမ်းရရှိနိုင်မည့် အစီအစဉ်ကို စတင်ပြုလုပ်လျက်ရှိပြီး အသုံးပြုသူများအနေဖြင့် ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ဆုမဲများ ပိုမိုရယူနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးလျက်ရှိသည်။ အဆိုပါ "Check In Every Day and Win the Lucky Draw” အစီအစဉ်တွင် JOOX Member အားလုံးမှ အက်ပလီကေးရှင်းထဲတွင်ရှိသော “Check In” Icon ကို နှိပ်၍ ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။ ကံထူးသူများကို JOOX အက်ပလီကေးရှင်းရှိ Pop-up မက်ဆေ့ချ်ဖြင့် အသိပေးအကြောင်းကြားသွားမည်ဖြစ်ပြီး ဆုကံစမ်းမဲ ရရှိသူများသည် JOOX Myanmar Facebook Page Chat Box သို့ တိုက်ရိုက်လာရောက်ဆက်သွယ်ပြီး ထုတ်ယူနိုင်သည်။

စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များအနေဖြင့်

1.          iPhone 11 (128GB)

2.          ၁၀၀,၀၀၀ ကျပ်

3.          ၃၀,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်

4.          ၁၀,၀၀၀ တန်ဖုန်းငွေဖြည့်ကတ်

5.          VIP အခွင့်အရေးနှင့် Coins များ ရရှိမည်ဖြစ်သည်။  


JOOX အသုံးပြုသူ Member တစ်ဦးတစ်ယောက်ချင်းစီမှ နေ့စဉ်တစ်ကြိမ်စီ ဝင်ရောက်ပြီး Check In လုပ်နိုင်မည်ဖြစ်ကာ ပြုလုပ်ရသည်မှာ ထိုက်တန်အောင်လည်း ဆုများပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ဆုများကို ရယူနိုင်ဖို့အတွက် လွယ်ကူစွာ ပါဝင်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနာဂတ်တွင်လည်း အလားတူ စိတ်ဝင်စားဖွယ် အစီအစဉ်များကို JOOX မှ ဆက်လက်၍ ဖန်တီးပေးအပ်သွားမည် ဖြစ်သည်။

“အားလုံးသိထားတဲ့အတိုင်းလို JOOX က ဖျော်ဖြေရေးအပိုင်းကိုလည်း အမြဲအာရုံစိုက်သလို Community ကိုလည်း နည်းလမ်း အမျိုးမျိုးနဲ့ အမြဲဂရုစိုက်ပေးလေ့ရှိတဲ့ Brand ဖြစ်ပါတယ်” ဟု JOOX Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ Mr. John Zhang က ပြောကြားခဲ့သည်။ “လူတော်တော်များများက ဒီကပ်ရောဂါဟာ နောက်တစ်ကြိမ် စတင်လာတာဖြစ်တဲ့အတွက်  စိတ်ပူနေကြလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ဒီလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အားလုံးကို စိတ်သက်သာရာ ရစေချင်ပြီး ပျော်စေချင်ပါတယ်။ အားလုံးပဲ ဘေးကင်းစွာနေထိုင်ပြီး ဒီအစီအစဉ်မှာ ပါဝင်ကံစမ်းရင်းနဲ့ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။  

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ မကာအို၊  ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။  JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်လျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။  

JOOX မှ COVID-19 နှင့် ပတ်သက်သော စိတ်ပူပန်မှုများကို ဖြေဖျောက်စေရန်အတွက် ဂီတဖျော်ဖြေရေးနှင့်အတူ လှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်မှာ လအနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ မကြာသေးမီက JOOX 2020 ပထမနှစ်ဝက်ဆုပေးပွဲကို သြဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း JOOX Application တွင် ပြုလုပ်ခဲ့သည်။ ထို ၁၂ ရက်အတွင်းတွင် JOOX အသုံးပြုသူများသည် မိမိကြိုက်နှစ်သက်ရာ သီချင်းနှင့် တေးသံရှင်များကို ပထမနှစ်ဝက်အတွက် JOOX ၏ ဆန်ခါတင်အယောက်တစ်ရာထဲမှ မဲပေးရွေးချယ်ခဲ့ကြသည်။

မကြာသေးမီက World Music Day အထိမ်းအမှတ်ဖြင့် “Sounds of Happiness” ဖျော်ဖြေရေး အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပြီး COVID-19 ကာလအတွင်း အိမ်မှာနေထိုင်သူများကို စိတ်ဓာတ်တက်ကြွစေရန်နှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို သတိပြုမိစေရန် ရည်ရွယ်၍ စိတ်ခွန်အားဖြစ်စေသော “Stay home” playlist ကိုလည်း ဖန်တီးပြုလုပ်ပေးခဲ့သည်။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle