JOOX မှ World Music Day ဂီတပွဲတော်ကို ပြည်တွင်း၊ ပြည်ပ အနုပညာရှင်များနှင့်အတူ JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး COVID-19 ရန်ပုံငွေအတွက်လည်း လွယ်ကူစွာ ပါဝင်လှူဒါန်းနိုင်မည်ဖြစ်

JOOX မှ World Music Day ဂီတပွဲတော်ကို ပြည်တွင်း၊ ပြည်ပ အနုပညာရှင်များနှင့်အတူ JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး COVID-19 ရန်ပုံငွေအတွက်လည်း လွယ်ကူစွာ ပါဝင်လှူဒါန်းနိုင်မည်ဖြစ်

ဇွန်လ ၂၁ ရက်နေ့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် JOOX World Music Day 2020 ဂီတပွဲတော်ကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ နာမည်ကျော် အဆိုတော် ၁၈ ဦးပါဝင်မည်။

ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၁၈ ရက်။   ။မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များသော အင်တာနက်မှ သီချင်း နားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် နှစ်စဉ်ကျင်းပလျက်ရှိသော JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံံငွေပွဲအဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပမည်ဖြစ်သည်။ “The Sound of Happiness” ဟု အမည်ပေးထားသည့် အဆိုပါဂီတပွဲတော်ကို ဇွန်လ ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမည်ဖြစ်သည်။
ပရိသတ်များမှ မိမိသဘောကျနှစ်သက်သည့် အနုပညာရှင်များကို JOOX အက်ပလီကေးရှင်းရှိ Coin များကို လက်ဆောင်အနေဖြင့် ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။ Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ဤကမ်ပိန်းမှ ရရှိသည့် Coin စုစုပေါင်းလက်ဆောင်များ၏ ငွေကြေးများအားလုံးကို UNICEF သို့ လှူဒါန်းသွားမည်ဖြစ်သည်။

JOOX က လက်ဆောင်အနေဖြင့် ရရှိသည့် စုစုပေါင်းငွေပမာဏကို UNICEF မှ အပြည်ပြည်ဆိုင်ရာ COVID-19 လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် အသုံးပြုသွားမည်ဖြစ်သည်။
“JOOX အနေနဲ့ သီချင်းချစ်သူတွေအတွက် သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို  စိတ်ကြိုက်ခံစားနိုင်မယ့် နည်းလမ်းသစ်တွေ ပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ JOOX World Music Day 2019 ဂီတပွဲတော်ကလည်း အထူးအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာ စိတ်မကောင်းဖွယ် အခြေအနေတွေ ရှိပေမယ့်  ဒုတိယမြောက်ပွဲကို တစ်မူထူးခြားတဲ့ နည်းလမ်းတွေနဲ့ ပရိသတ်ကြီးဆီကို သယ်ဆောင်လာပြီဆိုတဲ့ အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ LIVE လွှင့်နေချိန်အတွင်းမှာ Surprise ဖြစ်စေမယ့်  အစီအစဉ်လေးတွေလည်း ထည့်ပေးထားပြီး ကိုယ်ကိုတိုင် ဘေးကင်းတဲ့ အကွာအဝေးကနေ သီချင်းတွေရဲ့ အင်အားနဲ့ ဆက်သွယ်နိုင်အောင် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ကြည့်ရှုသူတွေကိုလည်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် စီစဉ်ထားတဲ့ Coin လက်ဆောင်တွေ ပေးပို့ရင်း ထောက်ပံ့လှူဒါန်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က ပြောကြား ခဲ့သည်။

“The Sound of Happiness” ဂီတပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်သည့် Ruel၊  Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့လည်း ပါဝင်မည် ဖြစ်သည်။ Pop၊ R&B၊ Hip Hop နှင့် Rock စသည့် ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော realme မှလည်း ဤ ရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အနုပညာရှင်များအပြင် ကြည့်ရှုသူများအတွက် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိ နာမည်ကျော် DJ R3hab ကလည်း အထူးအစီအစဉ်အနေတစ်ခုအနေဖြင့် ဖျော်ဖြေသွားမည် ဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာ တေးဂီတပွဲတော်နေ့ကို ပြင်သစ်နိုင်ငံ၌ စတင်ပြုလုပ်ကျင်းပခဲ့ပြီး နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်း မြို့ပေါင်း တစ်ထောင်ကျော်ရှိ အများ ပြည်သူကြည့်ရှုနိုင်သည့် နေရာများတွင် အခမဲ့ တေးဂီတပွဲ‌တော်ကြီးများကို ကျင်းပပြုလုပ်ခဲ့သည်။

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။  JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံမှာ လက်ရှိအသုံးပြုလျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာသီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။  


JOOX အနေဖြင့် “Stay At Home” ကာလအတွင်းမှာ   မြန်မာဂီတပရိသတ်များကို စိတ်ခံစားချက်များ ပေါ့ပါးလာ စေရန်၊ အိမ်မှာနေစဉ် စိတ်ပျော်ရွင်မှုရှိနေစေဖို့ ကူညီပေးရန်၊COVID-19 နဲ့ပတ်သက်ပြီး အသိပညာဖြန့်ဖြူး ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပြီး စိတ်ဓာတ်ခွန်အားလှုံ့ဆော် ပေးနိုင်သော Playlist ကို ဒီဇိုင်းဆွဲဖန်တီးထားခြင်းဖြစ်သည်။

“တစ်ကမ္ဘာလုံးမှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာ တော်တော်လေးကြီးမားပြီး အကူအညီ လိုအပ်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ JOOX အနေနဲ့ မြန်မာဂီတပရိသတ်တွေအတွက် သူတို့လိုအပ်နေတဲ့ တိုက်ရိုက်ဖျော်ဖြေမှုဆီက စိတ်လှုပ်ရှားတက်ကြွမှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု Mr. Zhang က ထပ်မံ ပြောကြားခဲ့သည်။
Apple App Store နှင့် Google Play Store တို့တွင် JOOX mobile သို့မဟုတ် Desktop app ကို ‌ဒေါင်းလုပ်ဆွဲခြင်း၊ JOOX ဝက်ဘ်ဆိုက်ကို ဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သော အနုပညာရှင်နှင့် ၎င်းတို့၏ ဂီတကို အချိန်မရွေး၊ မည်သည့်နေရာမတွင်မဆို ခံစားနားဆင်လိုက်နိုင်ရန် ယခုပင် ဒေါင်းလုပ် ရယူနိုင်ပါပြီ။

A picture containing circuit

Description automatically generated

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle