Jotun မှ Majestic Paints သုတ်ဆေးအသစ်များ မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

Jotun မှ Majestic Paints သုတ်ဆေးအသစ်များ မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်

လှပတဲ့အိမ်ကလေးဆိုတာ အမြဲတမ်းအတွက် ဂုဏ်ယူစရာနဲ့ သက်တောင့်သက်သာ အဖြစ်ဆုံး နေရာတစ်ခုဖြစ်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေနဲ့ စနစ်တကျ ဖော်ဆောင်ထားတဲ့ လူနေမှုဘဝကို ဖော်ပြနိုင်တဲ့နေရာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးကို ပုံဖော်တည်ဆောက်ကြတဲ့ အခါ အိမ်အတွင်းပိုင်း အပြင်အဆင်ကလည်း အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသ ပဲ ဖြစ်ပါတယ်။ ခမ်းနားတဲ့ ပရိဘောဂတွေ၊ လက်ရာမြောက်တဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေကို ရုပ်လုံးကြွအောင် နဲ့ အိမ်တစ်အိမ်လုံးရဲ့ လှပမှု အတွက် အဓိကျ ဖြစ်စေမဲ့ အရာ ကတော့ အိမ်သုတ်ဆေး အရောင်ရွေးခြယ်မှုပဲ ဖြစ်ပါတယ်။

ခေတ်တွေပြောင်းလဲ လာတာနဲ့ အမျှ နည်းပညာပိုင်း၊ ဗိသုကာ လက်ရာတွေကလည်း တိုးတက်လာနေကြပါတယ်။ အိမ်အတွင်းပိုင်းသုတ်ဆေးအရောင်ရွေးချယ်မှုတွေ အချောသတ်ရွေးချယ်ခြင်းတွေနဲ့ ပတ်သတ်ပြီး  ယနေ့ခေတ် အိမ်ပိုင်ရှင်တွေရဲ့စိတ်ကူးထဲမှာ ဖန်တီးချင်တဲ့သီးသန့်ပုံစံရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့အရောင်တွေက ခံစားချက်တွေနဲ့  စိတ်အခြေအနေကိုပြောင်းလဲနိုင်တဲ့စွမ်းအားရှိပါတယ်။ အရောင်တွေက အိမ်တစ်အိမ်ရဲ့ အငွေ့အသက်နဲ့  အိမ်ထဲမှာနေထိုင်သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေ တဲ့ အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အပြောင်းအလဲပြုလုပ်ချင်တဲ့အခါမှာ အိမ်ရဲ့အရောင်နဲ့ စတင်လိုက်တာ အကောင်းဆုံးပါပဲ။

ဒါ့ကြောင့်  ခေတ်မီတဲ့ အဆောက်အအုံတွေမှာ အရည်အသွေးကောင်းမွန်ပြီး ဆန်းသစ်တဲ့ အရောင်တွေ ကို JOTUNက  "2020 Majestic Premium Interior Paint  Launch Event" အနေနဲ့ အရောင်းကိုယ်စားလှယ်များနဲ့ အိမ်ပိုင်ရှင်တို့ထံ မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ Color Trend တွေကို အမြဲအလေးထားတဲ့JOTUN က ၂၀၂၀ မှာ ခေတ်စားလာမဲ့ အရောင် ၁၂ ရောင်ကို ပြသခဲ့တာဖြစ်ပြီး အိမ်ပိုင်ရှင်များ ဂုဏ်ယူနိုင်လောက်သည့် ပိုမိုချောမွေ့သောအိမ်နံရံကို ဖန်တီးပေးမည့် ဖော်မြူလာ ကိုအလေးပေးထားတာဖြစ်ပါတယ်။ အစွန်းအထင်းခံနိုင်မှုကို အဆင့်မြှင့်တင်ထားသောကြာင့် နံရံများသန့်ရှင်းမှု ရှိစေရန် ထိန်းသိမ်းရ ပိုလွယ်သွားမည်ဖြစ်ပြီး အကျိုးဆက်အနေနဲ့ အိမ်လေးမှာ အမြဲ သစ်လွင် နေမှာဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်ခံစားချက်အပေါ်  အခြေခံထားတဲ့ အရောင်တွေနဲ့  JOTUN ရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့jotun.com နဲ့  2020 Majestic Premium Interior Paint  Launch Event လေးကို  Akhayar -Lifestyle မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Mavvy

Photos Credit

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle