BLAST Premier Global Final မှာ JUGI ကို အစားထိုး ကစားသမား အဖြစ် အသုံးပြုသွားမယ့် COL CSGO

BLAST Premier Global Final မှာ JUGI ကို အစားထိုး ကစားသမား အဖြစ် အသုံးပြုသွားမယ့် COL CSGO

NA အခြေစိုက် CSGO အသင်း Complexity ကတော့ ယခုလ အတွင်းမှာ ကျင်းပသွားမယ့် BLAST Premier Global Final ပြိုင်ပွဲမှာ အသင်းရဲ့ AWP ကစားသမားဖြစ်သူ Poizon အစား အသင်းလက်မဲ့ အဖြစ် ရပ်တည်လျက်ရှိတဲ့ JUGI ကို အစားထိုး အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Poizon

Poizon အနေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ပြန်လည် သက်သာဖို့ အတွက် အချိန်တစ်ခု လိုအပ်တာကြောင့် အခုလို JUGI ကို အစားထိုး ကစားသမား အဖြစ် အသုံးပြုဖို့ Complexity ဘက်က ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ JUGI အနေနဲ့ ယခင်ကာလတွေတုန်းက Optic Gaming, Heroic, North စတဲ့ CSGO အသင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ပြောင်းရွေ့သွားခဲ့တဲ့ Astralis CSGO အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လက စတင်ပြီး ပရို CSGO လောကကနေ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

JUGI

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကလည်း JUGI တစ်ယောက် ပရို CSGO ကစားသမား ဘဝကနေ အနားယူပြီး လက်ရှိ ခေတ်စားလျက်ရှိတဲ့ VALORANT ကို ကူးပြောင်းသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း COL CSGO အသင်းရဲ့ အစားထိုး ကစားသမား အဖြစ် ပရိုဖက်ရှင်နယ် CSGO အတွင်းကို နောက်တစ်ကြိမ် ပြန်လည် ခြေချလာခဲ့တာ ဖြစ်ပါတယ်။

JUGI

JUGI အပါအဝင် COL အဖွဲ့သားတွေ အနေနဲ့ BLAST Premier Global Final ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် အဖြစ် လက်ရှိ ကမ္ဘာ့အဆင့် (၂) အသင်းဖြစ်တဲ့ Vitality နဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် JUGI တစ်ယောက် ယခင်အချိန်တွေတုန်းကလို လက်စွမ်းကောင်းတွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

BLAST Premier Global Final မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် COL CSGO အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Bejamin “blameF” Bremer
  • Kristian “k0nfig” Wiencke
  • Justin “jks” Savage
  • William “RUSH” Wierzba
  • Jako “JUGi” Hansen (Stand-In)
  • Jamie “keita” Hall (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle