ကြိုးခုန်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲ

ကြိုးခုန်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲ

ကြိုးခုန်ခြင်းကကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုပေးတဲ့ ကစားနည်းတစ်ခုလည်းဖြစ်သလို ငယ်ငယ်လေးကတည်းကကစားခဲ့ကစားနည်းတစ်ခုဆိုလည်းမမှားပါဘူးနော်။ကြိုးခုန်ခြင်းက  အဖော်လည်းမလိုပဲနဲ့ တစ်ယောက်တည်းလည်းလေ့ကျင့်လို့ရတဲ့ ကစားနည်းတစ်ခုဖြစ်တဲ့အတွက်နေ့တိုင်းလုပ်သင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကြိုးခုန်ခြင်းကြောင့် ရတဲ့ အကျိုးကျေးဇူးတွေကအများကြီး ပါနော်။

ကယ်လိုရီလောင်ကျွမ်းတာကလည်း ကယ်လိုရီ ၁၃၀၀ ထိတောင်လောင်ကျွမ်းနိုင်တယ်ဆိုတော့ အကောင်းဆုံးအဆီဖျော်ချနိုင်တဲ့ နည်းလမ်းလို့တောင်ပြောလို့ရပါတယ်။ ကြိုးခုန်ခြင်းက  နေရာမရွေးမှာခုန်လို့ရတဲ့ ကစားနည်းတစ်ခုပါ။မိန်းကလေးတွေအနေနဲ့ ကြိုးခုန်မယ်ဆိုရင် Sport  Bra လိုမျိုးဝတ်သင့်ပါတယ်နော်။အမျိုးသားတွေအနေနဲ့လည်း Jumping Exercise  အရမ်းမတင်းကြပါတဲ့ Underwear မျိုးဝတ်သင့်ပါတယ်နော်။ကြိုးခုန်ခြင်းက သွေးခုန်ခြင်း၊နှလုံးသွေးကြောတွေကိုလည်း ကောင်းကျိုးပြုပါတယ်။

ကြွက်သားတွေ၊ပေါင်တွေ၊ ခြေသလုံးတွေကိုလည်း အားလုံးကိုကျစ်လစ်သန်မာစေပါတယ်။ လေ့ကျင့်ခန်းအမြဲတမ်းလုပ်နေတဲ့သူတွေအတွက်ဆို ကြိုးခုန်ခြင်းက အားကစားသမားတွေအတွက် အခြေခံလေ့ကျင်ခန်းတစ်ခုလည်းဖြစ်ပါတယ်။အခုမှစပြီးခုန်မဲ့သူတွေဆိုရင် အများကြီးမခုန်နိုင်ရင်တောင် အဖန် ၅၀ လောက်ခုန်လိုက်ရင်တောင်ရပါပြီ။ နောက်ပြီးတော့တစ်ဖြည်းဖြည်းကြိမ်ဖန်များအောင်ခုန်ပေးရင်ရပါပြီ။ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့လေ့ကျင့်ခန်းလည်းတစ်ခုလည်းဖြစ်သလို၊ ကြိုးတစ်ချောင်းပဲရှိရင်တောင်အဆင်ပြေပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Pinterest