နာမည်ကျော် Esports အဖွဲ့အစည်း လက်အောက်ခံ Dota2 အသင်း အဖြစ် မြင်တွေ့ရဖွယ်ရှိတဲ့ Just Error အဖွဲ့သားများ

နာမည်ကျော် Esports အဖွဲ့အစည်း လက်အောက်ခံ Dota2 အသင်း အဖြစ် မြင်တွေ့ရဖွယ်ရှိတဲ့ Just Error အဖွဲ့သားများ

Epic League Division 1 မှာ ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့တဲ့ Just Error Dota2 အသင်းရဲ့ အဖွဲ့သားတွေကို နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုက ခေါ်ယူသွားဖို့ ချဉ်းကပ်လျက် ရှိတယ်လို့ သိရပါတယ်။ ယခင် Virtus Pro Dota2 အသင်းရဲ့ CEO လည်းဖြစ်၊ ယခု Just Error Dota2 အသင်းရဲ့ ပြင်ပ ဆက်ဆံရေး အပိုင်းမှာ ကူညီပေးလျက်ရှိတဲ့ Roman Dvoryankin ရဲ့ အဆိုအရ ဥရောပ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဟာ Just Error အဖွဲ့သားတွေကို ခေါ်ယူဖို့ ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။

“Just Error အသင်းသားတွေ အနေနဲ့ မူလပထမက ကိုယ်ပိုင် Dota2 အသင်းကို တည်ထောင်သွားဖို့ ရည်ရွယ်ခဲ့ပေမယ့် လက်ရှိကာလမှာ အကျိုးအမြတ် ရရှိဖို့ မဖြစ်နိုင်တာကြောင့် အခြေကျပြီးသား Esports အဖွဲ့အစည်း တစ်ခု လက်အောက်မှာ ကစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့တွေနဲ့ သင့်တော်မယ့် Esports အဖွဲ့အစည်းကို ကျွန်တော် ရှာဖွေလျက် ရှိပါတယ်။ လက်ရှိအချိန်မှာတော့ EU အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုက ကျွန်တော့်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။”

Roman Dvoryankin အနေနဲ့ Just Error အဖွဲ့သားတွေကို ကမ်းလှမ်းလာခဲ့တဲ့ အဖွဲ့အစည်းနဲ့ ပက်သက်ပြီး အသေးစိတ် ထုတ်ဖော် ပြောကြားသွားခဲ့ခြင်း မရှိပေမယ့် လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ အချက်အလက်များ အရ Just Error အသင်းသားတွေ အနေနဲ့ အဆိုပါ အဖွဲ့အစည်းကို တစ်လလျှင် စုစုပေါင်း လစာငွေ အဖြစ် ဒေါ်လာ ၇ သောင်းခွဲကနေ ၁ သိန်းကြား ပေးချေသွားဖို့နဲ့ TI 10 ပြိုင်ပွဲ မစတင်ခင် အချိန်အထိ အပြည့်အဝ ထောက်ပံ့ပေးမှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Roman Dvoryankin

ဒါ့အပြင် Epic League မှာ ကျရှုံးခဲ့ခြင်းနဲ့ ပက်သက်ပြီး Roman ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ အသင်းသားတွေ အားလုံး ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကြိုတင် မျှော်လင့်ထားကြပါတယ်။ ကျွန်တော်တို့တွေ အသင်းကို စတင် တည်ထောင်လိုက်ချိန်က စတင်ပြီး တစ်ခါတည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ထင်မှတ်ထားခြင်း မရှိခဲ့ပါဘူး။ ပြိုင်ပွဲ တစ်ပွဲ၊ နှစ်ပွဲလောက် ဝင်ပြီးတော့ ယှဉ်ပြိုင်ကြည့်မယ်။ အဲဒီ ပြိုင်ပွဲတွေက ရလဒ်တွေ အပေါ် မူတည်ပြီး အသင်းအတွင်း ပြောင်းလဲသင့်တာလေးတွေကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။”

Roman ရဲ့ ပြောကြားချက်များအရ Just Error အဖွဲ့သားတွေဟာ Sumail ကို အပြီးပိုင် ထုတ်ပယ်ပစ်လိုက်မျိုး မဟုတ်ဘဲ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ Sumail တစ်ယောက် ဥရောပ အခြေစိုက် အွန်လိုင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ အခါမျိုးတွေမှာ Latency အခက်အခဲကြောင့်သာ Resolution ကို ခေတ္တ အစားထိုးခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Just Error အဖွဲ့သားတွေ အနေနဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပသွားမယ့် OGA Dota PIT EU/ CIS Season 4 ပြိုင်ပွဲကနေလည်း နှုတ်ထွက်သွားခဲ့တာကြောင့် လက်ရှိချိတ်ဆက်လျက်ရှိတဲ့ Esports အဖွဲ့အစည်းနဲ့ တရားဝင် စာချုပ်ချုပ်ဆို အပြီး DPC ရာသီ ပြန်လည် စတင်ချိန်မှသာ လူစုံတက်စုံနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ပုံပါပဲ။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle