စိန်ခေါ်မှုမှာ Twitter သုံးသူတွေရဲ့ တုံ့ပြန်မှုချက်ကရော ဘယ်လိုတွေရှိကြလဲ

၂၀၁၉၊ ဇွန်လ (၁၀) ရက်နေ့မှာ Justin Bieber တစ်ယောက် သူ့ Twitter ပေါ်မှာ Tom Cruise ကို စိန်ခေါ်တဲ့ Post တစ်ခု တင်ခဲ့ပါတယ်။ ဒါကတော့ UFC ကြိုးဝိုင်းမှာ ချဖို့ပဲ ဖြစ်ပါတယ်။ ဒီ Post မှာ Justin Bieber က UFC ရဲ့ အကြီးပိုင်းဖြစ်သူ Dana White ကိုတောင် Mention ခေါ်ထားပါသေးတယ်။ စိန်ခေါ်တဲ့အကြောင်းအရင်းကိုတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။
ဒီလိုစိန်ခေါ်ချက်ကို အားပေးဖို့ အသင့်ရှိနေတဲ့သူကတော့ MMA Fighter ဖြစ်ဖူးသူ Conor McGregor ပါပဲ။ Tom သာ ဒီစိန်ခေါ်ချက်ကို လက်ခံမယ်ဆိုရင် သူတည်ထောင်ထားတဲ့ MCGregor Sport and Entertainment က Host လုပ်ပါမယ်လို့တောင် Twitter မှာ ရေးသားထားပါတယ်။
Twitter အသုံးပြုသူတွေရဲ့ ရေးသားချက်တွေကိုကြည့်ပြီး သတင်းမီဒီယာတွေ ကောက်နှုတ်ဖော်ပြထားတာအရတော့ Tom ဘက်က အလေးသာနေတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း အကြောင်းအရင်း အခိုင်အလုံရှိပါတယ်။ Mission Impossible မှာပါတဲ့ စတန့်ကွက်တွေကို သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်တတ်တဲ့ Tom က အထက်တန်းကျောင်းသားဘဝကတည်းက နပန်းကစားခဲ့လို့ပါ။
ဒီလိုစိန်ခေါ်ရတဲ့ အကြောင်းအရင်း အတိအကျမသိသေးသရွေ့တော့ ဘယ်သူ့ဘက်က အလေးသာတယ်ဆိုပြီး ခန့်မှန်းရတာ ခက်ပါတယ်။ Justin Bieber က Tom Cruise နဲ့ အတူပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စတစ်ခုရှိလို့ပဲ Attention ရအောင် လုပ်တာများလား။ အမျိုးမျိုးတွေးကြည့်လို့ ရပါတယ်။
ဘာပဲပြောပြော Justin Bieber ရဲ့ စိန်ခေါ်မှုအပေါ် Twitter အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ဒီထဲက တချို့ကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
Justin Bieber vs Tom cruise gonna be lit#justinbieber #TomCruise pic.twitter.com/Dj2hf6BmFJ
— pravin purohit (@pravinpurohitz) June 10, 2019
Tom Cruise jumps outta upside down helicopters... You think he’s really gonna have a problem jumping on Justin Bieber? #MondayMotivation
— Cyrus McQueen (@CyrusMMcQueen) June 10, 2019
When you're still a kid and you challenge an adult in the hope of entering adulthood. #TomCruise #JustinBieber pic.twitter.com/U677aO3fTv
— Groot (@academic_groot) June 10, 2019
Tom Cruise was an all state wrestler in high school and has been training for over thirty years...
— Tony Posnanski (@tonyposnanski) June 10, 2019
You can’t eat a burrito correctly...
Sit down Biebs.
ပရိသတ်ကြီးရော သူတို့ရဲ့ သုံးသပ်ချက်တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ တကယ်တမ်းယှဉ်ပြိုင်မယ်ဆိုရင်လည်း သူတို့နှစ်ယောက်မှာ ဘယ်သူက အလေးသာမလဲဆိုတာကို အပျော်အနေနဲ့ ခန့်မှန်းပေးသွားပါဦး။
Reference : metro.co.uk, cnn.com
Photo Credit : Twitter
NSC (Akhayar)