"ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် အလေ့အကျင့်ကောင်းများ "
လူတွေအများစုက အောင်မြင်ပြီးတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုလိုချင်ကြတာတော့ အမှန်တရားတစ်ခုပါပဲ။ဒါမယ့်အောင်မြင်မှုနောက်ကိုလိုက်ရင်းနဲ့ ကျန်းမာရေးအတွက် မေ့နေတတ်ကြပါတယ်။ဒီလိုမဖြစ်ရအောင်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အလေ့အကျင့်ကောင်းတွေမွေးမြူဖို့လိုအပ်ပါတယ်။ဒီနေ့မှာတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အကျင့်တွေကိုပြောပြပေးချင်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကိုယ်အလေးချိန်ထိန်းပေးခြင်း၊အရိုးများကျန်းမာစေခြင်း၊ ကြွက်သားများနှင့်အဆစ်များကို ထိန်းသိမ်းပေးကာ သွေးတိုး၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင်အမေရိကန်နိုင်ငံမှာ တစ်နှစ်လျှင်သေဆုံးမှု ၂၆၀,၀၀၀ ခန့်ထဲမှာ အများစုက ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။တစ်ပတ်မှာ 5-6 ရက်လောက် မိနစ် 30 ခန့်လေ့ကျင့်ခန်းပြုလုပ်ပေးပါ။မိနစ် 30 လမ်းလျှောက်ခြင်းကဲ့သို့ ရိုးရှင်းသောလေ့ကျင့်ခန်းကလည်း ကျန်းမာရေးအတွက် ကောင်းမွန်တာကိုအံ့ဖွယ်တွေ့ရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာက ရေရှည်ကျန်းမာဖို့အတွက်ပါကူညီပေးနိုင်ပါတယ်။
မနက်စာပုံမှန်စားပါ။ဒါကအရမ်းအရေးကြီးတဲ့အချက်ပါ။တစ်နေ့တာကို အားအင်အပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့က မနက်စာစားခြင်း၊မစားခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။မနက်စာပုံမှန်စားတဲ့သူတွေမှာ ကိုလက်စထရော လျော့နည်းနေတာကိုတွေ့ရှိရပါတယ်။အမျှင်ဓါတ်နဲ့ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားသုံးခြင်းက အားအင်ပြည့်ဝစေပြီး လန်းဆန်းတက်ကြွစေပါတယ်။
တစ်နေ့တာကိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်ကိုရွေးချယ်စားပါ။သစ်သီး၊အခွံမာသီးတွေစားပေးပြီး အချိုရည်နဲ့အခြားမုန့်ပဲသရေစာတွေကိုရှောင်ကြဥ်ပါ။နှလုံးကျန်းမာရေးအတွက် တစ်ပတ်ကိုနှစ်ခါလောက် ငါး စားပေးသင့်ပါတယ်။ပရိုတင်းဓါတ်ပြည့်ဝတဲ့ငါး(Mackerel, Salmon, Albacore Tuna)တွေမှာ နှလုံးရောဂါအန္တရာယ်ကိုလျှော့ချပေးနိုင်တဲ့ Omega-3,Fatty Acidsတွေလည်းပါဝင်ပါတယ်။အသက်ကြီးလာတဲ့အခါမှာ ရောဂါကင်းနိုင်ဖို့အတွက် ဗီတာမင်၊ သတ္တုဓါတ်၊အမျှင်ဓါတ်ပြည့်ဝတဲ့ သစ်သီးဝလံ နဲ့အသီးအနှံတွေကို များများစားပေးပါ။
ရေဓါတ်ပြည့်ဝနေပါစေ။ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်များ၊တစ်ရှူးများ နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအတွက် ရေလိုအပ်တာကြောင့် သင့်တင့်တဲ့ရေပမာဏ ပြည့်ဝနေဖို့လိုအပ်ပါတယ်။နေ့စဥ် ရေ၈ခွက်လောက်ကတော့ မဖြစ်မနေသောက်ပေးသင့်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ။အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတစ်ခုပါပဲ။အိပ်ရေးပျက်တာတွေများလာတဲ့အခါငိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အာရုံစူးစိုက်မှုကင်းမဲ့ခြင်း၊မေ့မေ့လျော့လျော့ဖြစ်လာခြင်းတို့ဖြစ်နိုင်တာကို အားလုံးလည်းသိထားမှာပါ။နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ဦးနှောက်ကိုသက်ရောက်မှုရှိလာနိုင်ပြီး အယ်ဇိုင်းမားကဲ့သို့သောရောဂါတွေဖြစ်နိုင်လို့ ဂရုစိုက်ဖို့လိုပါတယ်။