ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် ကျန်းမာရေးပြဿနာအတွက် မြန်မာ့ဦးဆောင် အာမခံလုပ်ငန်း KBZ MS က ၎င်း၏ ကျန်းမာရေးအာမခံတွင် Covid-19 အကာအကွယ်ကို အခမဲ့ ဖြည့်စွက်ပေး

ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် ကျန်းမာရေးပြဿနာအတွက် မြန်မာ့ဦးဆောင် အာမခံလုပ်ငန်း KBZ MS က ၎င်း၏ ကျန်းမာရေးအာမခံတွင် Covid-19 အကာအကွယ်ကို အခမဲ့ ဖြည့်စွက်ပေး

လက်ရှိကမ္ဘာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်မှုများပြားလာခြင်းကြောင့် ချစ်ခင်ရသူများ အတွက် စိုးရိမ်ပူပန်ရမှုများ မြင့်တက်နေသည့်အချိန်ဖြစ်ရာ လူမှုပတ်ဝန်းကျင်အား ကောင်းကျိုးဖြစ်စေမည့် နည်းလမ်းများရှာဖွေရန် နှင့် အချင်းချင်း စောင့်ရှောက်ကြည့်ရှုရမည့်အချိန်တစ်ခုပင်ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာ့ဦးဆောင် အာမခံလုပ်ငန်း  KBZ MS က ၎င်း၏ ကျန်းမာရေးအာမခံ “အာရောဂျံ” ဝန်ဆောင်မှု ရယူထားသူများအတွက် အာမခံတွင် အကျုံးဝင်မည့် အကာအကွယ်များကို ယနေ့မှစ၍ လာမည့် သုံးလတာကာလအထိ ကနဦးအနေဖြင့် ဖြည့်စွက်ချဲ့ထွင်ပေးသွားတော့မည် ဖြစ်သည်။

KBZ MS ၏ အာရောဂျံဝန်ဆောင်မှုရယူထားသူများနှင့် စတင်ဝယ်ယူသည့်သူများတွင် မေလ ၁၀ ရက်နေ့မှ  လာမည့် ဇွန်လ (၁၃) ရက်နေ့အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ပလူနာအဖြစ်ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏  အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကိုအကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။

အာရောဂျံ သည် KBZ MS ၏ ကျန်းမာရေးအလုံးစုံအာမခံဖြစ်ပြီး ၂၀၁၉  ခုနှစ် ဖေဖော်ဝါရီတွင် စတင်မိတ်ဆက် ပေးခဲ့ကာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဝန်ဆောင်မှုရယူနိုင်သည်။ အဆိုပါအာမခံသည် ပြင်ပလူနာအဖြစ်ကုသခံရ ခြင်း၊ ဆေးရုံတက်ရခြင်း နှင့် ခွဲစိတ်ကုသခံရခြင်း၊ ကုသမှုအပြီးပြန်လည်ထူထောင်ရေး ၊ ပြင်းထန်သည့်ရောဂါ ခံစားရခြင်း နှင့် သေဆုံးခြင်း အခြေအနေများအတွက် အကျုံးဝင်သည်။ မြန်မာနိုင်ငံရှိ မိသားစုများက ကျန်းမာရေးအာမခံ၏ အလုံးစုံကာကွယ်ပေးထားမှုအခြေအနေနှင့် ကျန်းမာရေးအာမခံ ထားရှိခြင်း၏ အကျိုး ကျေးဇူးများကို ပိုမိုနားလည်သဘောပေါက်လာသည်နှင့်အမျှ အာရောဂျံအာမခံအား ဝယ်ယူသူ များပြား လာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ပြင်ပလူနာအဖြစ်ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်း ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏  ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်ရှိမည့် အာရောဂျံ၏ အကာအကွယ်အမျိုးအစားကို အခမဲ့ချဲ့ထွင်ခြင်းလုပ်ဆောင်ချက်သည် ပြည်တွင်းလူမှုအသိုက်အဝန်းများအကြား ဗိုင်းရပ်စ်ပိုးကူးစက်နိုင်သည့်အလားအလာကို လျှော့ချပေးရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင်လည်း KBZ MS က ရန်ကင်းနှင့်လှိုင်မြို့နယ်တို့ရှိ အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူများအတွက် mask တစ်ထောင် ခန့် အခမဲ့ဝေငှပေးခဲ့ပြီး တုပ်ကွေးရောဂါပြန့်ပွားခြင်း၏ အန္တရာယ်နှင့် ဗိုင်းရပ်ပိုးအား ထိရောက်စွာ  ကာကွယ်နိုင် မည့်နည်းလမ်းများအကြောင်း ရှင်းလင်းပြောပြပေးခဲ့သည်။

Photo -KBZ MS

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle