ကစားသမား လေးဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ Dota2 အသင်း Keen Gaming

ကစားသမား လေးဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ Dota2 အသင်း Keen Gaming

Keen Gaming အနေနဲ့ 2019-2020 DPC ရာသီ စတင်စဉ် အချိန်က စတင်ပြီး ကျရှုံးမှုတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။ အောင်မြင်ခြင်း လမ်းမပေါ် ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် ကစားသမား အပြောင်းအလဲပေါင်း များစွာကို ပြုလုပ်ခဲ့သလို နာမည်ကျော် ကစားသမားဖြစ်သူ Chai “Mushi” Yee Fung ကိုပါ ခေါ်ယူခဲ့ပေမယ့်လည်း Keen Gaming အနေနဲ့ ဒေသတွင်း Major/ Minor လက်ရည်စစ်ပွဲမှာတင် ကျရှုံးမှုတွေနဲ့ ဆက်လက် ရင်ဆိုင်ခဲ့ရပါတယ်။

Kamma/ Freeze

လက်ရှိအချိန်မှာ 2019-2020 DPC ရာသီကို COVID-19 ကပ်ဘေးကြောင့် ခေတ္တ ရပ်ဆိုင်းထားတာနဲ့ အညီ Keen Gaming ရဲ့ ကစားသမား သုံးဦးကတော့ အသင်းကနေ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်ပါတယ်။ Keen Gaming ရဲ့ Carry ကစားသမားဖြစ်သူ Liu “Kamma/ Freeze” Chang အနေနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် အသင်းရဲ့ အမြဲတမ်း ကစားသမား စာရင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ကပ္ပတိန်ဖြစ်သူ Song “Dark” Runxi အနေနဲ့လည်း ကျန်းမာရေးပိုင်းမှာ ချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် ဆေးဝါးကုသမှု ခံယူဖို့ အတွက် ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ Keen Gaming Dota2 အသင်းရဲ့ Support ကစားသမားဖြစ်သူ Jiang “yftx” An ကတော့ အခြားသော ကစားသမား နှစ်ယောက်လို အသင်းကနေ ထွက်ခွာသွားခဲ့တာ မဟုတ်ဘဲ အရောင်းစာရင်း အပေါ် ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Dark

ဒါ့အပြင် Pos4 ကစားသမားဖြစ်သူ Zhaung “Xiaofu” Yongfu အနေနဲ့လည်း ၂၀၂၀ ခုနှစ်၊ ၂ လပိုင်းမှာ KG.Luminous အသင်းကို ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်တာကြောင့် Keen Gaming Dota2 အသင်းမှာ Mid Lane ကစားသမားဖြစ်သူ Zhai “Yi” Jingkai တစ်ဦးသာ ကျန်ရှိတော့တာကြောင့် အခုလို ကစားသမား (၄) ဦး အထိ ပြန်လည် ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Keen Gaming Dota2 အသင်းမှာ Pos4 ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမှာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်တဲ့ Tue “Ah Fu” Soon Chuan ပဲ ဖြစ်ပါတယ်။ Ah Fu အနေနဲ့ ယခင်အချိန်တွေတုန်းက အကောင်းဆုံး Pos4 ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Ahfu

Keen Gaming အနေနဲ့ ကျန်ရှိနေတဲ့ Position တွေ အတွက် နာမည်ကျော် ကစားသမားတွေကို ထပ်မံ ခေါ်ယူခဲ့ခြင်း မရှိဘဲ Carry Position အတွက် KG.Luminous မှ Yang “Erica” Shaohan ကို ခေါ်ယူခဲ့သလို Offlane အတွက် Aster.Aries မှ လူငယ်ကစား Xiao “SS” Yihu ၊ Pos 5 နေရာအတွက် Serenity Dota2 အသင်းမှ Zhao “Yds” Jiayi တို့ကိုသာ ခေါ်ယူခဲ့ပါတယ်။

လက်ရှိအချိန်မှာ Keen Gaming အနေနဲ့ DPL Season 7 နဲ့ China Pro League Season 2 တို့မှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲတွေမှာ လူစာရင်း အသစ်ဖြင့် အောင်မြင်မှုတွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ahfu

Keen Gaming Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Yang “Erica” Shaohan – Pos 1
  • Zhai “Yi” Jingkai – Pos 2
  • Xiao “SS” Yihu – Pos 3
  • Zhao “Yds” Jiayi – Pos 4
  • Tue “Ah Fu” Soon – Pos 5
  • Tang “71” Wenyi - Coach

REF: OneEsports, VpEsports