Valorant ရဲ့ ၁၂ ယောက်မြောက် Agent အသစ် Killjoy ရဲ့ Ability တွေ ထပ်မံပေါက်ကြား

Valorant ရဲ့ ၁၂ ယောက်မြောက် Agent အသစ် Killjoy ရဲ့ Ability တွေ ထပ်မံပေါက်ကြား

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကျွန်တော်တို့ Valorant ရဲ့ ၁၂ ယောက်မြောက် Agent အသစ် Killjoy အကြောင်းကို တင်ဆက်ခဲ့ပြီးပါပြီ။ အခုအခါမှာတော့ သာမန် Easter Egg တွေမဟုတ်တော့ဘဲ Riot ကိုယ်တိုင်က သတင်းပေါက်ကြားမှုတွေ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

Killjoy အကြောင်း Valorant မှာတင်ထားတဲ့ Screen Grab

Killjoy က ဂျာမနီက Tech Master တစ်ယောက်ဖြစ်ပြီး၊ ကျွန်တော်တို့သိရှိခဲ့ရတဲ့အတိုင်း သူ့ရဲ့ Ability တွေက စက်ရုပ်တွေကို အားကိုးပြီး အသုံးချတာမျိုးပဲဖြစ်ပါတယ်။ ဒီ Ability အကြောင်းတွေကိုတော့ Valorant ရဲ့ Official website မှာ Enter Killjoy ဆိုတဲ့ Site ကနေ သိရှိရတာဖြစ်ပါတယ်။ Enter Killjoy page ကိုတော့ Website မှာ ခဏပဲထားပြီး အခုတော့ ပြန်ဖျက်သွားပါပြီ။

Killjoy ရဲ့ Ability တွေကတော့

·      Alarmbot - ဒီ Ability ကတော့ Bot ကိုမြေကြီးမှာချထားခဲ့ပြီး အနီးအနားကိုရန်သူတွေ ရောက်လာတဲ့အခါ ထ ပေါက်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ထပေါက်တာ ထိသွားတဲ့ရန်သူတွေဟာ သေနတ်နဲ့ အခြား Ability က Damage တွေကို နှစ်ဆ ထိမှာဖြစ်ပါတယ်။

·      Turret - မြေကြီးမှာ Bot ကိုပစ်ချထားတဲ့အခါ ဒီ Bot လေးက 180 degree cone မှာရောက်လာတဲ့ ရန်သူတွေကို ကူပြီး ပစ်ခတ်ပေးမှာဖြစ်ပါတယ်။

·      Nanoswarm - ဒီ Ability ကတော့ Raze တို့လိုမျိုး ဗုံးနဲ့လှမ်းပစ်မှာဖြစ်ပြီး ထပေါက်တဲ့အခါ Nano bot လေးတွေ ဝိုင်းပြီး Area ထဲကို ဝင်လာတဲ့သူတိုင်းကို Damage ထိစေမှာဖြစ်ပါတယ်။

·      Lockdown – Ult လို့ယူဆရတဲ့ ဒီ ability ကတော့ Alarmbot နဲ့ဆင်တူပါတယ်။ ဒါပေမယ့် ထ ပေါက်မယ့်အချိန်ကြာမြင့်ပြီး၊ ရန်သူတွေက ဖျက်ဆီးပစ်လို့ရပါတယ်။ တကယ်လို့ ထိသွားမယ်ဆိုရင်တော့ Damage အပြင် ရန်သူတွေဟာ အတော်လေးကိုနှေးသွားပြီး၊ သေနတ်နဲ့လည်းပြန်ပစ်လို့ရမှာမဟုတ်ပါဘူး။

Killjoy Ability တွေကို Video နဲ့ ပြသထားတာပါ

Ground Control Ability တွေများတဲ့ Killjoy ဟာ Site Defend တာနဲ့ Spike ထောင်ပြီး Defuse မလုပ်အောင် Site မှာစောင့်နေရတဲ့အခါမျိုးမှာ အသုံးဝင်မယ့် Agent မျိုးဖြစ်ပါတယ်။

Killjoy ကိုဘယ်တော့မှ Valorant မှာ တွေ့မြင်ရမလဲဆိုတာတော့မသိပေမယ့် သြဂုတ်လ ၄ ရက်နေ့လောက် ထွက်ရှိလာမယ်လို့တော့ သတင်းတွေထွက်နေပါတယ်။

Reference: Dot Esports