Killjoy ကို FaZe Clan ရဲ့ Valorant Invitational ပွဲတွေမှာ တွေ့မြင်ရမှာမဟုတ်သေး
Riot အနေနဲ့ Tournament မှာ ပြဿနာတွေတက်မှာစိုးတာကြောင့် Killjoy ကို FaZe Clan Invitational ပွဲမှာ Disable ပြုလုပ်ထားမယ်လို့သိရှိရပါတယ်။ အတော်များများလက်ရှိ စမ်းသပ်နေကြဆဲ Agent သစ်တစ်ယောက်ဖြစ်တဲ့ Killjoy ဟာ သူ့ရဲ့ Site တွေကို Control နိုင်တဲ့ Ability အသစ်တွေကြောင့် လူကြိုက်များလျက်ရှိပါတယ်။
Riot ကတော့ Killjoy နဲ့ပတ်သက်တဲ့ အခြေအနေတွေနဲ့ Bugs တွေ၊ Exploits တွေနဲ့ ပြဿနာတွေတက်လာမှာစိုးတာကြောင့် “ကျွန်တော်တို့အနေနဲ့လက်ရှိအချိန်မှာ Killjoy Agent ရဲ့ Stability ကိုယုံကြည်မှုမရှိသေးပါဘူး” လို့ဆိုထားပါတယ်။
တကယ်တော့ ဂိမ်းထဲမှာ Character အသစ်ပါလာတိုင်း Competitive ပွဲတွေမှာ ချက်ချင်းအသုံးပြုလို့မရတာက Esports ဂိမ်းတွေမှာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုပါပဲ။ Dota 2 မှာဆို Hero အသစ်ထွက်လည်း Captain Mode နဲ့ Competitive ပွဲတွေမှာ ဒီ Hero အသစ်နဲ့ဝင်ရောက်ယှဥ်ပြိုင်ခွင့် ချက်ချင်းမရရှိပါဘူး။
This one's on us.
— VALORANT (@PlayVALORANT) August 6, 2020
Thanks for the understanding, and for putting the competitive experience first. Looking forward to watching a great tournament! https://t.co/J4maVOMHG3
Killjoy နဲ့ပတ်သက်ပြီး ဆော့ခွင့်မရှိဘဲ ပိတ်ပင်ထားတဲ့အကြောင်းကို FaZe ကနေ စ ပြီး Tweet နဲ့ကြေညာထားပါတယ်။ ဒီ Tweet ကို Valorant Official Twitter အကောင့်ကနေ “အဲ့တာက ကျွန်တော်တို့ကြောင့်ဖြစ်တာပါ။ နားလည်မှုတွေအတွက်ကျေးဇူးတင်သလို Competitive အတွေ့အကြုံမှာကောင်းမွန်ဖို့အတွက် အခုလိုဆုံးဖြတ်ထားတာဖြစ်ပါတယ်” လို့လည်း Retweet လုပ်ပြီးပြောကြားထားပါတယ်။
လက်ရှိမှာ Killjoy ဟာ ရေပန်းအစားဆုံး Agent အသစ်တစ်ယောက်ဖြစ်နေပါတယ်။ 100 Thieves ရဲ့ Captain Player “Hiko” ကလည်း Killjoy ရဲ့ Nanoswarm Grenade Ability ကို သတိထားမိဖို့ခက်ခဲပြီး၊ Damage ထိတာလည်း တအားမြန်တယ်လို့ဆိုထားပါတယ်။ ဆက်လက်ပြီးတော့လည်း “ဒီ Agent ဟာ ဒီပုံစံအတိုင်းဂိမ်းထဲမှာ ဆက်ရှိနေမှာမဟုတ်ဘူး” လို့လည်း ပြောကြားထားပါသေးတယ်။
Ref: Dot Esports