မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ ညီမငယ် Kim Yo-jong ကို သိပါသလား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ ညီမငယ် Kim Yo-jong ကို သိပါသလား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နဲ့ အမေရိကန်သမ္မတ Donald Trump တို့တွေ့ ဆုံတဲ့ Trump – Kim Summit ကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေပါတယ်။ လူတိုင်းမသိကြတာက Kim Jong-un ဘေးမှာ ထပ်ကြပ်မကွာလိုက်လာတဲ့ ညာလက်ရုံး Kim Yo-jong ပါ။

Kim Jong-un ကို လူသိများပေမယ့် သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ ညီမငယ် Kim Yo-jong ကတော့ လူသိနည်းပါတယ်။ သူမဟာ ကိုရီးယားနှစ်နိုင်ငံ တွေ့ ဆုံခဲ့တဲ့ Inter-Korean Summit တုန်းကလည်း ပါဝင်ဖူးသူပါ။

Kim Yo-jong ရဲ့အသက်ကို အတိအကျမသိရပေမယ့် ၂၉နှစ်နဲ့ ၃၁နှစ်ကြားမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။ တချို့တွေက သူမဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုချိန်မှာ အသက် (၃၁) ရှိပြီလို့ ဆိုကြပါသေးတယ်။ မြောက်ကိုရီးယားအာဏာရှင်ဟောင်း Kim Jong-il နဲ့ ဂျပန်အကမယ် Ko Yong Hui တို့က မွေးဖွားလာတဲ့ သားသမီး (၃) ယောက်အထဲက အငယ်ဆုံးသမီးဖြစ်ပါတယ်။ သူမရဲ့အစ်ကိုနှစ်ယောက်က Kim Jong-chul နဲ့ လက်ရှိခေါင်းဆောင် Kim Jong-un တို့ပါ။

သွားလေသူ Kim Jong-il ကဆိုရင် သမီးထွေးကို အချစ်ပိုခဲ့ပြီး ‘မင်းသမီးလေး . . အရမ်းလှတာပဲ” လို့တောင် တဖွဖွပြောတတ်သူပါ။ Kim Yo-jong ဟာ ငယ်စဉ်ဘဝတုန်းက ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ English Language International School မှာ တက်ခဲ့ပါသေးတယ်။ (အဲဒီကျောင်းမှာ အစ်ကိုတော် Kim Jong-un လည်း တက်ဖူးပါတယ်။)

သူမဟာ ခြောက်တန်းအောင်တော့ ၂ဝဝဝခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အထက်တန်းပညာကို ဘယ်ကျောင်းမှာ သင်ယူခဲ့သလဲဆိုတာ တိတိကျကျမသိရပေမယ့် စစ်ပညာကိုတော့ Kim Il Sung Military University မှာ သင်ယူခဲ့တာပါ။ ဖခင်ကြီး Kim Jong-il ဆိုရင် သမီးငယ်လေးက နိုင်ငံရေးကို စိတ်ဝင်စားတဲ့အတွက် သူ မရှိတော့ရင် နိုင်ငံကို ဦးဆောင်နိုင်လိမ့်မယ်လို့တောင် ပြောခဲ့ဖူးပါတယ်။

အာဏာရှင် Kim Jong-un က စကားကို ဟောင်ဖွာဟောင်ဖွာပြောတတ်ပေမယ့် ညီမဖြစ်တဲ့ Kim Yo-jong ကတော့ သိုသိုသိပ်သိပ်နေထိုင်တတ်ပြီး သူမကို ဖခင်ရဲ့နာရေးမှသာ မြင်တွေ့ကြရတာဖြစ်ပါတယ်။

၂ဝ၁၈ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘2018 Winter Olympics’ ဖွင့်ပွဲအတွက် Kim Yo-jong ဟာ မြောက်ကိုရီးယားနိုင်ငံကိုယ်စားပြု တက်ရောက်မှသာ သူမရဲ့ ပုံရိပ်တွေ ပျံ့ နှံ့ခဲ့တာဖြစ်ပါတယ်။

တကယ်တမ်းတော့ သူမဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပါဝါအရှိဆုံးအမျိုးသမီးလို့တောင် ဆိုရမှာပါ။ အခုချိန်အထိ အစ်ကိုဘေးမှာ ရပ်တည်ရင်း လိုလေးသေးမရှိအောင် ကူညီပေးနေတဲ့ ညီမငယ် Kim Yo-jong ပဲဖြစ်ပါတယ်ခင်ဗျာ။

Photo Credit – Business Insider

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle