B8 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Ghostik နဲ့ KingR

B8 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Ghostik နဲ့ KingR

Andrey “Ghostik” Kadyk နဲ့ Rinat “KingR” Abdullin တို့ဟာ B8 ရဲ့ Roster ထဲကနေ ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ Ghostik နဲ့ KingR တို့ဟာလည်း B8 အသင်းကိုယ်စားပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရခဲ့တာ အတော်ကြာပြီဖြစ်ပါတယ်။

Official Roster မှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရတော့တဲ့အခါ Cyber Legacy နဲ့ အခြားအသင်းတွေမှာ Stand-in အနေနဲ့ ဝင်ရောက် ဆော့ကစားပေခဲ့ပေမယ့် ဘယ်အသင်းကိုမှ ဝင်ရောက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင် Player နှစ်ယောက်စလုံး ဟာ ဇွန်လက စ ပြီးတော့ Tier-Two Tournament တွေကလွဲပြီး တခြားဘာ Tournament မှ ဝင်ရောက်ဆော့ကစားခွင့်မရခဲ့တာကြောင့် နောက်ဆုံး Free Agent အဖြစ်ခံပြီး အသင်းကို နှုတ်ဆက်ထွက်ခွာသွားတာဖြစ်ပါတယ်။

Player နှစ်ယောက်ကို ဇွန်လ ၇ ရက်ကတည်းက B8 အသင်းရဲ့ Active Roster ထဲထည့်မထားတော့ဘဲ Team Founder နဲ့ Captain ဖြစ်တဲ့ Dendi ကလွဲလို့ Player လေးယောက်အသစ် အစားထိုးခဲ့ပါတယ်။ B8 အသင်းရဲ့လက်ရှိ Roster ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Arets “Crystallis” Remco (Position 1)
  • Danil “Dendi” Ishutin (Position 2)
  • Oleg “LastHero” Demidovich (Position 3)
  • Enis “5up” Elfki (Position 4)
  • Dmitriy “Fishman” Polishchuk (Position 5)

လက်ရှိ Ghostik နဲ့ KingR အခု B8 ကနေထွက်ခွာသွားပြီးတဲ့နောက် Dendi ကလွဲလို့ အသင်းရဲ့ Original Roster ကလူတွေတစ်ယောက်မှ မကျန်ခဲ့တော့ပါဘူး။ B8 အသင်းဟာ Dota 2 သမိုင်းတစ်လျှောက် အရှုံးဆုံးစံချိန် 0-26 ထိရရှိထားခဲ့တာကြောင့် အခုလိုမျိုး Roster ပြောင်းလဲတာဟာလည်း ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။