ကျန်းမာရေး အခြေအနေကြောင့် ဘယ်အချိန်မှ ပြန်လည် ကစားနိုင်မယ် ဆိုတာကို မသိသေးကြောင်း ဝန်ခံသွားခဲ့တဲ့ Kjaerbye

ကျန်းမာရေး အခြေအနေကြောင့် ဘယ်အချိန်မှ ပြန်လည် ကစားနိုင်မယ် ဆိုတာကို မသိသေးကြောင်း ဝန်ခံသွားခဲ့တဲ့ Kjaerbye

ပရိုဖက်ရှင်နယ် CSGO အသင်း North ရဲ့ ကစားသမား တစ်ဦးဖြစ်သူ Markus “Kjaerbye” Kjaerbye အနေနဲ့ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ အစာအိမ်နာခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် ပြီးခဲ့တဲ့ အပတ်က စတင်ကာ North အသင်းရဲ့ အမြဲတမ်း ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ Kjaerbye အနေနဲ့ ဘယ်အချိန်မှ CSGO လောက အထဲကို ပြန်လည် ဝင်ရောက်နိုင်မယ် ဆိုတာကို ခန့်မှန်းလို့ မရသေးကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ဝန်ခံသွားခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော် ချစ်မြတ်နိုးတဲ့ CSGO ကို အစွမ်းကုန် ပေးဆပ် ကစားသွားဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ကျန်းမာရေး အခြေအနေ လုံးဝ ပြန်လည် ကောင်းမွန်လာဖို့ အတွက် လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

လက်ရှိအချိန်မှာ ဘယ်အချိန်မှ ပရိုကစားသမား ဘဝကို ပြန်လည် ခံယူနိုင်မယ် ဆိုတာကို သိရှိခြင်း မရှိသေးပေမယ့် ကျန်းမာရေး အခြေအနေ အလုံးစုံ ကောင်းမွန်လာဖို့ အတွက် အပြည့်အဝ အနားယူဖို့ လိုအပ်နေကြောင်း သိထားပါတယ်။ အခုလို ကျွန်တော် ရင်ဆိုင်နေရတဲ့ အခြေအနေကို နားလည်ပေးတဲ့ ပရိသတ်တွေ၊ မိသားစုတွေ၊ North အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်မိပါတယ်။”

Kristou

North CSGO အသင်း အနေနဲ့ Kjaerbye တစ်ယောက် ကျန်းမာရေး အလုံးစုံ ကောင်းမွန်မှသာ အသင်းကို ပြန်လာနိုင်စေရန် အတွက် အသက် (၁၈) နှစ် အရွယ်သာ ရှိသေးတဲ့ AGF Esports CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Kristoffer “Kristou” Aamand ကို အငှားကစားသမား အဖြစ် ခေါ်ယူထားတာကြောင့် Kjaerbye တစ်ယောက် ပါဝင်နိုင်ခြင်း မရှိသေးပေမယ့် ယှဉ်ပြိုင်လျက်ရှိတဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ