North CSGO အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Kjaerbye

ဒိန်းမတ် အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း North ရဲ့ အဓိက ကစားသမားဖြစ်သူ Markus “Kjaerbye” Kjaerbye ကတော့ အသင်းမှာ ၂ နှစ်ခွဲခန့် ကျင်လည်ပြီး နောက်မှာတော့ ပြန်လည် ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Kjaerbye တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို North CSGO အသင်းဘက်ကတော့ ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။
Update on @KjaerbyeCS:
— North (@TheNorthIsHere) July 10, 2020
Today Markus and North have decided to part ways. A true legend in and out of the game. We wish you nothing but the best!
Read the full story here: https://t.co/jZN4GNwLZu
*Disclaimer: No Kjaerbyes were harmed in the making of this fictional piece. pic.twitter.com/rY6TSS1ixI
“Kjaerbye နဲ့ North အသင်း တာဝန်ရှိသူများ အကြား အပြန်အလှန် ဆွေးနွေးပြီး နောက်မှာတော့ Kjaerbye ရဲ့ သဘောဆန္ဒကို လိုက်လျောတဲ့အားဖြင့် အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ Kjaerbye က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်သလို ပေါင်းသင်းဆက်ဆံရ အဆင်ပြေတဲ့ ကစားဖော်ကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးမှာ အဆင်ပြေစေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။”

Kjaerbye အနေနဲ့ North CSGO အသင်းကနေ ကျန်းမာရေး အကြောင်းပြဖြင့် မေလကတည်းက အနားယူနေခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာပြီးနောက် ရှေ့ဆက် လုပ်ဆောင်သွားမယ့် လမ်းကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော် North မှာ တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းဖော်တွေ၊ အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှုတွေကို အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပရို CSGO လောကကနေ ခေတ္တ အနားယူသွားဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင် အချိန်အတွင်းမှာ အသင်းသစ်နဲ့ အတူ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသသွားဖို့ စိတ်ကူးထားပါတယ်။”

Kjaerbye အနေနဲ့ North CSGO အသင်းနဲ့အတူ Dreamhack Masters Stockholm 2018, DreamHack Open Valencia 2018, DreamHack Open Sevilla 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
REF: VpEsports