ကမ္ဘာအရပ်ရပ်က လှလွန်းတဲ့ ဒန်းတွေ

ကမ္ဘာအရပ်ရပ်က လှလွန်းတဲ့ ဒန်းတွေ

မွန်းကြပ်နေတဲ့ စိတ်တွေကို ဖွင့်ထုတ်ဖို့ အကောင်းဆုံးအရာတစ်ခုက လေဟုန်စီးခြင်းပါပဲ။ ကလေးဘဝတုန်းက ဒန်းစီးပြီဆိုရင် ထိုင်စီးရုံအားမရတတ်လို့ မတ်တပ်ရပ်အနေအထားနဲ့ လေဟုန်စီးကြသူတွေလည်း ရှိမှာပဲနော်။ ပန်းခြံတွေထဲမှာ ရှိနေတဲ့ စီးနေကျဒန်းတွေလိုမဟုတ်ဘဲ ချောက်ကမ်းပါးကို မြင်နေရမယ့် ဒန်းမျိုးတွေ၊  ဒါမှမဟုတ် ကမ်းခြေလိုနေရာမျိုးမှာရှိတဲ့ ဒန်းတွေဆိုရင် ဘယ်လောက်တောင် လှလိုက်မလဲဆိုတာ တွေးကြည့်ပါလား။ စိတ်ကူးထဲမှာတင် အတော်လှနေပါပြီ။ ဒီလိုစိတ်ကူးတွေထဲက ဒန်းတွေက အပြင်မှာ တကယ်ရှိပါတယ်။ မယုံဘူးလား။ အောက်မှာ ပြောပြပေးထားတယ်။ ဖတ်ကြည့်နော်။

Hjørundfjord Swing
ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်ကို မြင်ကြည့်ပါ။ တိုက်ခတ်လာတဲ့ လေညင်းတွေက ဆံသားတွေကို လေပေါ်မှာ ဝဲနေစေပါ။ ဒါတွေအားလုံးက လှပတဲ့ ပတ်ဝန်းကျင်တစ်ခုမှာရှိတဲ့ ဒန်းတစ်ခုပေါ်မှာ လေဟုန်စီးရင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များသာ ဖြစ်ပါတယ်။ ဒါတင်ပဲ မဟုတ်သေးပါဘူး။ သင့်မျက်စိရှေ့မှာ စိမ်းစိုနေတဲ့ တောင်တန်းကြီးကို မြင်နေရမှာဖြစ်တဲ့အပြင် သင်ရှူလိုက်တဲ့လေက ပင်လယ်ရေပြင်ရဲ့ အငွေ့အသက်ပါ ပါနေဦးမှာပါ။ ဒါကတော့ နော်ဝေးနိုင်ငံရဲ့ Inn and Pub Christian-Gaard ဆိုတဲ့ ဥယျာဉ်မှာရှိတဲ့ ဒန်းပါ။ ဒီနေရာကို သွားရောက်ဖို့ မလွယ်ကူပါဘူး။ မြို့အထပ်ထပ်၊ တောင်အထပ်ထပ်ကျော်ဖြတ်ပြီးမှ ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Swing at the End of the World
ချောက်ကမ်းပါးကို ဖြတ်သွားမယ့် ဒန်းကို စီးရမယ်ဆိုရင် သင့်စိတ်ထဲ ဘယ်လိုနေမယ် ထင်ပါသလဲ။ ကြိုးမှ ခိုင်ပါ့မလား။ မတော်လို့ ငါပြုတ်ကျသွားရင် ဒုက္ခဆိုပြီး တွေးမိမှာပေ့ါနော်။ တစ်ခုရှိတာက ဘဝမှာ တစ်ကြိမ်တစ်ခါတော့ စွန့်စားဖူးသင့်တယ်မဟုတ်လား။ ဒီလိုစွန့်စားရမယ့်အရာတွေထဲမှာ အီကွေဒေါနိုင်ငံက နာမည်ကြီးတဲ့ ဒန်းစီးဖို့လည်း မဖြစ်မနေပါသင့်ပါတယ်။ နက်ရှိူင်းပြီး ကြောက်ဖို့ကောင်းတဲ့ အီကွေဒေါရဲ့ ကာဆာဒီအာဘိုလို့ လူသိများတဲ့ မီးတောင်စောင့်ကြည့်ရေးစခန်းမှာ သစ်ပင်အိမ်လေး တစ်အိမ်ဆောက်ထားပါတယ်။ သစ်ပင်ရဲ့ သေးငယ်လှတဲ့ အကိုင်းအခက်တစ်ခုကနေ ဆွဲဆောင်မှုရှိတဲ့ သဘာဝအတိုင်း အကြမ်းထည် ပြုလုပ်ထားတဲ့ ဒန်းလေးရှိပါတယ်။ ပိုက်တွေ၊ ဆိုင်းကြိုးတွေ၊ တခြားလုံခြုံစေတဲ့အရာတွေနဲ့မဟုတ်ဘဲ သစ်သားနဲ့ ကြိုးနှစ်ချောင်းအပြင် မပိုတဲ့ ဒီဒန်းကို စီးသူတွေက နက်ရှိုင်းတဲ့ချောက်ကြီးကိုဖြတ်ပြီး လေဟုန်စီးရမှာဖြစ်ပါတယ်။

Billy Goat Hill Swing
ဒီဒန်းကတော့ ဆန်ဖရန်စ္စကိုမှာရှိတဲ့ Billy Goat Hill Park မှာ တည်ရှိပါတယ်။ ပြီးပြည့်စုံတဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်တို့ကို ကြည့်ရှုနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုပါ။ မြို့ရဲ့ အပေါ်စီးကို မြင်နေရမယ့် ဒီဒန်းက ခရီးသွားတွေကြား နာမည်ကြီးပေမယ့်လို့ လူအုံထနေတာမျိုးတော့ မရှိပါဘူး။ မြို့တွင်းမှာနေတဲ့ ပြည်သူတွေက လူမှုကွန်ရက်တွေပေါ် ဓာတ်ပုံတင်ဖို့အတွက်လောက်သာ လာလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Lazy Beach Swing
ကမ္ဘောဒီးယားနိုင်ငံက Koh Rong Saloem ဆိုတဲ့ ကျွန်းလေးမှာရှိတဲ့ Lazy Beach ဟာ တသီးတသန့်ဆန်တဲ့ ကမ်းခြေဖြစ်ပါတယ်။ အဲ့ဒီမှာ အပန်းဖြေစခန်းတွေ၊ စားသောက်ဆိုင်တွေ ဘာတစ်ခုမှ ရှိမနေပါဘူး။ နေပူစာလှုံပြီး ရေကစားပြီးပြီဆိုရင်တော့ အပန်းဖြေဖို့အတွက် ဒီဒန်းလေးက အသင့်တော်ဆုံးပါ။ Koh Rong Saloem ကျွန်း စီမံခန့်ခွဲသူတွေက ကျွန်းအလှမပျက်အောင် ထိန်းသိမ်းထားတာမို့ ခရီးသွားအဝင်အထွက်လည်း ထူထပ်မနေပါဘူး။ ဒီကျွန်းမှာ ရေငုပ်တာ၊ Trekking ထွက်တာတွေနဲ့ တောင်တက်စက်ဘီးနင်းတာတွေလည်း လုပ်လို့ရပါတယ်။

The Bali Swing
ဘာလီကဒန်းကိုတော့ အများစုက သိပြီးပြီ ထင်ပါတယ်။ ခရီးသွားတွေ မသွားမဖြစ် သွားလေ့ရှိတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ခရီးသွား Blogger တွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံရိုက်ကူးလေ့ရှိတဲ့ နေရာပါ။

သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ တောကို စီးမြင်နေရမယ့် ဘာလီဒန်းကို စီးမယ်ဆိုရင်တော့ နောင်တမရမှာ အသေအချာပါပဲ။

Reference and Photo – blinktravel.guide, Wikipedia, vivalifestyleandtravel

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle