ကိုးရီးယားဟင်းချက်ပြိုင်ပွဲကြီးမှာ တတိယဆုရရှိခဲ့တဲ့ အသက်၈နှစ်အရွယ် Little Chef ရဲ့ ကိုးရီးယားထမင်းသုပ်လုပ်နည်း
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းလျာမျိုးစုံကိုကျွှမ်းကျင်စွာချက်နိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး၊ အသက်၈နှစ်အရွယ်သာရှိသေးတဲ့ Little Chef လေးက မြန်မာရိုးရာဟင်းမျိုးစုံကိုချက်ပြုတ်နိုင်တဲ့အပြင် ကိုးရီးယားဟင်းလျာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်နိုင်ပါသေးတယ်နော်။ Little Chef လေးက မြန်မာနိုင်ငံရဲ့ မီဒီယာတွေအပြင် နိုင်ငံခြားကမီဒီယာတွေမှာလည်း ဖော်ပြခြင်းခံရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ကိုးရီးယားဟင်းချက်ပြိုင်ပွဲကြီးမှာလည်း တတိယဆုရရှိခဲ့တဲ့အပြင် Little Chef လေးရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ဟင်းချက်ပြတာလေးတွေကသူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုလေးတစ်ခုဖြစ်နေပါတယ်။ကဲ့ဒီတော့ ကိုးရီးယားဟင်းချက်ပြိုင်ပွဲကြီးမှာ ဆုရခဲ့တဲ့ဟင်းလျာတစ်မျိုးဖြစ်တဲ့ Bibimbap ကိုးရီယားထမင်းသုပ်ကိုအလွယ်တကူဘယ်လိုလုပ်စားမလဲဆိုတာပြောပြပေးချင်ပါတယ်။
ကိုးရီးယားထမင်းသုပ်ပြုလုပ်မယ်ဆိုရင်လိုအပ်တဲ့ပစ္စည်းလေးတွေက ပဲပင်ပေါက်၊ မုန့်လာဥနီ၊ သခွားသီး၊ Zucchini ၊ ငရုတ်ပွ၊ ဟင်းနုနွယ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူအနှစ်၊ အမဲသား၊ နှမ်းဆီ၊ ဆား၊ ပဲငံပြာရည်၊ ပျားရည်၊ ကြက်ဥ၊ သကြား၊ ငရုတ်ကောင်း၊ Korea Chilli Sauce၊ နှမ်းတို့ပဲဖြစ်ပါတယ်။
ပြုလုပ်ရမဲ့နည်းလမ်းလေးက ပဲပင်ပေါက်ကိုဆားထဲပြုတ်ပြီး နှမ်းဆီ၊ ဆား၊ ကြက်သွန်ဖြူအနှစ်ကြွတ်နဲ့သုပ်ထားပေးပါ။မုန့်လာဥနီကို ပါးပါးလှီးပြီးဆားနဲ့နယ်ထားပေးပါ။ သခွားသီးကိုလည်း ပါးပါးလှီးပြီး ဆားနဲ့နယ်ပါမယ်။Zucchini ကိုအချောင်းချောင်းလေးတွေဖြစ်အောင်လှီးပြီးဆားနဲ့နယ်ပါမယ်။ ငရုတ်ပွကို အလယ်ကအူတိုင်ထုတ်ယူပြီး အချောင်းချောင်းလေးတွေလှီးထားပါမယ်။ဟင်းနုနွယ်ကို ဆားနဲ့ပြုတ်ပြီး စိမ်းစိမ်းလေးဖြစ်နေအောင်ရေခဲနဲ့စိမ်လိုက်ပါမယ်။ ဟင်းနုနွယ် ကိုအနေတော်လေးတွေလှီးပြီးကြက်သွန်ဖြူအနှစ်၊ နှမ်းဆီ၊ ဆားတို့ထည့်ပြီးနယ်ပေးရပါမယ်။အမဲသားကို ပါးပါးလှီးပြီး ကြက်သွန်ဖြူအနှစ်၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီတို့နှင့် နယ်ပြီးနှပ်ထားပါမယ်။ မုန့်လာဥနီကိုနှမ်းဆီနဲ့ကြော်ပါမယ်။
Zuchhini ကိုနှမ်းဆီ၊ ကြက်သွန်ဖြူအနှစ်၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည် တို့နဲ့ကြော်ပါမယ်။ ငရုတ်ပွကို နှမ်းဆီ၊ဆားတို့နဲ့ကြော်ပါမယ်။သခွားသီးကိုလည်း နှမ်းဆီ၊ ကြက်သွန်ဖြူအနှစ်တို့နဲ့ကြော်ပါမယ်။ အမဲသားကို နှမ်းဆီနဲ့ ကြက်သွန်ဖြူအနှစ်တို့ကိုဆီသန့်ပြီး သကြား၊ ငရုတ်ကောင်း ၊ဆားတို့ထည့်ပြီးကြော်ပါမယ်။ မြေအိုးထဲကိုထမင်းထည့်ပါမယ်။အပေါ်ကနေ ပဲပင်ပေါက်၊ သခွားသီး၊ ငရုတ်ပွ၊ Zuchini ၊မုန့်လာဥနီ၊ ဟင်းနုနွယ်တို့ထည့်ပါမယ်။ ကြော်ထားတဲ့အမဲသားကိုအလည်ကနေထည့်ပါမယ်။ ကြက်ဥမကျက်တစ်ကျက်ကိုလည်း အလယ်ကနေတင်လိုက်ပါမယ်။ နှမ်းဆီနဲ့ ၊ Korea Chilli Sauce ကိုထည့်ပြီး နှမ်းလေးတွေဖြူးလိုက်ရင် ကိုးရီးယား ရိုးရာထမင်းသုပ် Bibimbap ရပါပြီ။
Kelly -Akhayar Lifestyle