ကိုးရီးယားဟင်းချက်ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ဟင်းလျာတွေကိုအိမ်မှာအလွယ်တကူချက်စားမယ်

ကိုးရီးယားဟင်းချက်ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ဟင်းလျာတွေကိုအိမ်မှာအလွယ်တကူချက်စားမယ်

အိမ်တွင်းအောင်းတဲ့ကာလမှာချစ်ရတဲ့မိသားစုကို အရသာရှိတဲ့ဟင်းလျာတွေချက်ကျွေးဖို့စိတ်ကူးမိလား?  အစားအသောက်ကောင်းတွေချက်ကျွေးတာကလည်း ကိုယ်ချစ်ရတဲ့သူတွေကိုတန်ဖိုးထားတယ်လို့ဖော်ပြခြင်းတစ်မျိုးပါနော်။ ဒီတော့ ကိုရီးယားသံရုံးနဲ့ aT Myanmar တို့ ပူးပေါင်းကျင်းပခဲ့တဲ့ ကိုးရီးယားဟင်းချက်ပြိုင်ပွဲကြီးမှာဆုရရှိခဲ့တဲ့  ပထမဆုရ ဟင်းလျာကို ကိုယ့်ရဲ့အိမ်မှအလွယ်တကူဘယ်လိုချက်စားလို့ရလဲဆိုတာကို  နည်းလမ်းလေးတွေဝေမျှပေးချင်ပါတယ်။
နံရိုးပေါင်း
နံရိုးပေါင်းက ကိုးရီးယားဟင်းအမယ်တစ်မျိုးလည်းဖြစ်သလို အာဟာရပြည့်ဝတဲ့ဟင်းလျာတစ်မျိုးလည်းဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်တင်းပေးဖို့ကလည်းအရေးကြီးပါတယ်။နံရိုးပေါင်းချက်မယ်ဆိုရင် အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့အတွက်ဘာတွေလိုသလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့  - အမဲနံရိုး သို့ ဝက်နံရိုး၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ငရုတ်သီးအတောင့် အစိမ်း၊ ငရုတ်သီးအတောင့် အနီ၊ မှို ၊ကြာစွယ်၊ နှစ်တစ်ရာသီး၊ ဇီးသီးခြောက် တို့ဖြစ်ပြီးတော့ ဆော့စ်အတွက်တော့     ပဲငံပြာရည်၊ ဟင်းချက်အရက်၊ သကြား၊ ရေ၊ ကြက်သွန်မြိတ်အကြီး၊ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊  နုတ်နုတ်စင်းထားသော ဂျင်း၊ နှမ်းဆီ၊ ငရုတ်ကောင်း တို့ပဲဖြစ်ပါတယ်။

လုပ်လို့ရတဲ့နည်းလမ်းလေးက  - အမဲနံရိုးကို ရေနဲ့သေချာဆေးပြီး အသားထဲမှာရှိတဲ့ သွေးတွေ ထွက်သွားအောင် ရေထဲမှာ ၁နာရီလောက် စိမ်ထားပါ။ ရေကိုသွန်ပြီး နောက်တခေါက် ရေထပ်စိမ်ပါ။ ပြီးရင် ရေသွန်ပြီး အသားကို ရေစစ်ထားပါ။အသားရေစိမ်နေတဲ့ အချိန်မှာ အသားနဲ့ အတူ ချက်မဲ့ ဆော့စ်ကို လုပ်ပါမယ်။ပဲငံပြာရည် ရေခွက် ၂/၃ပုံ (၁၅၀မီလီ) ၊ ဟင်းချက်အရက် ရေခွက် ၁/၂(၁၂၀မီလီ)၊ သကြား ခွက် ၁/၂၊ ကြက်သွန်ဖြူ နုတ်နုတ်စင်း ထမင်းစားဇွန်း ၁ဇွန်း၊ ဂျင်း လက်ဖက်ရည်ဇွန်း တဝက်၊  နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်အကြီး ရေခွက် ၁/၄၊ ရေ ရေခွက် ၁/၄ ၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပြီး သကြား ပျော်သည်အထိ မွှေပါ။ချက်မဲ့ အိုးထဲကို အသားထည့်ပြီး ဆော့စ်ပါ တခါတည်းထည့်ပြီး မီးအလယ်အလတ်နဲ့ ချက်ပါ။ အသားကို အရည်ထဲတွင် မြုပ်တဲ့ အနေဖြစ်အောင် ရေကို လိုအပ်သလောက် ရေခွက် ၁/၄မှ ၁/၂ အထိ ထပ်ထည့်နိုင်ပါတယ်။

ပွက်ရန်စောင့်နေချိန်တွင်          - မုန်လာဥဖြူ၊ မုန်လာဥနီ တို့ကို ဆင်တူအရွယ် ဝ.၅ လက်မ အရွယ်အတုံးများ လှီးထားပါ။ကြက်သွန်နီကို လေးခြမ်းစိတ်ထားပါ။မှို၊ နှစ်တစ်ရာသီး၊ ဇီးသီးခြောက်တို့ကို သန့်စင်ပြီး အသင့်ပြင်ထားပါ။ငရုတ်သီးအတောင့် အစိမ်းနဲ့ အနီ၊ ကြက်သွန်မြိတ်အကြီး တို့ကို ၂စင်တီ အရှည် ဖြတ်ပါ။ပွက်ပွက်ဆူတဲ့ အထိတည်ပြီး အပေါ်ယံမှာ အသားက အမြုပ်များထွက်လာရင် ဇွန်းနဲ့ဖယ်ထုတ်လိုက်ပါ။ပြီးရင် မုန်လာဥဖြူ၊ ကိုအရင်ထည့်ပြီး တည်ထားပါ။ အိုးကို မကြာခဏ မွှေပေးပါ။မုန်လာဥဖြူ မကျက်တကျက် အနေရောက်ရင် မုန်လာဥနီ၊ ကြာစွယ်၊ နှစ်တစ်ရာသီး၊ ဇီးသီးခြောက် တို့ကိုထည့်ပါ။ထည့်ထားတဲ့ အဆာပလာတွေ တော်တော်လေးကျက်လာရင် ကြက်သွန်နီ၊ မှို တို့ကို ထည့်ပါ။အကုန်လုံး ကျက်သွားပြီး အိုးချခါနီးမှငရုတ်သီးအတောင့် အစိမ်းနဲ့ အနီ၊ ကြက်သွန်မြိတ်အကြီး တို့ကို ထည့်ပြီး မွှေလိုက်ပါ။ဒီလိုဆိုရင်တော့ အရသာကောင်းပြီး အာဟာရပြည့်ဝတဲ့  နံရိုးပေါင်းဟင်း Galbi Jjim ရပါပြီ။

Fresh Kimchi
ကိုးရီးယားတွေရဲ့ရိုးရာအစားစာတစ်ခုဖြစ်တဲ့ Kimchi ကိုအိမ်မှာပဲအလွယ်တကူလုပ်ထားပြီး ကိုယ်စားချင်တဲ့အချိန်တိုင်းထုတ်စားလို့ရပြီပေါ့။လုပ်နည်းလေးကလည်းလွယ်ကူရိုးရှင်းတဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်။


ပါဝင်တဲ့ ပစ္စည်းတွေက-    မုန်ညင်းဖြူ ၊ကွိဆိုင်၊ ငရုတ်သီး အစိမ်းမှုန့် ၊ငါးငံပြာရည်၊ သကြား၊ ၊ပုဇွန်ငပိ၊ ရှာလကာရည်၊ နုတ်နုတ်စင်းထားသောကြက်သွန်ဖြူ၊ နုတ်နုတ်စင်းထားသောဂျင်း တို့ဖြစ်ပါတယ်။

လုပ်ရမဲ့နည်းလမ်းလေးက  -  မုန်ညင်းဖြူကို ရေဆေးသန့်စင်ပြီး အရွက် ၁ရွက်ချင်းဆီကြားထဲ ဆားဖြူးပြီး တည ဆားရည်စိမ်ပေးပါ။ဆားရေစိမ်ထားသောမုန်ညင်းဖြူကို ရေထဲတွင် သေချာဆေးပြီး ရေညှစ်ပါ။တလုတ်စာ အနေတော် အရွယ် မုန်ညင်းဖြူကို လှီးထားပါ။ဇလုံတခုထဲတွင် ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပုစွန်ငါးပိ လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း၊ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ဇွန်း နုတ်နုတ်စင်းထားသောဂျင်း လက်ဖက်ရည်ဇွန်း တဝက် ကိုထည့်ပြီး နှံ့အောင် မွှေပါ။လှီးထားသော မုန်ညင်းဖြူထဲကို မွှေထားတဲ့ အနှစ်ကို နည်းနည်းချင်း ထည့်ပြီး သမအောင် နယ်ပါ ။သမသွားရင် လတ်ဆတ်သော Fresh Kimchi ရပါပြီနော်။

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle