Dota Summit 13 မှာလည်း ဝင်ရောက် ယှဉ်ပြိုင်သွားဦးမယ့် Among Us V2

Dota Summit 13 မှာလည်း ဝင်ရောက် ယှဉ်ပြိုင်သွားဦးမယ့် Among Us V2

BTS Pro Series SEA: Season 3 မှာ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Kuku, 23savage, Abed, Whitemon, Jabz တို့ ပါဝင်ပြီး Among Us Dota2 အသင်းဟာ တတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။ Among Us Dota2 အသင်းကို အသင်းလက်မဲ့ ကစားသမားတွေ၊ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့ ကစားသမားတွေ လက်ရည်သွေးနိုင်စေဖို့ အပျော်သဘော ဖွဲ့စည်းခဲ့တာဖြစ်ပြီး Dota2 Summit 13 မှာလည်း Among Us Version 2 Dota2 အသင်းကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Among Us V2 အသင်းမှာ ကစားသမား အပြောင်းအလဲတွေတော့ ရှိလာခဲ့ပါတယ်။ Among Us V2 နဲ့ ပတ်သက်ပြီး ထုံးစံအတိုင်း Kuku ကပဲ ကြေညာသွားခဲ့တာဖြစ်ပြီး အဆိုပါ အသင်းမှာ Among Us အရင်အသင်းမှ Kuku နဲ့ Abed တို့သာ ပြန်လည် ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Among Us V2 Dota2 အသင်းမှာ သက်ဆိုင်ရာ အသင်းတွေနဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ inYourDreaM, March တို့ အပြင် Kuku ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ Xepher တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Among Us V2

ANNOUNCEMENT!!!!!!!! Kumpleto na ang line-up! Panoorin para malaman ang naghihintay na surpresa! ^___^v Among Us Version 2.0 Line up is for DOTA Summit 13 tournament only!

Posted by Carlo "Kuku" Palad on Monday, October 19, 2020
  • inYourDream – Pos 1/ 2

အင်ဒိုနီးရှား နိုင်ငံသား inYourDream ဟာ ပရို Dota2 ကစားသမား ဘဝကို စတင် ခံယူစဉ် အချိန်က နောင်တစ်ချိန်မှာ SEA ဒေသရဲ့ အအောင်မြင်ဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်မယ်လို့ လူအများက ထင်မှတ်ခဲ့ကြပေမယ့်လည်း လက်ရှိအချိန်ထိတော့ ထင်သလောက် အောင်မြင်ခြင်း မရှိသေးပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ T1 Dota2 အသင်းမှာလည်း inYourDream အနေနဲ့ ချန်ပီယံဆုတွေနဲ့ အလှမ်းဝေးခဲ့ရတာကြောင့် Among Us V2 မှာ ဝင်ရောက် ကစားရင်း လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားသေးကြောင်း သက်သေ ပြသခွင့်ကို ရရှိတော့မှာ ဖြစ်ပါတယ်။

  • Xepher – Pos 4

GeekFam Dota2 အသင်းကို ဖျက်သိမ်းသွားစဉ် အချိန်ကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ Xepher ဟာ ပြီးခဲ့တဲ့ BTS Pro Series 3: SEA ပြိုင်ပွဲမှာတော့ Fnatic Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Xepher အပါအဝင် Fnatic Dota2 အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အဆိုပါ ပြိုင်ပွဲမှာ အတော်လေးကို ကျဆင်းနေခဲ့တာကြောင့် Xepher အနေနဲ့ Among Us မှာ မိမိရဲ့ လုပ်နိုင်စွမ်းကို ပြန်လည် ပြသနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ့် ပုံပါပဲ။

  • March – Pos 5

TNC Dota2 အသင်းကို 2019-2020 DPC ရာသီရဲ့ ပထမဆုံး မေဂျာပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲအောင် ဦးဆောင်နိုင်ခဲ့တဲ့ March ကတော့ တစ်နှစ်အကြာမှာ အသင်းနဲ့ ပြန်လည် လမ်းခွဲခဲ့ပါတယ်။ March အနေနဲ့ TNC Dota2 အသင်းနဲ့ လမ်းခွဲပြီးစဉ် အချိန်က စတင်ပြီး အနားယူနေခဲ့ပေမယ့်လည်း Among Us Dota2 အသင်းမှာတော့ အပျော်သဘော ဝင်ရောက် ကစားသွားဖို့ ဆုံးဖြတ်ခဲ့တဲ့ ပုံပါပဲ။

Among Us V2 Dota2 အသင်းဟာ ထုံးစံအတိုင်း Dota Summit 13 ပြိုင်ပွဲတစ်ခုတည်း အတွက်သာ ယာယီ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Dota Summit 13 SEA ပြိုင်ပွဲကိ အောက်တိုဘာလ ၂၁ ရက်နေ့ (ယနေ့) ကနေ စတင်ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ Among Us V2 အဖွဲ့သားတွေ ဘယ်အဆင့်အထိ တက်လှမ်းသွားနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle