OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ အသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်တဲ့ Kuroky

Team Nigma Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ ဖောင်ဒါတစ်ဦးလည်းဖြစ်တဲ့ Kuro “Kuroky” Takhasomi ကတော့ OGA Dota PIT Season 2: EU and CIS ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဥ်တွေကို လွဲချော်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Team Nigma ဘက်မှ ထုတ်ပြန် ကြေညာချက်များအရ ကပ္ပတိန်ဖြစ်သူ Kuroky အနေနဲ့ လက်မောင်း ဒဏ်ရာ ရရှိထားတယ်လို့ သိရပြီး လက်ရှိအချိန်မှာ ရူပကုထုံး ခံယူလျက် ရှိတယ်လို့ သိရပါတယ်။ Team Nigma အနေနဲ့ OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲရဲ့ အဖွင့် ပွဲစဥ်အဖြစ် ဇူလိုင်လ ၂၇ ရက်နေ့ (ယနေ့) မှာ FlyToMoon Dota2 အသင်းနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး အဆိုပါ ပွဲစဥ်မှာ Kuroky အစား နည်းပြဖြစ်သူ Roman “rmN” Paley ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။
Tomorrow we’re back to compete in the @OGADotaPIT!
— Team Nigma (@TeamNigma) July 26, 2020
Unfortunately, @NigmaKuroKy won’t be able to play because he’s undergoing physical therapy due to an arm injury. Instead, @rmN_dota will be standing in for him.
We wish Kuro a speedy recovery💪#StarsAlign pic.twitter.com/EtHFmDmBdb
Kuroky ရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်ပြီး Team Nigma ဘက်မှ အသေးစိတ် ထုတ်ပြန် ကြေညာထားခြင်း မရှိသေးတာကြောင့် OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဥ်တွေကိုတော့ Kuroky တစ်ယောက် ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ Team Nigma တစ်သင်းတည်းသာ အစားထိုး ကစားသမားဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာတော့ မဟုတ်ပါဘူး။ Ninja in Pyjamas Dota2 အသင်း အနေနဲ့လည်း အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Pos 5 ကစားသမား Akbar “SoNNeikO” Butaev ကို ထုတ်ပယ်ခဲ့ပေမယ့် အသင်းရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကစားသမားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးတာကြောင့် EG Dota2 အသင်းရဲ့ Support ကစားသမားဖြစ်သူ Andreas “Cr1t” Nielsen ကို OGA Dota PIT ပြိုင်ပွဲမှာ အစားထိုး ကစားသမား အဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
REF: VpEsports