Team Sirius Dota 2 အသင်းရဲ့ နည်းပြတာဝန်ကို ထမ်းဆောင်သွားမယ့် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား LaNm

Team Sirius Dota 2 အသင်းရဲ့ နည်းပြတာဝန်ကို ထမ်းဆောင်သွားမယ့် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား LaNm

LaNm ဆိုတာကတော့ တရုတ်နိုင်ငံ အခြေစိုက် Dota 2 ကစားသမား တစ်ဦးဖြစ်ပြီး Dota 2 စတင် ပေါ်ပေါက်ခဲ့စဉ် အချိန်ကတည်းက ပရိုဖက်ရှင်နယ် Dota 2 လောကကို စတင် ဝင်ရောက်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ LaNm အနေနဲ့ နာမည်ကျော် တရုတ် Dota 2 အသင်းတွေဖြစ်တဲ့ EHOME, Tong Fu, Team DK, Big God, Vici Gaming, Royal Never Give Up စတဲ့ Dota 2 အသင်းတွေမှာ နှစ်ကာလပေါင်းများစွာ ကျင်လည်ခဲ့ပြီး အောင်မြင်မှု‌ပေါင်း များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

LaNm အနေနဲ့ ၂၀၁၇ ခုနှစ်က စတင်ကာ နည်းပြဘဝကို စတင် ကူးပြောင်းခဲ့ပေမယ့် နည်းပြဘဝဖြင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် ကစားသမား ဘဝကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။ ဒါပေမယ့်လည်း 2018-2019 DPC ရာသီပြီးဆုံးသွားချိန်မှာတော့ LaNm တစ်ယောက် ကစားသမား ဘဝကနေ ထပ်မံ အနားယူသွားခဲ့ပြီး Keen Gaming Dota 2 အသင်းမှာ နည်းပြအဖြစ် ပြန်လည် လုပ်ကိုင်ခဲ့ပါတယ်။

Keen Gaming Dota 2 အသင်းမှာ နည်းပြအဖြစ် လေးလခန့် တာဝန် ထမ်းဆောင်ပြီး နောက်မှာတော့ LaNm တစ်ယောက် Team Sirius Dota 2 အသင်းမှာ နည်းပြအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အပြောင်းအရွေ့ကို Team Sirius အနေနဲ့ ကိုယ်ပိုင် Weibo အကောင့်ကနေ တစ်ဆင့် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Post မှာ Team Sirius အနေနဲ့ LaNm ကို အသင်းရဲ့ နည်းပြအဖြစ် ခေါ်ယူနိုင်ဖို့ အတွက် Keen Gaming နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ သဘောတူညီမှုကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ LaNm အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အဖြစ် နှစ်ကာလ‌ပေါင်း များစွာ ဖြတ်သန်းခဲ့တာကြောင့် LaNm တစ်ယောက် ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံတွေက Team Sirius Dota 2 အသင်းအတွက် များစွာသော အထောက်အကူတွေကို ရရှိစေမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Team Sirius အနေနဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် လေ့ကျင့်နေပြီ ဖြစ်တာကြောင့် LaNm ကို ခေါ်ယူလိုက်နိုင်ခြင်းက အသင်းအတွက် အထောက်အကူ ဖြစ်စေမလား ဒါမှမဟုတ် အရင်အချိန်တွေအတိုင်း ရလဒ်ဆိုးတွေနဲ့သာ ဆက်လက် ရင်ဆိုင်သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle