ပရို LOL ကစားသမား ဘဝကနေ အနားယူသွားပြီဖြစ်တဲ့ Doublelift

ပရို LOL ကစားသမား ဘဝကနေ အနားယူသွားပြီဖြစ်တဲ့ Doublelift

LOL လောကရဲ့ နာမည်ကျော် ဝါရင့်ကစားသမား တစ်ဦးဖြစ်သူ Yilian “Doublelift” Peng ကတော့ ပရိုဖက်ရှင်နယ် LOL ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ Doublelift အနေနဲ့ LOL စတင် ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကတည်းက ပရို LOL ကစားသမား ဘဝကို ခံယူခဲ့တာဖြစ်ပြီး ကစားသမား ဘဝကို စတင် ခံယူချိန်မှာတော့ Support ကစားသမား ဘဝဖြင့် စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ADC ကစားသမား ဘဝကို ပြောင်းလဲ ခံယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ADC ကစားသမားတွေ အထဲမှာ တစ်ဦးအပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ Doublelift အနေနဲ့ ပရို LOL ကစားသမား အဖြစ် ၁၀ နှစ်ကျော် ရပ်တည်ခဲ့ပြီး LCS သမိုင်းကြောင်း တစ်လျှောက် ဆုဖလား အများဆုံး ရရှိဖူးတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Doublelift အနေနဲ့ LCS ချန်ပီယံဆု ၈ ကြိမ် အပါအဝင် အခြားသော အောင်မြင်မှုပေါင်း များစွာကိုလည်း ရယူနိုင်ခဲ့ပေမယ့် Worlds Championship ပြိုင်ပွဲမှာတော့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ Doublelift အနေနဲ့ ပရို LOL ကစားသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ကျွန်တော် အသက် ၁၇ နှစ် အရွယ်မှာ ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Season 1 World Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် “LOL ပရိုကစားသမား ဘဝနဲ့ ရပ်တည်သွားဖို့ စဉ်းစားထားခြင်း မရှိကြောင်း” ကျွန်တော့် မိဘတွေကို လိမ်ပြောခဲ့ရပါတယ်။

ပြိုင်ပွဲလို့သာ နာမည်တပ်ထားပေမယ့် လက်ပ်တော့ သေးသေးလေးတွေနဲ့သာ ကစားခဲ့ရတယ်။ လာရောက် အားပေးတဲ့ ပရိသတ် ဆိုလို့လည်း အယောက် (၃၀) ခန့်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ပထမဆုံး ပွဲစဉ်ကို စတင် ကစားလိုက်တဲ့ အချိန်က စတင်ပြီး ကျွန်တော့် နှလုံးသားထဲမှာ LOL ပရိုကစားသမား အဖြစ် ရပ်တည်နိုင်အောင် မဖြစ်မနေ ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အားလုံးသိထားတဲ့ အတိုင်း ကျွန်တော် ပရို LOL ကစားသမား ဘဝကို မခံယူခင် အချိန်က ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ထင်ပေါ်ကျော်ကြားတဲ့ လူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ကျောင်းချိန်တွေမှာ အနိုင်ကျင့် ခံရခြင်း မရှိစေဖို့ အမြဲတမ်း ခေါင်းကိုငုံ့ပြီး ဘယ်သူနဲ့မှ ပြဿနာ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ရတယ်။

ကျွန်တော်က ကြောက်ရွံ့တတ်တဲ့၊ အရှက်ကြီးတဲ့၊ ဘာမှမဟုတ်တဲ့ ကောင်လေး တစ်ယောက်ပါ။ ပရို LOL ကစားသမား ဘဝကိုသာ ခံယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော့် ဘဝကို အများကြီး ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီအတွက်လည်း ကျွန်တော် မျှော်လင့်ထားသလို ဖြစ်လာအောင် ကြိုးစားခဲ့တယ်။

ဆယ်စုနှစ် တစ်ခုတိုင်အောင် ပရိုကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာ တကယ်ကို ကံကောင်းပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော့် ဘဝရဲ့ သုံးပုံတစ်ပုံလောက်ကို LOL နဲ့အတူ ဖြတ်သန်းခွင့် ရရှိခဲ့ပါတယ်။ ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေနဲ့ တွေ့ဆုံခွင့် ရရှိခဲ့တယ်။ ကျွန်တော့်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့တယ်။

မျှော်လင့်ချက်မဲ့တဲ့‌ ကောင်လေးဘဝကနေ ယနေ့ Doublelift ဆိုတဲ့ လူသားတစ်ဦး ဖြစ်လာတဲ့ အထိ ကျွန်တော့်ကို အားပေးခဲ့တဲ့ လူသားအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့မှာတော့ နောက်ထပ် ဘဝစာမျက်နှာ အသစ် တစ်ခုကို ထပ်မံ စတင်သွားတော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော့်ကို အားပေးသွားဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

Doublelift အနေနဲ့ ကစားသမား ဘဝကနေ အနားယူသွားပေမယ့် LOL လောကအတွင်းမှာတော့ ဆက်လက် တည်ရှိနေဦးမယ့် ပုံပါပဲ။ ယခုလ အစောပိုင်းမှာ TSM LOL အသင်းရဲ့ Legend ကစားသမား တစ်ဦးဖြစ်တဲ့ Bjergsen အနေနဲ့ နည်းပြဘဝကို ကူးပြောင်းသွားခဲ့တာကြောင့် Doublelift ကိုလည်း Bjergsen နဲ့အတူ TSM LOL အသင်းရဲ့ နည်းပြအဖွဲ့ဝင် အဖြစ် မြင်တွေ့သွားရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle