ဟင်းအကျန်တွေကို မလွှင့်ပစ်ရအောင် ဘယ်လိုအသက်ပြန်သွင်းမလဲ

ဟင်းအကျန်တွေကို မလွှင့်ပစ်ရအောင် ဘယ်လိုအသက်ပြန်သွင်းမလဲ

“ဟင်းတွေကျန်ပြန်ပြီ နောက်ရက်တွေဆို သိုးကုန်မှာ” လို့ ပါးစပ်ကလည်း ပြောရင်း စိတ်ထဲကနှမြောပေမယ့် ဟင်းတွေသွန်ပစ်လိုက်ရတာ ဘယ်နှခါလောက်ရှိပါပြီလဲ။ ဒီလိုမေးရင် အိမ်ရှင်မတွေမှာ ဖြေမယ့် အဖြေကတော့ အတိအကျတော့ မသိဘူး သေချာတာကတော့ တော်တော်လေးတော့ များနေပြီလို့ပဲ ဖြေကြမယ်ထင်ပါတယ်။

အသည်းအသန်ဖြစ်နေတဲ့ လူတစ်ယောက်ကို အရေးပေါ်အသက်ကယ်တင်နည်းတွေနဲ့ ကယ်တင်နိုင်တဲ့ နည်းလမ်းတွေရှိသလိုပဲ ဟင်းအကျန်ကိုလည်း အသစ်တစ်ဖန်ပြန်ဖြစ်စေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါတွေကတော့

(၁) ပေါင်မုန့် အသုံးချပါ
ပေါင်မုန့်နဲ့ ဟင်းအကျန်ကို ဘယ်လိုတွေများ လုပ်ဦးမလဲ ဆိုပြီး တွေးမိနေပြီလား။ Sandwich လေ Sandwich။ ဟင်းအကျန်တွေကို သုံးပြီး ပေါင်မုန့်ထဲမှာ အသားတွေ တစ်ခါတလေ ဟင်းသီးဟင်းရွက်တွေပါ ညှပ်စားနိုင်တဲ့ Sandwich အမျိုးအစားအဖြစ် ပြောင်းလဲလို့ရပါတယ်။ Sandwich လုပ်စားတော့ အရသာကလည်း တစ်မျိုးပြောင်းသွားမယ့်အပြင် သားသားမီးမီးတို့အတွက် သရေစာအနေနဲ့ပါ ကျွေးလို့ရတာမို့ ဒီနည်းလမ်းက အိမ်ရှင်မတွေအတွက် ကွက်တိဖြစ်မှာ အသေအချာပါပဲ။

(၂) စွပ်ပြုတ်လိုအရည်သောက်တွေ
ကျန်တဲ့ ဟင်းတွေကို စွပ်ပြုတ်လို အရည်သောက်အဖြစ် လုပ်သောက်လို့ ရတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ အရည်သောက်ဖြစ်တာကြောင့် ထမင်းစားနေရင်း တွဲဖက်စားလို့ရတဲ့ ဟင်းတစ်ခွက်အဖြစ် ပြောင်းလဲဖန်တီးလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ထမင်းဝိုင်းတောင် ဖြစ်သွားဦးမှာပါ။

(၃) ဟင်းပေါင်းစုံထမင်း
ကိုရီးယားကားတွေထဲမှာ မီးဖိုချောင်ထဲဝင်ကြည့်လို့ စားဖို့ဟင်းသီးသန့်မရှိတော့ရင် ကျန်တဲ့ဟင်းတွေကို ထမင်းနဲ့ အကုန်ရောသမမွှေပြီး အရသာရှိရှိ အားရပါးရ စားကြတာကို တွေ့ဖူးကြမှာပေါ့။ ညနက်လို့ ဗိုက်ဆာတဲ့အခါ အခရာပရိသတ်ကြီးလည်း အဲ့လိုနည်းလမ်းသုံးပြီး လုပ်ကြည့်လို့ ရတယ်လေနော်။

(၄) မက္ကဆီကန်အစားအစာအဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်
ဟင်းအကျန်တွေကို အရင်ပုံစံနဲ့ လုံးဝမတူဘဲ ပြောင်းလဲသွားစေမယ့် နည်းလမ်းကောင်း နောက်တစ်ခုကတော့ မက္ကဆီကန်အစားအစာဖြစ်တဲ့ Taco အဖြစ် ပြောင်းလဲခြင်းပါပဲ။ Taco ကို အလွယ်ပြောရရင် Tortilla လို့ခေါ်တဲ့ မီးပြထားတဲ့ ဂျုံပြားတစ်ခုပေါ်မှာ ကြိတ်နယ်ထားတဲ့ အသားတွေကို Cheese တွေ ကြက်သွန်၊ ဆလတ်ရွက်တို့နဲ့ ရောနှောအစာသွပ်လုပ်စားရတဲ့ အစားအစာပါ။

ကဲ အခုဆို ဟင်းအကျန်တွေကို လွှင့်ပစ်မယ့်အစား ဒီလိုလုပ်ကြည့်လိုက်မယ်ဆိုရင် ချွေတာရာလည်းရောက်၊ ဗိုက်လည်း မဝပေဘူးလား။

Photo Credit: freepik

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ