တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ League of Legends

တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ League of Legends

League of Legends ဆိုတာကတော့ MOBA အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပြီး နာမည်ကျော် ဂိမ်းထုတ်လုပ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Riot Games မှ ထုတ်လွှင့်ခဲ့တဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ League of Legends ကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘလ၊ ၂၇ ရက်နေ့မှာ စတင် မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး စတင် မိတ်ဆက်ပေးခဲ့စဉ် အချိန်က စတင်ကာ ယနေ့အချိန်ထိ လူကြိုက်အများဆုံး ဂိမ်းတွေအထဲမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

လူကြိုက်အများဆုံး ဂိမ်းတွေအထဲမှာ တစ်ခု အပါအဝင် ဖြစ်တာနဲ့အညီ League of Legends အနေနဲ့ Streaming Platform Twitch မှ နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်လျက်ရှိတဲ့ တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းစာရင်းရဲ့ ထိပ်သီးပိုင်းမှာ နှစ်တိုင်းလိုလို ပါဝင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ နာမည်ကျော် ဂိမ်းထုတ်လုပ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Epic Games မှ ထုတ်လုပ် ဖြန့်ချီခဲ့တဲ့ Fortnite အနေနဲ့ Twitch Platform မှာ တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ Twitch Platform မှာ တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းအဖြစ် LoL အနေနဲ့ ပြန်လည် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Twitch မှ တရားဝင် ထုတ်ပြန် ကြေငြာချက်များအရ ၂၀၁၉ ခုနှစ်အတွင်းမှာ Twitch Platform ကနေ တစ်ဆင့် LoL ဂိမ်းကို နာရီပေါင်း ၁ ဘီလျံခန့် ကြည့်ရှုခဲ့ကြပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ Fortnite ကိုတော့ နာရီပေါင်း ၈၈၅ မီလီယီခန့်သာ ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ၂၀၁၉ ခုနှစ်ရဲ့ လူကြည့်အများဆုံး ဂိမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် League of Legends အနေနဲ့ Twitch Platform ရဲ့ တစ်နှစ်တာအတွင်း လူကြည့်အများဆုံး ဂိမ်းအဖြစ် (၇) နှစ်တိတိ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သလို ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာသာ Fortnite ကို ပထမနေရာ လွှဲပြောင်း ပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ် အစောပိုင်း ကာလမှာ Riot Games အနေနဲ့ League of Legends မိုဘိုင်းဗာရှင်းကို ထပ်မံ ထုတ်လွှတ် ပေးသွားမှာဖြစ်ကြောင်း အတည်ပြု ပေးထားတာကြောင့် ကစားသူ လူဦးရေ ထပ်မံ မြင့်တက်လာဖွယ် ရှိသလို League of Legends Game Play ကို ကြည့်ရှုသူ ဦးရေလည်း ပိုမို မြင့်တက်လာဖွယ် ရှိတာကြောင့် ပြိုင်ဘက် ဂိမ်းအမျိုးအစားတွေ အနေနဲ့ LoL ထက် ပရိသတ်တွေကို ပိုမို ဆွဲဆောင်နိုင်ရန် မည်သို့သော နည်းဗျူဟာတွေကို အသုံးပြုသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle