CSGO လောကထဲကိုပါ စတင် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း FunPlus Phoenix

တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း FunPlus Phoenix အနေနဲ့ LoL လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ LoL World Championship 2019 ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ယခုအခါမှာလည်း CSGO လောကမှာပါ အောင်မြင်မှုတွေကို သိမ်းပိုက်ဖို့ အတွက် ရည်ရွယ်ပြီး ထပ်မံ ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

FunPlus Phoenix Esports အဖွဲ့အစည်းကို ၂၀၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ LoL, Fortnite, PUBG စတဲ့ နာမည်ကျော် Esports ပြိုင်ပွဲတွေမှာ အဖွဲ့အစည်း ကိုယ်စားပြု သက်ဆိုင်ရာ အသင်း ကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသလို ယခုအခါမှာတော့ ပရိုဖက်ရှင်နယ် CSGO အသင်း Heroic ရဲ့ အသင်းသားတွေကို ခေါ်ယူပြီး CSGO လောကထဲကိုပါ ထပ်မံ ဝင်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။
CSGO လောကထဲကို စတင် ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း FunPlus Phoenix ဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။
We are thrilled to announce that FPX CS:GO team was officially founded today, and will participate in the @Flashpoint League as one of the founding members!#FPX #FPXCSGO #FPXWIN pic.twitter.com/5tINrm70eF
— FunPlus PhoeniX (@FPX_Esports) March 15, 2020
“ကျွန်တော်တို့ FunPlus Phoenix Esports အဖွဲ့အစည်း အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု CSGO အသင်းကို တည်ထောင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် FunPlus Phoenix CSGO အသင်း အနေနဲ့ Flash Point Season 1 ပြိုင်ပွဲမှာ နာမည်ကျော် CSGO အသင်းတွေဖြစ်တဲ့ Cloud9, Team Envy, Gen.G စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ FunPlus Phoenix CSGO အသင်းရဲ့ အဓိက ကစားသမားတွေကတော့ Heroic CSGO အသင်းနဲ့အတူ DreamHack Open Atlanta 2019 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။”

FunPlus Phoenix CSGO အသင်း အနေနဲ့ Flash Point Season 1 ပြိုင်ပွဲရဲ့အဖွင့် ပွဲစဉ်မှာ Cloud9 CSGOအသင်းကို (၂-၁) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် လက်ကျန် ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး CSGO လောကရဲ့ ထိပ်သီး အသင်း တစ်သင်း အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

FunPlus Phoenix CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Marco “Snappi” Pfeiffer
- Casper “cadiaN” Moller
- Johannes “b0RUP” Borup
- Patrick “es3tag” Hansen
- Martin “stavn” Lund
- Frederik “LOMME” Nielsen (Coach)
REF: VpEsports