Sumail, Noone, Ramzes, Solo တို့ ပါဝင်တဲ့ All Star Dota2 အသင်းကို မြင်တွေ့ရဖွယ်ရှိ

Sumail, Noone, Ramzes, Solo တို့ ပါဝင်တဲ့ All Star Dota2 အသင်းကို မြင်တွေ့ရဖွယ်ရှိ

တရုတ် All Star Dota2 အသင်းဖြစ်တဲ့ 4AM Dota2 အသင်းနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေ၊ ကစားသမား စာရင်းတွေ တရားဝင် ထွက်ပေါ်လာပြီး နောက်မှာတော့ EU + NA နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Dota2 အသင်း တစ်သင်းကိုလည်း မကြာခင် အချိန်အတွင်း မြင်တွေ့သွားရဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် ဆိုသလို ထွက်ပေါ်လို့ လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Sumail & Ramzes

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းများအရ CIS အခြေစိုက် Esports အဖွဲ့အစည်း တစ်ခု အနေနဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ SumaiL, No[o]ne, RAMZES666, Solo တို့ ပါဝင်တဲ့ All-Star Dota2 အသင်း တစ်သင်းကို ဖွဲ့စည်းသွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို ViCi Gaming ကနေ ထွက်ခွာပြီး 4AM Dota2 အသင်းကို နည်းပြအဖြစ် ကူးပြောင်းရာမှာ အရှုပ်အရှင်းတွေ ပေါ်ပေါက်ခဲ့တာကြောင့် အသင်းလက်မဲ့ ဘဝဖြင့် အနားယူလျက်ရှိတဲ့ နာမည်ကျော် နည်းပြကြီး Bai “rOtK” Fan က အရိပ်အမြွက် ချပြသွားခဲ့တာ ဖြစ်ပါတယ်။ rOtK အနေနဲ့ Streaming Session တစ်ခုမှာ Virtus Pro Esports အဖွဲ့အစည်းရဲ့ CEO ဟောင်းဖြစ်သူ Roman Dvoryankin နဲ့ အပြန်အလှန် ပြောဆိုထားတာများကို မတော်တဆ ချပြခဲ့မိတာ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ Screenshot များ အရ Roman အနေနဲ့ rOtK ကို အသစ် ဖွဲ့စည်းသွားမယ့် Dota2 အသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး Roman ရဲ့ အဆိုအရ အသင်းသစ်မှာ RAMZES666 (Pos1), Sumail (Pos2), Noone (Pos3), Solo (Pos5) တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ rOtK အနေနဲ့ အခုလို ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြအဖြစ် ပြန်လည် မလုပ်ကိုင်လိုသေးကြောင်း၊ လအနည်းငယ် အကြာမှသာ နည်းပြအဖြစ် ပြန်လည် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း Roman ဘက်ကလည်း လက်ရှိအချိန်မှာ အဆိုပါ All-Star အသင်းသစ်ကို ချက်ချင်း ဖွဲ့စည်းသွားမှာ မဟုတ်ကြောင်း၊ နှစ်လခန့် အကြာမှသာ စတင် မိတ်ဆက်သွားမှာဖြစ်ကြောင်း၊ rOtK အနေနဲ့ အချိန်ယူ စဉ်းစားပေးစေလိုကြောင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ rOtK အနေနဲ့ Sumail တို့ တစ်သိုက် ပါဝင်တဲ့ အသင်းကို နည်းပြသွားမလား ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် အဆိုပါ အသင်းဟာ အတော်လေး တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Yamich

လက်ရှိအချိန်မှာ Solo နဲ့ အတူ တွဲဖက်ကစားသွားမယ့် Pos4 ကစားသမား ဘယ်သူဖြစ်မယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် Winstrike Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Yamich ကို ခေါ်ယူသွားဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

REF: AfkGaming