Leather ပစ္စည်းတွေကို မိုးရေတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ

Leather ပစ္စည်းတွေကို မိုးရေတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ

ဇူလိုင်လကို ရောက်တော့မယ်ဆိုတော့ မိုးရာသီရဲ့ဖီလင်ကို အပြည့်အဝခံစားရတော့မှာပါ။ မိုးရွာသီရောက်ရှိလာလို့ ရာသီဥတုအေးအေးလေးလေးနဲ့ မြင်မြင်သမျှ စိမ်းစိမ်းစိုစိုရှိတာမှန်ပေမယ့် စိုစိုစွတ်စွတ်ဖြစ်တာကလည်း ငြင်းမရတဲ့ မိုးရွာသီရဲ့ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို စိုစိုစွတ်စွတ်ဖြစ်လို့ ဈေးကြီးပေးဝယ်ရတဲ့ Leather အိတ်တွေနဲ့ ဖိနပ်တွေကို မဝတ်ရဲ မကိုင်ရဲဖြစ်ကာ ဗီရိုထဲ ထည့်သိမ်းထားရတာမျိုး မိန်းကလေးတိုင်း ဖြစ်ဖူး ကြုံဖူးကြမှာပါနော်။ မိုးရွာသီရောက်တိုင်း ကိုယ်ကြိုက်တဲ့ Leather အိတ်လေး၊ ဖိနပ်လေးကို ကိုင်ချင်ပေမယ့် ပျက်စီးမှာစိုးလို့ သိမ်းသိမ်းထားရတဲ့ ဒုက္ခကနေ ကင်းရအာင် နည်းလမ်းကောင်းလေး အခရာက ရှာဖွေေတွေ့ရှိထားလို့ အသုံးချကြည့်လို့ရအောင် ပြောပြပေးမယ်နော်။

– မိုးရေဆိုတာ သဘာဝဒြပ်စင်တွေကနေ ဖြစ်လာတာ ဖြစ်တဲ့အတွက် Leather တွေနဲ့ သဘာဝနည်းလမ်းတွေအတိုင်း ဓာတ်ပြုနိုင်ပါတယ်။ ဆိုလိုချင်တာကတောဘ့ မိုးရေနဲ့ Leather နဲ့ ထိတွေ့သွားရင် စိုသွားတဲ့ရေကို သဘာဝအတိုင်း ခြောက်သွေ့သွားအောင် ထားပေးလိုက်ရင် ပျက်စီးသွားတာမျိုး မဖြစ်နိုင်ပါဘူး။

Leather bag

– Leather တွေနဲ့ လုပ်ထားတဲ့ အိတ်တွေနဲ့ ဖိနပ်တွေကို မိုးရေတွေအများကြီး စိုလာတဲ့အခါ မပျက်စီးအောင် ထိန်းသိမ်းလို့ရတဲ့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အိတ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး ရက်အနည်းငယ်လောက် ခြောက်သွေ့တဲ့ နေရာမျိုးမှာ ထားပေးတာမျိုး ၊ လေအေးပေးစက်ရှိတဲ့အခန်းထဲမှာ စိုစွတ်မှုတွေ ခြောက်သွေ့သွားအောင် ထားပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

– တချို့တွေက Leather ဖိနပ်တွေနဲ့ အိတ်တွေကို မိုးရေတွေ၊ ရေတွေ စိုရွှဲလာတဲ့အခါ ခြောက်သွေ့ချင်ဇောအားကြီးပြီး အပူပေးစက်တွေနား ထားတာမျိုး ၊ နေရောင်တိုက်ရိုက်ပြတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလိုလုပ်တာက တကယ်ကို မှားတဲ့အပြုအမူပါ။ ဘာကြောင့်လဲဆိုတော့ Leather အိတ်တွေနဲ့ ဖိနပ်တွေမှာ သဘာဝအဆီဆိုပြီး ထွက်ရှိတာမျိုးရှိတဲ့အတွက် နေရောင်ေွတနဲ့ အပူပေးစက်တွေနားမှာ ထားလိုက်ရင် အဲဒီအဆီတွေ ခန်းခြောက်သွားကြာ မွဲခြောက်ြခောက်ကြီး ဖြစ်သွားစေပါတယ်။ အဲဒီနေရာတွေမှာ ကြာကြာသာထားမိမယ်ဆိုရင် Leather သားတွေ မာလာပြီး အလွယ်တကူ အက်ကွဲလာကာ အဖတ်တွေလှန်ပြီး ပျက်စီးသွားနိုင်ပါတယ်။

– လူတွေရဲ့မျက်နှာအသားအရေဟော အစိုဓာတ်ရရှိဖို့ လိုအပ်သလိုမျိုး Leather တွေကလည်း အစိုဓာတ်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်က Leather အိတ်တွေနဲ့ ဖိနပ်တွေကို ဈေးကြီးပေးပြီး ဝယ်ကိုင်ထားတယ်ဆိုရင် အဲ့ Leather တွေမှာ သုံးပေးရတဲ့ Cream တွေနဲ့ Wax တွေကိုတော့ ဝယ်ဖို့ ငွေကို ရင်နှီးမြှုပ်နှံ့ပေးသင့်ပါတယ်။ ဒီလိုရင်နှီးမြှုပ်နှံမှသာ ကိုယ်ကလေးလေးတွေလို ဖြစ်နေတဲ့ အရာလေးတွေ ပျက်စီးသွားတာကြောင့် ကြေကွဲရတာမျိုး မဖြစ်မှာပါ။

Protect Leather from rain Drop

– ရေတွေနဲ့ မိုးရေတွေ စိုထားတဲ့ Leather တွေ ခြောက်သွားရင် Leather တွေမှာ သုံးပေးရတဲ့ Cream အနည်းငယ်ကို ယူပြီး နူးညံ့တဲ့ အဝတ်စလေးသုံးကာ အားဖြည့်တဲ့အနေနဲ့ ပြန်လည် သုတ်လိမ်းပေးပါ။ အဲဒီလိုလေး ပြန်လည်သုတ်လိမ်းပေးမှ Leather တွေမှာ ထွက်တဲ့ သဘာဝအဆီတွေ ပြန်လည် ထွက်လာနိုင်ပြီး သဘာဝအတိုင်း တောက်ပြောင်နေကာ အချိန်မတိုင်ခင် ပျက်စီးတာမျိုး မဖြစ်တော့မှာပါ။ ရေစိုလာလို့ ခြောက်သွေ့အောင် သုတ်မယ်ဆိုရင်လည်း နူးညံ့ခြောက်သွေ့တဲ့ အဝတ်စနဲ့ပဲ သာသာယာယာလေးသုတ်ပေးဖို့ လုံးဝမမေ့ပါနဲ့။

Care of Leather

ဒီအချက်တွေကိုသာ ကောင်းကောင်းအသုံးချရင် ကိုယ်ကိုင်ချင်၊ ဝတ်ချင်တဲ့ Leather နဲ့ လုပ်ထားတဲ့ အိတ်တွေ၊ ဖိနပ်တွေကို တဝကြီး စိတ်ချလက်ချ ကိုင်ခွင့်၊ ဝတ်ခွင့်ရမှာပါနော်။ ကိုယ်တွေလိုမျိုးပဲ Leather ကြိုက်တဲ့ သူငယ်ချင်းတွေရှိရင်လည်း သူတို့လည်း မိုးရာသီမှာ စိတ်ချလက်ချ ကိုင်နိုင်ပြီး မော်ကြွားနိုင်စေဖို့ လက်တို့ပြီး ပြောပြပေးလိုက်ဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)