Dota 2 က LoL, CSGO တို့ထက် ကစားရ ပိုမို ခက်ခဲကြောင်း ပြောကြားသွားခဲ့တဲ့ နာမည်ကျော် CSGO ကစားသမားဟောင်း Zeus

Dota 2 က LoL, CSGO တို့ထက် ကစားရ ပိုမို ခက်ခဲကြောင်း ပြောကြားသွားခဲ့တဲ့ နာမည်ကျော် CSGO ကစားသမားဟောင်း Zeus

ပရိုဖက်ရှင်နယ် LoL ကစားသမား တစ်ဦးဖြစ်သူ Doublelift ရဲ့ LoL က Dota 2 ထက် ကစားရ ပိုမို ခက်ခဲကြောင်း ပြောဆိုချက်ကနေ စတင်ကာ နာမည်ကျော် Dota 2 ကစားသမားတွေ၊ LoL ကစားသမားတွေ အကြား စကားစစ်ပွဲတွေ အချိန်တစ်ခု ကြာမြင့်တဲ့အထိ ပြင်းထန်လို့ သွားခဲ့ပါတယ်။

Zeus

လက်ရှိအချိန်မှာ LoL vs Dota 2 တိုက်ပွဲတွေ ငြိမ်သက်စ ကာလကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပေမယ့် နာမည်ကျော် CSGO ကစားသမားဟောင်း တစ်ဦးဖြစ်သူ Zeus ကတော့ Dota 2 က LoL, CSGO တို့ထက် ကစားရ ပိုမို ခက်ခဲကြောင်း ဝန်ခံသွားခဲ့ပါတယ်။ Navi, Gambit စတဲ့ CSGO အသင်းတွေနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ Zeus အနေနဲ့ ၂၀၁၉ ခုနှစ် ၉ လပိုင်းမှာ ပရိုဖက်ရှင် CSGO ကစားသမား ဘဝကနေ အနားယူလို့ သွားခဲ့ပါတယ်။

Zeus အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက Autobiography စာအုပ်ဖြစ်တဲ့ Against All Odds: The Way To Victory စာအုပ် မိတ်ဆက်ခြင်းနဲ့အတူ Reddit မှာ အမေးအဖြေ ကဏ္ဍတစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါ ကဏ္ဍမှာ ပရိသတ် တစ်ဦးက နာမည်ကျော် Esports ဂိမ်းတွေဖြစ်တဲ့ Dota 2, LoL, Overwatch, Hearthstone, CSGO တို့မှာ ဘယ်ဂိမ်းက ကစားရ အခက်ခဲဆုံးလို့ ထင်မြင်မိလဲဆိုပြီဂ Zeus ကို မေးမြန်းခဲ့ပါတယ်။

အဆိုပါ မေးခွန်းနဲ့ ပတ်သတ်ပြီး Zeus ကတော့ အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော့် အမြင်ကတော့ Dota 2 နဲ့ LoL တို့က ကစားရ အခက်အခဲဆုံး ဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်ကတော့ Dota 2 က အခက်အခဲဆုံးလို့ ထင်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Dota 2 က လေ့လာရ အခက်အခဲဆုံး ဖြစ်မယ်လို့ ထင်မိလို့ပါပဲ။”

Zeus

လက်ရှိအချိန်မှာ Dota 2 နဲ့ LoL အကြား တိုက်ပွဲတွေက စစ်အေးကာလမှာ ရပ်တန့်လျက် ရှိတာကြောင့် Zeus ရဲ့ မှတ်ချက်ကြောင့် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လားမလား Dota 2 နဲ့ LoL အကြား တိုက်ပွဲတွေထဲ CSGO, Overwatch အကျော်အမော် ကစားသမားတွေပါ ဝင်ရောက် လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ