ခြေထောက်တွေသွေးကြောဖောင်းတွန့်မှုတွေဖြစ်လာရင်ဘာလေ့ကျင့်ခန်းလုပ်မလဲ

ခြေထောက်တွေသွေးကြောဖောင်းတွန့်မှုတွေဖြစ်လာရင်ဘာလေ့ကျင့်ခန်းလုပ်မလဲ

တစ်နေကုန်လုပ်ရှားမှုမှရှိပဲကွန်ပျူတာရှေ့မှာထိုင်နေတာမျိုးဖြစ်ဖြစ်ခန္ဓာကိုယ်ကလေးလံပြီးတော့ခြေထောက်ကိုသွေးတွေစုပြီးရောက်လာတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းကကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့အပြင်ကိုယ်အလေးချိန်ကိုလည်းထိန်းပေးနိုင်ပါတယ်။  အခုပြောပြမဲ့လေ့ကျင့်ခန်းတွေကခြေထောက်သွေးကြောဖောင်းကားတွန့်ခေါက်တာတွေကိုလည်းသက်သာစေတဲ့အတွက်အခုလိုအိမ်မှာနေရင်းအချိန်တွေမှာလည်းလေ့ကျင့်ပေးသင့်ပါတယ်နော်။
စက်ဘီးစီးလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းလေးက ကြွက်သားတွေကို လှုံဆော်ပေးတဲ့အပြင်သွေးစီးဆင်းမှုကိုလည်းမှန်ကန်စေပါတယ်။ဘာအကူကိရိယာမှမလိုတဲ့အပြင်လုပ်ရတာကလည်းလွယ်ကူပါတယ်။ခြေထာက် ၂ချောင်းကိုလေထဲမှာ ၉၀ ဒီဂရီမြှောက်ပြီးပက်လက်အိပ်လိုက်ပါ။ပြီးရင်ဘယ်ခြေထောက်ကိုကွေးပြီးညာခြေထောက်ကိုလည်းဖြည်းဖြည်းချင်းကန်ထုတ်လိုက်ပါ။ညာခြေထောက်ကိုမူလနေရာပြန်ထားပြီး နောက်တစ်ဖက်ပြောင်းလိုက်ပြီး စက်ဘီးနင်းတဲ့ပုံစံမျိုးလေ့ကျင့်ပေးရပါမယ်။

Photo Credit -reddy


ခြေထောက်မြှောက်လေ့ကျင့်ခန်း
ခြေထောက်မြှင့်လေ့ကျင့်ခန်းက  ကိုယ်အိမ်ရဲ့နံရံကိုခြေထောက်နှစ်ဖက်ထောင်ပြီးမြှောက်ထားပေးရင်တောင်ရပါပြီ။ ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးပြန့်ကြောဖောင်းတွန့်တာတွေ၊ ခြေထောင်ဖောရောင်တာတွေ၊ကိုက်ခဲတာတွေကိုအထူးသက်သာစေပါတယ်။မိနစ်အနည်းငယ်ထားပြီးနေ့တိုင်းလေ့ကျင့်ပေးဖို့တော့လိုပါတယ်။

Photo Credit -Yoga


Lunges လေ့ကျင့်ခန်း

Lunges လေ့ကျင့်ခန်းက ခြေထောက်ကြွက်သားတွေအပြင် နှလုံးအတွင်းသွေးရောက်ရှိမှုပိုများနိုင်ပါတယ်။နှလုံးအတွက်သွေးပြန်ကြောတွေကိုသန်မာစေနိုင်ပါတယ်။ လက်နှစ်ဖက်ကိုခါးမှာထောက်ပြီး ရပ်ပေးပါ။ ပြီးရင်ဘယ်ခြေထောက်ကိုရှေ့တစ်လှမ်းတိုးလိုက်ပါ။ ခါးမတ်မတ်ရပ်ပြီး ဘယ်ဘက်ဒူးခေါင်းကိုကွေးလိုက်ပါ။ဘယ်ဒူးခေါင်းကို ၉၀ဒီဂရီရောက်တဲ့အထိကွေးပြီး ပြန်ပြီးပြန်လုပ်ပေးရပါမယ်။

Photo Credit -Momeo

Kelly - Akhayar Lifestyle