ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ဒုတိယမြောက် Major ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ တရုတ် Dota 2 အသင်းများ

ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ဒုတိယမြောက် Major ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ တရုတ် Dota 2 အသင်းများ

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ပြိုင်ပွဲကြီးဖြစ်တဲ့ DreamLeague Season 13 Leipzig Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် ဒေသတွင်း လက်ရည်စစ်ပွဲတွေကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

ယခုအခါမှာတော့ တရုတ်နိုင်ငံ ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ဒုတိယမြောက် Major ပြိုင်ပွဲကြီးကို တက်လှမ်းနိုင်ခဲ့တဲ့ Dota 2 အသင်းတွေ‌ ပေါ်ထွက်လို့လာခဲ့ပြီ ဖြစ်ပါတယ်။ DreamLeague Season 13 တရုတ် ဒေသတွင်း လက်ရည်စစ်ပွဲမှာ ပရိုဖက်ရှင်နယ် Dota 2 အသင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဆိုပါ Dota 2 အသင်း ၁၀ သင်းကို အုပ်စု နှစ်စု ခွဲခြား သတ်မှတ်ကာ ယှဉ်ပြိုင်ခိုင်းခဲ့တာ ဖြစ်ပြီး အုပ်စုအေမှာ EHOME, Vici Gaming, Look for Smile, Newbee, Dark Night၊ အုပ်စုဘီမှာ Team Aster, Invictus Gaming, CDEC Gaming, Royal Never Give UP, Revie တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Invictus Gaming

အုပ်စု တစ်စုစီမှ ထိပ်ဆုံး အသင်း ၂ သင်းဆီ Playoff အဆင့်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပြီး အဆိုပါ အသင်း (၄) သင်းထဲမှ (၃) သင်းအနေနဲ့ DreamLeague Season 13 Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အုပ်စုတွင်း ပွဲစဉ်တွေက စတင်ကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အုပ်စုတွင်း ပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာတော့ အုပ်စုအေမှ EHOME နဲ့ Vici Gaming၊ အုပ်စုဘီမှ Team Aster နဲ့ Invictus Gaming တို့ အနေနဲ့ Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။ Playoffs အဆင့် ပွဲစဉ်တွေမှာ Ehome အနေနဲ့ Dota Summit 11 Minor ချန်ပီယံ Invictus Gaming နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး Team Aster ကတော့ MDL Chengdu Major မှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Vici Gaming နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor, Major ပြိုင်ပွဲတွေမှာ ပထမဆု၊ ဒုတိယဆုတွေကို အသီးသီး စွတ်ခူးနိုင်ခဲ့ကြတဲ့ အသင်းတွေ ဖြစ်တာနဲ့အညီ Playoffs အဆင့် ပွဲစဉ်တွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသကာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး Invictus Gaming နဲ့ Vici Gaming တို့ အနေနဲ့ ဒုတိယမြောက် Major ပြိုင်ပွဲကြီးဖြစ်တဲ့ DreamLeague Season 13 Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

Vici Gaming

Playoffs အဆင့်မှာ ရှုံးနိမ့်ခဲ့ကြတဲ့ အသင်းတွေဖြစ်တဲ့ Team Aster နဲ့ EHOME တို့ အနေနဲ့ နောက်ဆုံး လက်ကျန် တစ်နေရာစာ အတွက် ဆက်လက် တိုက်ပွဲဝင်ကြရာမှာ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major မှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ခြင်း မရှိတာကြောင့် SEA ဒေသတွင်း နာမည်ကျော် ကစားသမား Nothing To Say, တရုတ်နိုင်ငံတွင်း နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Sylar တို့ကို ထပ်မံ ခေါ်ယူပြီး အားအင် ဖြည့်တင်းထားခဲ့တဲ့ EHOME Dota 2 အသင်း အနေနဲ့ Newbee Dota 2 အသင်းနဲ့အတူ The International 2017 မှာ ဒုတိယဆုကို ရယူနိုင်ခဲ့တဲ့ Sccc ပါဝင်တဲ့ Team Aster ကို ယှဉ်နိုင်ခဲ့ခြင်း မရှိတာကြောင့် ၂ ပွဲပြတ် ရလဒ်ဖြင့် ရှုံးနိမ့်ကာ DreamLeague Season 13 Leipzig Major မှာ တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို စွန့်လွှတ်ခဲ့ရပါတယ်။

Team Aster

တရုတ်နိုင်ငံ ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် DreamLeague Season 13 Leipzig Major မှာ တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Vici Gaming
  • Invictus Gaming
  • Team Aster

EHOME Dota 2 အသင်း အနေနဲ့ Playoffs အဆင့်မှာ ရှုံးနိမ့်ခဲ့ပေမယ့် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Minor ပြိုင်ပွဲဖြစ်တဲ့ WePlay! Bukovel Minor တရုတ် ဒေသတွင်း လက်ရည်စစ်ပွဲမှာ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိထားတာကြောင့် တကယ်လို့သာ လက်ရည်စစ်ပွဲမှာ အောင်မြင်ပြီး WePlay! Bukovel Minor ပြိုင်ပွဲကို တက်ရောက်ခွင့် ရရှိခဲ့တဲ့အပြင် WePlay! Bukovel Minor ပြိုင်ပွဲမှာပါ အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ DreamLeague Season 13 Leipzig Major ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်တာကြောင့် EHOME Dota 2 အသင်း အနေနဲ့ WePlay! Bukovel Minor ဒေသတွင်း လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle