အစွန့်ပစ်ခံ ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့တဲ့ Dota2 အသင်း LGD.International

အစွန့်ပစ်ခံ ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့တဲ့ Dota2 အသင်း LGD.International

နာမည်ကျော် Esports အဖွဲ့အစည်း LGD အနေနဲ့ တရုတ်နိုင်ငံ ပြင်ပ နိုင်ငံတကာ ကစားသမားတွေ ပါဝင်တဲ့ LGD.International Dota2 အသင်းကို 2019-2020 DPC ရာသီစတင်ပြီး သိပ်မကြာခင် အချိန်တစ်ခုဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

Black (Mid)

LGD.Int Dota2 အသင်း အနေနဲ့ ထင်မှတ်ထားသလို ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် ESL One LA Major အရှေ့တောင်အာရှ ဒေသတွင်း လက်ရည်စစ်ပွဲမှာလည်း စောစီးစွာ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။ ESL One LA Major လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားစဉ် အချိန်က စတင်ပြီး လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ ရှာဖွေလျက်ရှိတဲ့ LGD.Int Dota2 အသင်း အနေနဲ့ Mid Lane နဲ့ Carry Position အတွက် ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ahjit 

LGD.Int Dota2 အသင်းမှာ အသစ် ဝင်ရောက် ကစားသွားမယ့် ကစားသမား နှစ်ဦးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Black နဲ့ Ahjit တို့ပဲ ဖြစ်ပါတယ်။ Black အနေနဲ့ LGD.Int Dota2 အသင်းမှာ Mid Laner အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး Ahjit ကတော့ Carry ကစားသမား အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Dominik “Black” Reitmeier အနေနဲ့ T1 Dota2 အသင်းနဲ့ အတူ One Esports Dota2 Invitational Jakarta: Indonesia Qualifier မှာ တတိယ နေရာကို ရရှိခဲ့ပေမယ့်လည်း အသင်းကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ Black အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက One Esports မှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း မိမိနဲ့ ကိုက်ညီတဲ့ အသင်းကိုသာ တွေ့ရှိခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး Dota2 ကစားသမား နေရာကို ပြန်လည် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Ahjit

Lai “Ahjit” Jay Son အတွက်ကတော့ 2019-2020 DPC ရာသီက ကံဆိုးမှုတွေနဲ့သာ ပြည့်နှက်လျက်ရှိတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ Ahjit အနေနဲ့ 2019-2020 DPC ရာသီ စတင်ချိန်မှာ တရုတ်နိုင်ငံ အခြေစိုက် Dota2 အသင်း CDEC ကို ပြောင်းရွေ့သွားခဲ့ပေမယ့် တစ်လ အကြာမှာ PSG.LGD Dota2 အသင်းရဲ့ ခေါ်ယူမှုကို ခံယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း PSG.LGD Dota2 အသင်းမှာ အချိန်အားဖြင့် ရက်ပိုင်းခန့်သာ ကြာမြင့်ခဲ့ပြီး Ahjit တစ်ယောက် အသင်းကနေ ပြန်လည် ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။

ဒါကြောင့် LGD.Int Dota2 အသင်း အနေနဲ့ အစွန့်ပစ်ခံ ကစားသမားတွေဖြစ်တဲ့ Carry ကစားသမားဖြစ်သူ Ahjit နဲ့ Mid Lane ကစားသမားဖြစ်သူ Black တို့နဲ့ အတူ နောင်ကျင်းပသွားမယ့် ပြိုင်ပွဲသွားမှာ အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

LGD.INT

LGD.Int Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lai “Ahjit” Jay Son – Pos 1
  • Dominik “Black” Reitmeir – Pos 2
  • Wang “Gy” Kok – Pos 3
  • Pang “BrayaNt” Jian Zhe – Pos 4
  • Raymond “Rayy” Then Wan Jia – Pos 5
  • Chris “CTY” Francis Maldo – Coach

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle