TI 10 ကို ရှန်ဟိုင်းမြို့မှာ ကျင်းပဖို့ ကမ်းလှမ်းခဲ့ပေမယ့် Valve ဘက်က ငြင်းပယ်ခဲ့တာဖြစ်ကြောင်း LGD Gaming CEO ဖြစ်သူ Ruru ပြောကြား

TI 10 ကို ရှန်ဟိုင်းမြို့မှာ ကျင်းပဖို့ ကမ်းလှမ်းခဲ့ပေမယ့် Valve ဘက်က ငြင်းပယ်ခဲ့တာဖြစ်ကြောင်း LGD Gaming CEO ဖြစ်သူ Ruru ပြောကြား

တရုတ် Dota2 လောကမှာ မသိသူမရှိသလောက်ကို ထင်ရှားကျော်ကြားတဲ့ LGD Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Pan “Ruru” Jie ကတော့ The International 2020 (TI 10) နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ဖွင့်ဟသွားခဲ့ပြီ ဖြစ်ပါတယ်။ Ruru ဆိုတာကတော့ LGD Gaming, VPGame, VPEsports စတဲ့ တရုတ် အခြေစိုက် Esports အဖွဲ့အစည်း အများစုရဲ့ ပိုင်ရှင်တစ်ဦး ဖြစ်သလို တရုတ် Esports လောကမှာ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

Ruru ရဲ့ အဆိုအရ ရှန်ဟိုင်း အစိုးရ အဖွဲ့အစည်း အနေနဲ့ LOL World Championship ပြိုင်ပွဲနည်းတူ TI 10 ပြိုင်ပွဲကြီးကိုလည်း ရှန်ဟိုင်းမြို့တော်မှာ ကျင်းပခွင့် ရရှိရေး အတွက် Valve ဘက်ကို အဆိုပြုလွှာ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်လည်း Valve ဘက်ကတော့ အဆိုပါ တောင်းဆိုချက်ကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပါတယ်။

TI 10 ပြိုင်ပွဲကို မူလ ပထမက ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ အတွင်းမှာ ဆွီဒင်နိုင်ငံ၊ Stockholm မြို့တော်မှာ ကျင်းပသွားဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် TI 10 ပြိုင်ပွဲကျင်းပမယ့် နေ့ရက်ကို Valve အနေဲ့ အကန့်အသတ်မရှိ ရွေ့ဆိုင်းသွားခဲ့ပါတယ်။

ဒါကြောင့် TI 10 ပြိုင်ပွဲကို သတ်မှတ်ထားတဲ့ အချိန်အတွင်း အဆင်ပြေပြေ ကျင်းပနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ရှန်ဟိုင်းအစိုးရ အဖွဲ့အစည်း အပြင် PerfectWorld ရဲ့ CEO ဖြစ်သူ Dr.Xiao တို့ အနေနဲ့ TI 10 ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော်မှာ ကျင်းပနိုင်ကြောင်း၊ လိုအပ်တဲ့ အကူအညီအားလုံးကို ရှန်ဟိုင်းအစိုးရဘက်မှ ပေးသွားမှာဖြစ်ကြောင်း အဆိုပြုလွှာ ပေးပို့ပေးခဲ့ပေမယ့်လည်း Valve ဘက်ကတော့ လုံးဝ လက်ခံခြင်း မရှိခဲ့ပါဘူး။

Valve ဘက်ကတော့ Esports လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The International ပြိုင်ပွဲကို ပရိသတ်တွေ ပါဝင်ခြင်း မရှိဘဲ ကျင်းပသွားဖို့ စိတ်ကူးထားခြင်း မရှိတာကြောင့် အခုလို ငြင်းပယ်ခဲ့ရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Valve ရဲ့ နောက်ဆုံး ထုတ်ပြန် ကြေညာချက်များအရ DPC ရာသီကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလမှသာ ပြန်လည် စတင်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် TI 10 ပြိုင်ပွဲကြီးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကျမှသာ မူလစီစဉ်ထားတဲ့အတိုင်း ဆွီဒင်နိုင်ငံ၊ Stockholm မြို့တော်မှာ ကျင်းပသွားဖွယ် ရှိပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle