အလုပ်များတဲ့မေမေတွေ လှနေစေဖို့ ဘယ်လိုနည်းလမ်းကောင်းတွေ သုံးကြမလဲ

အလုပ်များတဲ့မေမေတွေ လှနေစေဖို့ ဘယ်လိုနည်းလမ်းကောင်းတွေ သုံးကြမလဲ

မိန်းမမှန်ရင် အလှအပမကြိုက်တဲ့ မိန်းကလေးဆိုတာ မရှိပါဘူးနော်။ မိခင်တစ်ဦးဖြစ်လာတဲ့အခါမှာ ကလေးအလုပ်တွေ ၊ မိသားစုအလုပ်တွေနဲ့ ရှုပ်နေလို့ အလှအပကို ဘေးချိတ်ထားရတဲ့ မေမေတွေရှိကြမှာပါ။ အလှအပကို ဘေးချိတ်ထားရတဲ့ မေမေတွေအနေနဲ့ မှန်ကြည့်တိုင်း စိတ်ပျက်ရတဲ့ အချိန်တွေလည်း ရှိမှာပါနော်။ အဲဒီလို စိတ်ပျက်နေတာမျိုးမဖြစ်စေဖို့ အလုပ်ရှုပ်တဲ့မေမေတွေ အချိန်အများကြီးပေးစရာမလိုဘဲနဲ့ လှပကြည့်ကောင်းအောင် လုပ်လို့ရမယ့် အလှအပ နည်းလမ်းကောင်းတွေ ပြောပြပေးမယ်ဆို ပျော်သွားကြမယ်မှတ်လား။ လှပနေရင် ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ရသလို ကိုယ်အမျိုးသားဆီကနေ အချစ်ခံရပြီး အိမ်ထောင်ရေးလည်း သာယာပျော်ရွှင်မှာမို့ ဖတ်ကြည့်ပြီး လက်တွေ့ကျင့်သုံးကြည့်ပါနော်။


အိပ်ခါနီးအုန်းဆီသုံးပေးပါ


အချိန်တိုင်းလှပနေအောင် ပြင်ဖို့အချိန်မရှိဖူးဆိုရင် နဂိုကိုယ်အသားအရေကို လှပအောင် လုပ်ထားဖို့တော့ လိုတာပါနော်။ အသားအရေလှတယ်ဆိုတာက အသားအရမ်းခြောက်တာမျိုးမရှိဘဲ စိုစိုပြေပြေလေး ဖြစ်နေတာမျိုးပါ။ အသားအရေအရမ်းမခြောက်နေဖို့အတွက်ဆို ညအိပ်ခါနီးတိုင်း Night Cream အစား အုန်းဆီကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ဆံပင်ကိုလည်း ညအိပ်ခါနီးတိုင်း အုန်းဆီလိမ်းပေးနိုင်ရင် ကောင်းပါတယ်။ အဲဒီလို လိမ်းပေးရင် နောက်နေ့မနက်မှာ နူးညံ့စိုပြေတဲ့ အသားအရေနဲ့ နူးညံ့ပျောင့်ပျောင်းတဲ့ ဆံပင်ကို ရရှိပိုင်ဆိုင်မှာပါ။ ဆံပင်ကို ပုံမှန်အုန်းဆီလိမ်းပေးနိုင်ရင် အသက်ကြီးတဲ့အထိ ဆံသားတွေ ကောင်းနေမှာပါ။

လက်သည်းနီဆိုးတဲ့အဆင့်ကျော်လိုက်ပါ


လက်သည်းမှာ လက်သည်းနီတစ်ဝက်တစ်ပျက်ကြီး ဖြစ်နေတာထက်စာရင် ဘာမှမဆိုးတာထားက ပိုကြည့်ကောင်းတာမို့ လက်သည်းကို ထိန်းသိမ်းဖို့ အချိန်မရှိရင် ပြောင်လေးပဲ ထားပါနော်။ အချိန်ရရင်တော့ လက်သည်းကို ပုံသေချာသွင်းညှပ်ပြီး တံစဉ်းနဲ့တိုက်ကာ ရေဓာတ်လေး ဖြည့်ပေးပါ။

မျက်ခုံးမွှေးပုံဖော်တာအိမ်မှာပဲလုပ်ပါ


မျက်ခုံးမွှေးပုံကျနေမှ မျက်ခုံးမွှေးဆွဲရင် လှတာမို့ မျက်ခုံးမွှေးကို ဆိုင်မှာသွားပြီး ပုံဖော်ဖို့ အချိန်မရဘူးဆိုရင် အိမ်မှာပဲ ပုံကျအောင် လုပ်ပါ။ ဆိုင်သွားပြီး မလုပ်နိုင်လို့ အိမ်မှာ ပုံကျအောင် ထိန်းသိမ်းမယ်ဆိုရင် မျက်ခုံးမွှေးအသစ်တွေထွက်လာတာနဲ့ နုတ်နုတ်ပေးပါ။ အခုခေတ် ဆိုင်တော်တော်များများမှာလည်း ဘရိတ်ဓားထည့်ပြီး မျက်ခုံးမွှေးပုံသွင်းလို့ရတဲ့ကိရိယာလေးတွေ ရောင်းနေတော့ ဝယ်ထားပြီး ကိုယ်တိုင်သွင်းကြည့်လို့ ရပါတယ်။

Waxing ကိုလည်း အိမ်မှာပဲလုပ်ကြည့်ပါ


အမေတွေဖြစ်လာရင် အဓိကပြဿနာက အပြင်ထွက်ဖို့ အချိန်မရှိတာပါ။ အပြင်ထွက်ဖို့ မရှိပေမယ့် သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင် အိမ်မှာနေပြီး လုပ်လို့ရပါတယ်။ ခြေသလုံးက အမွှေးတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ Waxing လုပ်တာမှ မဟုတ်ဘဲ Waxing နဲ့တူတာမျိုး အိမ်မှာ လုပ်လို့ရပါတယ်။ အဲဒါကတော့ Razor ကို သုံးပြီး ဖယ်ရှားတာပါ။ အစိုဓာတ်တစ်ခုခု (သို့) ဆံပင်ပျော့ဆေးကို အမွှေးရိတ်မယ့်နေရာပေါ် လိမ်းပေးလိုက်ရင် ရိတ်ရတာ ပိုလွယ်ကူပါတယ်။ Razor ကိုမသုံးချင်ဘူးဆိုရင်လည်း အမွှေးတွေကို ဖယ်ရှားလို့ရတဲ့ Epilators စက်လေးကိုသုံးလိုက်ရင် Wax လုပ်ထားသလိုမျိုး ပြောင်ချောချောလေး ဖြစ်သွားမှာပါနော်။ Epilators စက်လးကို သုံးရင် အချိန်ကုန်လည်း သက်သာစေလို့ အိမ်မှာ ဆောင်ထားလိုက်ပါနော်။

Sheet Mask လေးကပ်ပေးပါ


မျက်နှာကို ဆိုင်မှာသွားပြီး ပေါင်းတင်တာတို့ အဆိပ်ထုတ်တာတို့ လုပ်ဖို့အချိန်မရှိဘူးဆိုရင် Peeling လုပ်လို့ရတဲ့ အထုပ်လေးတွေပါ ပါတဲ့ Mask လေးတွေကို ဝယ်ပြီး အိမ်မှာ ပေါင်းတင်လို့ ရပါတယ်။ Sheet Mask လေးတွေအတွက်သာ ငွေကို ရင်နှီးမြှုပ်နှံထားမယ်ဆိုရင် အချိန်မရှိရှိအောင် ရှာပြီး ဆိုင်သွားနေစရာ မလိုတော့ပါဘူး။ကလေးကို သိပ်ရင်နဲ့ တစ်ရေးတမောအိပ်တဲ့ အချိန်မျိုးမှာ Sheet Mask လေးကပ်ထားပြီး အနားယူလို့ ရပါတယ်။ အဲဒီလို Sheet Mask ကပ်ပေးတာကလည်း အသားရေကို ရေဓာတ်ဖြည့်ပေးတာမျိုး ဖြစ်လို့ တင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

BB Cream ၊ CC Cream သုံးပါ


လူပင်ပန်းတဲ့အခါ အသားအရေကလည်း ထိခိုက်နေနိုင်တာမို့ အဲဒီလိုအချိန်မျိုး အပြင်သွားမယ်ဆိုရင် ချောမွေ့တောက်ပြောင်တဲ့ အသားအရေကို ဖန်တီးနိုင်ဖို့ CC Cream (သို့) BB Cream ကိုသာ လိမ်းလိုက်ပါ။ အဲဒီထဲမှာ Moisture Effect ရော Color Corrector Effect ပါ ပါလို့ ကျန်းမာတဲ့ အသားအရေကို တစ်ခဏအတွင်း ရရှိသွားပါလိမ့်မယ်။

Lip Tint ကို အသုံးပြုပေးပါ


မျက်နှာကို သဘာဝကျကျလေးနဲ့ လှချင်တယ်ဆိုရင် Lipstick (သို့) Lip Tint ကိုသာ ဆောင်ထားလိုက်ပါ။ CC Cream (သို့) BB Cream လိမ်းပြီးသွားလို့ ဘာမှ မလိမ်းချင်ရင်တောင် နှုတ်ခမ်းပေါ်မှာ Lip Tint လေးကိုတော့ လိမ်းပေးလိုက်ပါ။ အဲဒီလိုလေး လိမ်းလိုက်မယ်ဆိုရင် လူပုံစံက လန်းလန်းဆန်းဆန်း ရှိတဲ့အသွင်ဖြစ်သွားပြီး ငယ်ရွယ်တဲ့ ပုံစံပေါက်သွားပါလိမ့်မယ်။

မပြုပြင် မထိန်းသိမ်း ပုံမသွင်းရတဲ့ ဆံပင်မျိုးညှပ်ပါ


ကလေးတစ်ဖက် ၊ အလုပ်တစ်ဖက် ၊ မိသားစုတစ်ဖက်နဲ့ ဗျာများနေလို့ ဆံပင်ကို ထိန်းသိမ်းဖို့ အချိန်မရှိဘူးဆိုရင် ဆံပင်ကို ထိန်းသိမ်းရလွယ်ကူတဲ့ ပုံစံမျိုး ညှပ်ထားလိုက်ပါ။ အခုခေတ်ကလည်း အတိုခေတ်ဖြစ်နေတော့ ပုံသွင်းစရာမလိုတဲ့ အတိုပုံစံမျိုးကို ကိုယ်မျက်နှာကျနဲ့ လိုက်ဖက်တာ ရှာပြီး ညှပ်ထားလိုက်ပါ။ အဲဒါဆို ခေါင်းလျှော်ရလို့ ကုန်တဲ့အချိန်တွေ၊ ခေါင်းလျှော်ဆိုင်သွားရလို့ ကုန်တဲ့ ပိုက်ဆံတွေ၊ အခြောက်ခံဖို့ ပေးရတဲ့အချိန်တွေ အစရှိသဖြင့် အချိန်ပိုတွေနဲ့ ငွေပိုတွေပါ ထွက်လာပါလိမ့်မယ်။

နည်းလမ်းကောင်းတွေကိုတော့ ပြောပြပေးလိုက်ပြီးဆိုတော့ မေမေတွေ အချိန်တိုင်းလှဖို့က ဒီနည်းလမ်းတွေကို အသုံးချဖို့တော့ လိုပါတယ်နော်။ ကဲ…အချိန်ဆွဲမနေနဲ့တော့ ဒီနေ့ကစပြီး အသုံးချလိုက်တော့နော်။
H.H(Akhayar)
Photo Credit: media.femalemag.com.sg, Skincare.com , theclassytime.com
Reference: timesofindia.indiatimes.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle