ကားစီးရင်းကုန်ဆုံးနေတဲ့ နှမြောစရာအချိန်တွေကို လျစ်လျူမရှုပါနဲ့တော့

ကားစီးရင်းကုန်ဆုံးနေတဲ့ နှမြောစရာအချိန်တွေကို လျစ်လျူမရှုပါနဲ့တော့

တစ်နေ့တစ်နေ့မနက်အိပ်ရာနိုးလာတဲ့အခါ ဒီနေ့ကိုတော့ အကျိုးရှိရှိဖြတ်သန်းမယ်ကွာဆိုတဲ့ အတွေးဝင်ဖူးလား။ တခြားသူတွေတော့မသိဘူး ကိုယ့်မှာတော့ အဲဒီလိုအတွေးဝင်တဲ့မနက်ခင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့နေ့ရက်တွေက အကျိုးမရှိဘဲ ကုန်ဆုံးသွားတာများတယ်။ အဲဒါဘာလို့လဲဆိုတော့ အတွေးပဲရှိပြီး လက်တွေ့မှာအကောင်အထည်မဖော်နိုင်လို့ ၊ အကောင်အထည်ဖော်ဖို့ အချိန်မရလို့ပါ။
ကိုယ်ဆိုအရင်က တစ်ပတ်ကိုစာအုပ် ၃ အုပ် လောက်တော့ အနည်းဆုံးဖတ်ဖြစ်တယ်။ ဒါပေမယ့် အလုပ်စဝင်ပြီးနောက်ပိုင်းမှာ စာအုပ်ဖတ်တဲ့အကျင့်လေးပျောက်ဆုံးလာခဲ့တယ်။ ဒါနဲ့ကိုယ့်ကိုယ်ကိုယ်ပြန်ပြောတာပေါ့။ ငါအရင်လိုပဲစာပြန်ဖတ်တော့မယ်ဆိုပြီး။ စိတ်ထဲမှာတော့တေးထားပေမယ့် အလုပ်အသွားအပြန်နဲ့ပဲ အချိန်တွေကုန်နေတယ်။ အိမ်ပြန်ရောက်တဲ့အချိန်ဆို လူအိပ်ချိန်ဖြစ်နေပြီ။
အဲဒီအချိန်မှာသိရက်နဲ့လျစ်လျူရှုထားမိတာလေးကို ပြန်သတိရလာတယ်။ ဘတ်စ်တွေ ၊ Taxi တွေစီးနေတာ တစ်နေ့ကိုလေးနာရီလောက်အချိန်ကုန်နေပါလား။ အဲဒီလေးနာရီအတွင်းဆို စာအုပ်တစ်အုပ်လောက်တော့ ဖတ်ပြီးလောက်ပြီဆိုတာကို သတိရလာတယ်။ ဒါကြောင့် ကားစီးရင်းကုန်နေတဲ့အချိန်တွေကို အသုံးချဖို့စိတ်ခွန်အားတွေရလာတယ်။
ကိုယ်တွေတစ်နေ့တစ်နေ့ ကားစီးရင်းကုန်နေတဲ့အချိန်တွေက အသွား ၂ နာရီ အပြန် ၂ နာရီလောက်တော့ရှိတာပဲ။ ဘတ်စ်စီးရင်တော့ ကားကြပ်လို့အချိန်ကို အကျိုးရှိရှိအသုံးချဖို့ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုလို့ရယ်တော့လည်း မဟုတ်ပါဘူး။

Photo Credit-Sheknows


Audio Book နားထောင်ပါ


ဘတ်စ်စီးရင်းစာဖတ်ချင်ပေမယ့် စာအုပ်ကြည့်ရင်ခေါင်းမူးတတ်တာကြောင့် စာဖတ်လို့မရဘူးဆိုပြီး လက်လျော့နေတာတွေကို ရပ်လိုက်ပါတော့။ ခေါင်းမူးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သက်ညှာနေမယ့်အစား Audio Book တွေ Download ဆွဲပြီးဖုန်းထဲကနေနားထောင်ပါ။ ဒီလိုဆိုရင်ကားပေါ်မှာ အလဟဿပိုသွားတဲ့ အချိန် ၂ နာရီလောက်က နှမြောစရာမဖြစ်တော့ဘူးပေါ့။
Facebook အစား YouTube ကြည့်ပါ ၊ Speech တွေနားထောင်ပါ
ကားပေါ်မှာခုံရပြီဆိုတာနဲ့ Facebook လေးပွတ်လိုက်ရမှ နေသာထိုင်သာရှိသွားတာတွေ မဖြစ်ပါစေနဲ့တော့။ Facebook မှာက ဗဟုသုတရစေမယ့်အရာတွေကို မြင်ရတာက တစ်ချိန်လုံး Feel နေတဲ့ Status တွေထက်နည်းပါတယ်။ ဒါကြောင့် ကားပေါ်မှာဖုန်းသုံးရင် YouTube ကေန Speech တွေနားထောင်တာ ၊ မဟုတ်ရင်လည်း TedTalk တို့ဘာတို့ကြည့်တာမျိုးကို ပိုပြီးဦးစားပေးလုပ်ပါ။


သီချင်းနားထောင်ရင်း Listening Skill တက်အောင်လုပ်ပါ


ကားစီးရင်းစိတ်အပန်းဖြေဖို့ သီချင်းနားထောင်တာကို Level ထပ်မြှင့်လိုက်ကြရအောင်လေ။ ခါတိုင်းဆို မြန်မာသီချင်းရော အင်္ဂလိပ်သီချင်းရော ကြုံတဲ့သီချင်းကြိုက်တဲ့သီချင်းတွေ ပတ်ပြီးနားထောင်နေတာမလား။ ဒီနေ့ကစပြီးတော့ အင်္ဂလိပ်သီချင်းပဲကားစီးရင်းနားထောင်ကြမယ်လေ။ ဒါဆို Listening Skill တွေတော်တော်တက်လာမှာသေချာပါတယ်။

တွေးတောပါ


အရာရာကအတွေးတွေနဲ့ပဲစတာလေ။ အတွေးမရှိရင် မီးလုံးတွေ ၊ ဖုန်းတွေ၊ ကားတွေ အိုပြောလို့မကုန်နိုင်တဲ့အရာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ကားစီးရင် အပြင်ကအိမ်တွေ ၊ အပင်တွေ ၊ ကားတွေကိုငေးတာ ကိုယ်တွေအကျင့်ပါပဲ။ အဲဒီလိုငေးရင်းအချိန်ကုန်နေမယ့်အစား အဲဒီအချိန်တွေမှာ အသုံးဝင်မယ့်အတွေးတွေ ၊ အကျိုးရှိမယ့်အတွေးတွေကို တွေးလိုက်ပါ။


Photo Credit-Digital

Observe လုပ်ပါ


အခုနကပြောသလိုပဲ ကားစီးရင်းအပြင်ကိုကြည့်မယ့်အစား ကားပေါ်ကလူတွေကိုကြည့်ပါ။ သူတို့ရဲ့ပြောပုံဆိုပုံတွေ ၊ နေပုံထိုင်ပုံတွေကိုကြည့်ပြီး သူတို့ရဲ့ဘဝတွေကို ခန့်မှန်းကြည့်ပါ။ ဒီနိုင်ငံမှာ ကိုယ်မဟုတ်တဲ့တခြားသူတွေ ဘဝကိုဘယ်လိုနေနေရတယ်ဆိုတာကို သိရတာကောင်းပါတယ်။ ကိုယ်ချင်းလည်းစာတတ်လာမယ် ၊ နားလည်မှုတွေလည်းရှိလာမယ်။ အဲဒါမကောင်းဘူးလား။
အခုတောင် ဒီဆောင်းပါးကို ကားစီးရင်းရေးခဲ့တာနော်။ သိဖို့။ ဒါကြောင့်လေ……..ကားစီးရင်းကုန်နေတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ပြောချင်ပါတယ်။
Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle