ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ Alliance Dota2 အသင်း CEO Loda

ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ Alliance Dota2 အသင်း CEO Loda

ပြီးခဲ့တဲ့ ရက်ပိုင်းက Alliance Dota2 အသင်း အနေနဲ့ အသင်းရဲ့ Captain ဖြစ်တဲ့ Adrain “Fata” Trinks နဲ့ Offlane ကစားသမား Neta “33” Shapira တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဆိုပါ ကစားသမား နှစ်ဦးကို ထုတ်ပယ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး Alliance Dota2 အသင်းရဲ့ CEO ဖြစ်သူ Jonathan “Loda” Berg အနေနဲ့ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

Fata and 33

“ကစားသမားတွေ အကြားမှာ စိတ်သဘောထား ကွဲပြားမှုတွေ ရှိနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့တွေ အချေအတင် စကားများတာတွေ၊ ရန်ဖြစ်တာတွေ မရှိခဲ့ပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး ခံယူချက် အပိုင်းမှာ ကွဲပြားမှုတွေ ရှိနေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရတယ်။

ဒါပေမယ့်လည်း ကစားသမားတွေ အကြား စိတ်သဘောထား ကွဲပြားမှုတွေကို ရာသီအစပိုင်းမှာ ကျွန်တော်တို့ ညှိနှိုင်းပေးနိုင်ခဲ့ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာခဲ့တာကြောင့် အခုလို Fata နဲ့ 33 တို့ကို ထုတ်ပယ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Loda

Fata နဲ့ 33 အပါအဝင် Alliance Dota2 အသင်းရဲ့ ကစားသမား အားလုံးဟာ တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အသင်းလိုက် ကစားရာမှာ အခက်အခဲတွေ ရှိလာခဲ့တာကြောင့် အခုလို အပြောင်းအလဲတွေ ပြုလုပ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် Loda အနေနဲ့ အသင်းရဲ့ ကပ္ပတိန်ဖြစ်တဲ့ Fata နဲ့ 33 တို့ကို ထုတ်ပယ်ဖို့ အတွက် အခြားသော ကစားသမား သုံးဦးရဲ့ သဘောထားကို အရင်ဆုံး မေးမြန်းခဲ့ကြောင်း၊ အဆိုပါ ကစားသမားတွေဘက် သဘောတူခဲ့တာကြောင့် အခုလို ထုတ်ပယ်ခဲ့တာဖြစ်ကြောင်း၊ ကစားသမားတွေရဲ့ ဆန္ဒမပါရှိဘဲ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့တာ မဟုတ်ကြောင်း တစ်ခါတည်း ရှင်းပြသွားခဲ့ပါတယ်။

Loda

လက်ရှိအချိန်မှာ Alliance Dota2 အသင်း အနေနဲ့ 33 ရဲ့ နေရာအတွက် ကစားသမားဟောင်းဖြစ်သူ S4 ကို ပြန်လည် ခေါ်ယူခဲ့သလို Fata နေရာအတွက် OG.Seed အသင်းရဲ့ Xibbe ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူပြီး ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ