Logitech နဲ့ နာမည်ကျော် ပရိဘောဂ ဘရန်း Herman Miller တို့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ ဒေါ်လာ ၁၅၀၀ တန် ဂိမ်းမင်းထိုင်ခုံ

Logitech နဲ့ နာမည်ကျော် ပရိဘောဂ ဘရန်း Herman Miller တို့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ ဒေါ်လာ ၁၅၀၀ တန် ဂိမ်းမင်းထိုင်ခုံ

နာမည်ကျော် ဂိမ်းမင်း ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချလျက်ရှိတဲ့ Logitech နဲ့ Luxury ပရိဘောဂ ဘရန်း Herman Miller တို့ ပူးပေါင်းပြီး Gaming Chair တစ်မျိုးကို ဖန်တီးလျက် ရှိတယ်လို့ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က စတင်ကာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဈေးကွက်အတွင်းမှာ ခေတ်စားနေတဲ့ အခြားသော Gaming Chair တွေနဲ့ ဒီဇိုင်း တူညီခြင်း မရှိတဲ့ Logitech x Herman Miller ဂိမ်းမင်း ထိုင်ခုံကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Logitech x Herman Miller ဂိမ်းမင်းထိုင်ခုံ ဆိုတာကတော့ Herman Miller ရဲ့ လူကြိုက်များတဲ့ Embody ထိုင်ခုံကို ဂိမ်မာတွေနဲ့ ကိုက်ညီအောင် ပြန်လည် ပြုပြင်ထားတဲ့ ထိုင်ခုံ တစ်မျိုးပဲ ဖြစ်ပါတယ်။

Logitech x Herman Miller ဂိမ်းမင်းထိုင်ခုံရဲ့ ရှေ့ဘက်မှာ Logitech လိုဂိုကို မြင်တွေ့ရမှာဖြစ်ပြီး နောက်ကျောမှာတော့ Logitech ဘရန်းရဲ့ အဓိက အရောင်ဖြစ်တဲ့ အပြာရောင်ကို အသုံးပြုပေးထားပါတယ်။ Logitech x Herman Miller ဂိမ်းမင်းထိုင်ခုံဟာ အခြားသော နာမည်ကျော် ဂိမ်းမင်းထိုင်ခုံတွေလို ခါးမီခေါင်းအုံးတွေ ပါဝင်ခြင်း မရှိပေမယ့်လည်း ဂိမ်မာတွေ အချိန်အကြာကြီး သက်သောင့်သက်သာ ထိုင်နိုင်စေဖို့ အတွက် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Logitech x Herman Miller ဂိမ်းမင်းထိုင်ခုံနဲ့ အတူ MOTIA Gaming Desk, OLLIN Monitor Arm တို့ကိုလည်း မိတ်ဆက် ပေးခဲ့တာဖြစ်ပြီး Logitech x Herman Miller ဂိမ်းမင်းထိုင်ခုံကို ကန်ဒေါ်လာ ၁၅၀၀၊ MOTIA Gaming Desk ကို ကန်ဒေါ်လာ ၁၃၀၀၊ OLLIN Monitor Arm ကို ကန်ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

REF: TechRadar

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle